နွားစား နှံစားပြောင်း/ဖူးပြောင်းစိုက်​ပျိုးခြင်း

26/08/2019 21:00 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

(၁) ​​မြေပြုပြင်​ခြင်း

   မြေကိုစနစ်တကျပြုပြင်ပါ။ ပေါင်းရှင်းရမည်။ ထယ်မထိုးမီ ပေါင်းသတ်ဆေးကို အညွှန်းအတိုင်းဖြန်းကာ ပေါင်းသတ်ပြီးမှ ထယ်ထိုးရမည်။ မြေပြင်ရာတွင် ထယ်ရေးကို နက်နက်ထယ်ပြီး ထွန်ရေးညက်ရန်အရေးကြီးသည်။ ထယ်စာခဲကျန်ပါက အပင်ပေါက်နှုန်းနည်းမည်ကို သတိပြုရပါမည်။

(၂) မြေဆီထည့်ခြင်း

   မျိုးစေ့မကြဲမီ NPK ကွန်ပေါင်းမြေသြဇာ (၁၅:၁၅:၁၅) ကို ၁ ဧကလျှင် ၁ အိတ်နှုန်းထည့်ပါ။ အပင်ပေါက် ၄ လက်မအရွယ်တွင် ယူရီးယား (ပုလဲ)မြေသြဇာကို ၁ ဧကလျှင် ၁ အိတ်နှုန်းထည့်ပါ။ အပင် ၁ပေ အရွယ်ရောက်သောအခါ ယူရီးယား (ပုလဲ)မြေသြဇာကို ၁ ဧကလျှင် ၁ အိတ်နှုန်း ထပ်မံထည့်ပေးရမည်။

(၃) စိုက်ပျိုးခြင်း (နှံစားပြောင်း/ဖူးပြောင်း)

   မြေအစိုဓာတ်လုံလောက်သည့်အခါ

- နွားစားနှံစားပြောင်း - ၁ဧကကို ၅ - ၇ ကီလိုဂရမ်နှုန်းဖြင့် စိုက်ပျိုးရမည်။ အထွက်နှုန်းပိုကောင်းစေရန် နေရောင်ခြည်ရှိသည့်ရာသီမှာ စိုက်ပျိုးသင့်သည်။

- ဖူးပြောင်း ၁ဧကကို ၇ - ၁၀ ကီလိုဂရမ်နှုန်းဖြင့် စိုက်ပျိုးရမည်။ ရေ/မိုး လုံလောက်စွာရနိုင်လျှင် အခြားအချိန်တွေလည်း ဖြစ်ထွန်းနိုင်သည်။

   မျိုးစေ့ချပြီးလျှင် ၁ လက်မခန့် မြေဖုံးပါ။ အဖုံးနည်းခြင်းများခြင်းသည် အပင်ပေါက်နှုန်းထိခိုက်နိုင်သည်ကို သတိပြုပါ။ တန်းကြား ၁၂ - ၁၃လက်မ နှင့် ပင်​ကြား ၄ လက်မခန့်ခြား၍ စိုက်ပျိုးရမည်။

   ပင်ကြားကျယ်လျှင် ပြောင်းပင်များတုတ်လွန်းမည်ဖြစ်၍ ပင်ကြား ၄ လက်မသာထားပြီး စိပ်စိပ်စိုက်ကာ အပင်၏ အရွယ်အစားနှင့် အာဟာရတန်ဖိုးကို ထိန်းထားခြင်းဖြစ်သည်။

   အတန်းလိုက်မဟုတ်ဘဲ မျိုးစေ့ကြဲ စိုက်ပျိုးကြသော်လည်း ကြဲသည့်အခါ အထူအပါးမမှန်တာမျိုး ဖြစ်တတ်ကြသည်။ အတန်းလိုက်စိုက်ခြင်းဖြင့် ထိန်းသိမ်းစီမံရလွယ်ပြီး ရိတ်သိမ်းရလွယ်စေပါတယ်။

(၄) စနစ်တကျရိတ်သိမ်းခြင်း

   အပင်အသက် ၇၀ - ၈၀ ရက်သားခန့် (သို့) အနှံ/အဖူး နို့ရည်တည်စအချိန်တွင် စတင်ရိတ်သိမ်းနိုင်သည်။ (စနစ်တကျစိုက်ပျိုးမှု ရာသီဥတုနဲ့​ နေ့တာအတိုအရှည်​​ပေါ်မူတည်​ပြီး အနည်းငယ်ပြောင်းလဲမှုရှိသည်။)

   ပြောင်းပင်ကို ရင့်အောင်မထားရ။ ပြောင်းပင်ရိုးရင့်လာသည်နှင့်အမျှ အာဟာရတန်ဖိုး လျော့နည်းလာမည်။

   ဖူးပြောင်းကို ၁ ကြိမ်သာရိတ်ကျွေးနိုင်သည်။ နွားစားနှံစားပြောင်းကို ၃ ကြိမ်ရိတ်ကျွေးနိုင်သည်။ ရိတ်သည့်အခါ မြေပြင်မှ ၆ လက်မချန်၍ ရိတ်ရမည်။ သို့မှသာ နောက်တစ်ကြိမ် ပြန်အထွက်မြန်ပြီး ကောင်းမွန်သောထွက်နှုန်းရမည်။ (တက်ပြန် ၁ ပေခန့်တွင် ပုလဲမြေသြဇာကျွေးရမည်။)

(၅) ရေပေးသွင်းခြင်း

   မြေအစိုဓာတ်လျော့နည်းချိန်တွင် ရေပေးသွင်းနိုင်လျှင် အထွက်ပိုကောင်းပါမည်။ နွားစားပြောင်းများစိုက်ပျိုးခြင်းဖြင့် အစာစိမ်းရရှိနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာနိုင်သည်။ ရာသီအလိုက်စိုက်ပျိုးခြင်းဖြင့် အကြိမ်ကြိမ်စိုက်နိုင်ထုတ်လုပ်နိုင်သည်။ ပိုလျှံသည်ကို ချဉ်ဖက်ပြုလုပ်ပြီး သိမ်းဆည်းနိုင်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်