ကြက်နှလုံးဖုံးမြှေးအတွင်း အရည်စုခြင်းရောဂါ (Hydropericardial Syndrome in Chicken)

12/09/2022 16:00 PM တွင် Dr.ညွန့်ရွှေ(မွေးမြူဆေးကု) Dr.ညွန့်ရွှေ(မွေးမြူဆေးကု) မှ ရေးသား

ရန်ကုန်ပတ်ဝန်းကျင်တွင် တခါဖူးမျှ မတွေ့ရသေးသော အသားစားကြက်ရောဂါတစ်ခုကို တွေ့ရှိမိသည်။ သို့သော် (comfirm diagnosis) ဓာတ်ခွဲခန်းအတည်ပြုချက်ရနိုင်ရန် ကြိုးစားရာတွင်မူ အခက်အခဲရှိနေခဲ့သည်။

မြန်မာနိုင်ငံအတွက်မူ ( emergent disease ) အသစ်ဝင်လာသောရောဂါ ဖြစ်သည်။ ဤဆောင်းပါးသည် သုတေသနဆောင်းပါးတော့ မဟုတ်ဘဲ မွေးမြူရေးနှင့်ဆက်စပ်သူတို့ မွေးမြူရေးဗဟုသုတ ကြိုတင်ရရှိထားရန် ဖတ်မှတ်ဖူးသော နိုင်ငံတကာစာပေမှ ဘာသာပြန်တင်ပြခြင်းဖြစ်ပါသည်။

နိုင်ငံတကာတွင် ( PCR, PCR-RE digestion, real-time PCR   ) DNA, RNA ခေါ် ဗီဇ, Protein, lipid တို့ကို ခွဲခြမ်းစိတ်ဖြာကာ မော်လီကျူးဇီဝဗေဒနည်းပညာများဖြင့်လေ့လာရာ Fawl adenovirus ပိုးမျိုးခွဲ serotype 4 ကြောင့် ဖြစ်ပွားသောရောဂါတစ်ခု တွေ့ရှိရသည်။ ၄င်းရောဂါကို ကြက်တွင်တွေ့ရသောထင်ရှားသည့်လက္ခဏာဖြင့် အမည်ပေးထားသည်။

အမည်မှာ Hydropericardium Syndrome  ( HPS ) ဖြစ်သည်။ နှလုံးဖုံးမြှေးအတွင်း ရေ(အဝါရောင်အရည် ) စုနေခြင်း အလွန်ထင်ရှားသည်။ litchi  ( Lychees ) သီးနှင့်လည်းတူသောကြောင့် litchi heart disease ဟုလည်း ခေါ်သေးသည်။

ရောဂါရာဇဝင်

၁၉၈၇ ခုနှစ်က ပါကစ္စတန်နိုင်ငံ အင်ဂါရာဂေါ့တွင် စတင်တွေ့ရှိခဲပြီးနောက် ပါကစ္စတန်တစ်နိုင်ငံလုံးကို ၁၉၈၉ ခုနှစ်တွင် ပျံ့နှံ့လာပါသည် (Anjum et al., 1989)။ ထို့နောက် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယသို့ ကူးစက်လာပါသည် (Dahiya et al., 2001)။ သေနှုန်း၊ ကြီးထွားနှုန်းကိုထိခိုက်ကာ မွေးမြူစီးပွားရေးကို ပျက်စီးဆုံးရှုံးစေခဲ့ပါသည်။

နောက်ပိုင်းတွင် အာရှတောင်ပိုင်း(McFerran and Adair, 2003). Iraq; Mexico, Ecuador; Peru and Chile; South Central America; Slovakia; Russia and Japan တို့အထိ ပျံ့နှံ့လာပါသည် (Hafez, 2010)။ ထို့နောက် ဆယ်စုနှစ်အတွင်း ဆန်းသစ်သောရောဂါတစ်ခုအဖြစ်ထင်ရှားလာခဲ့သည်။  HPS ရောဂါသည် အသားစားကြက် အသက် ၆ ပတ်ထက်ငယ်သော ကြက်များတွင်ဖြစ်ပွားပြီး 2-4 % ထိ သေနှုန်းရှိသည်။ ဆိုးသောအခြေအနေတွင် 80 % ထိ သေကြေပျက်စီးနိုင်သည်ဟု သိရပါသည်။

ဖြစ်ပွားစေသောအကြောင်းရင်း

Fawl Adenovirus serotype 4 ( FAdV-4 ) ကြောင့် ဤရောဂါ ဖြစ်ပွားရခြင်းဖြစ်သည်။ FAdV ဗိုင်းရပ်စ်ပိုးသည် ( non-enveloped ) အမျိုးအစားဖြစ်ပြီး Adenoviridae family အုပ်စုဝင်ဖြစ်သည်။ မျိုးခွဲပေါင်း ၁၂ မျိုးရှိပြီး မျိုးကွဲ 4 ( serotype 4 ) ကသာ ဤရောဂါဖြစ်ပွားစေခြင်း ဖြစ်သည်။

ရောဂါကူးစက်ပြန့်ပွားပုံ

အလွန်ကူးစက်မြန်သော ရောဂါဖြစ်သည်။ ကြက်တစ်သုတ်မှ တစ်သုတ်သို့ ကူးစက်တတ်သည်။

ခြံတစ်ခြံမှတစ်ခြံသို့ ကူးစက်သည်။ ရောဂါရှိသော ကြက်မှစွန့်ထုတ်သော မစင်ကို ကျန်းမာသည့်ကြက်က စားမိခြင်းဖြင့် အဓိကကူးစက်သည်။ တစ်ခြံတည်းအတူနေကြက်အချင်းချင်း ကူးစက်သည်။ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ မျိုးဥ ရောင်းဝယ်မှုမှလည်း ကူးစက်နိုင်သည်။ ( Adair and Smyth, 2008)

ရောဂါလက္ခဏာများ

  • ကြက်များပူးကပ်နေခြင်း၊
  • အမွှေးအတောင်မသပ်မရပ်ဖြစ်ခြင်း၊
  • အစာစားနှုန်းကျခြင်း/လျော့ခြင်း၊
  • ဝမ်းသွားလျှင် အဝါရောင်အချွဲပါခြင်း၊
  • နှလုံးထိပ်ရှိ နှလုံးဖုံးမြှေးအိတ်အတွင်း အဝါရောင်အရည်စုမိနေခြင်း၊
  • နှလုံးနှင့် နှလုံအဆီတွင် အပ်ဖျားသဏ္ဍန်သွေးယိုထွက်ခြင်း၊
  • အသဲရောင်ခြင်း၊ကျွတ်ဆပ်ကြေမွလွယ်ခြင်း၊အရောင်ဖျော့ခြင်း၊
  • အဆုပ်ရောင်ခြင်းသွေးခဲခြင်း၊
  • သိုင်းမတ်ဂလင်းနှင့် ဖင်ဆီဖူးသေးငယ်ရှုံ့သွားခြင်း၊
  • အစာမှအသားပြောင်းလဲနှုန်း နည်းကာကိုယ်အလေးချိန်မတိုးခြင်း၊

Asia နှင့် America တို့တွင် အထူးသဖြင့် ၃-၆ ပတ်သားတွင်ဖြစ်ပွားတတ်ပြီး လန်းလန်းဆန်းဆန်း သွားလာစားသောက်နေရာမှ ရုတ်တရက်ရောဂါဖြစ်ကာသေဆုံးသွားနိုင်သည်။ အသားစားကြက်တွင် 80 % ဥစားကြက်နှင့် စီမီးကြက် ( semi-broiler ) တို့တွင် ၇-၁၅ ရက်သားတွင် ဖြစ်ပွားတတ်ပြီး သေနှုန်း 10 % ရှိနိုင်ပါသည်။ ( Chandra et al., 2000; Asthana et al., 2013).

  • ( Fawl Adenovirus ) FAdV ဗိုင်းရပ်စ်ပိုးသည်  ကိုယ်ခံစွမ်းအားထုတ်ပေးသော( primary lymphoid organs ) သိုင်းမတ်ဂလင်း / ဖင်ဆီဖူး ( Bursa of Fabricious ) /caecal tonsil တို့ကိုလည်းကောင်း၊            ( secondary lymphoid tissue ) သရက်ရွက်/ရိုးတွင်းချဉ်ဆီ/ Harderain ဂလင်းနှင့် ကိုယ်ခန္ဓာအနှံ့အပြားတွင် ရှိနေသော lymphocytes များကို ရွေးချယ်တိုက်ခိုက်ခြင်းဖြင့်လည်းကောင်း ကိုယ်ခံစွမ်းအားကို ကျဆင်းစေပါသည်။
  • ရံဖန်ရံခါတွင် hydropericardium hepatitis syndrome ( HHS ) အဖြစ် ပူးတွဲဖြစ်တတ်ပါသေးသည်။
  • Chicken Infectious Anaemia,IBD, မှိုရောဂါ( mycotoxicosis ) ရက်သားကြက်တွင် ဖြစ်ပွားခံရခြင်း ( သို့ ) မိခင်ကြက်က ခံစားရဖူးခြင်းတို့ကြောင့် ဤရောဂါဖြစ်နိုင်သည်ဟု ဆိုထားပါသည်။ (Toro et al., 1999 and 2002; Shivachandra et al., 2003). Zavala et al. (2002)

ကာကွယ်ထိန်းချုပ်ခြင်း

  • ကြက်ခြံပတ်ဝန်းကျင် သန့်ရှင်းပိုးသတ်ခြင်း
  • ကြက် မရောက်မီ အစာခွက်ရေခွက်အသုံးအဆောင်များအားလုံး ပိုးသတ်ထားခြင်း
  • ဇီဝလုံခြုံရေးအစီအစဉ်ကောင်းများကို သေချာလိုက်နာခြင်း
  • အရည်ကြည်စုဆောင်းခြင်းကိုကာကွယ်ရန် အသဲဆေး / ဆီးရွှင်ဆေးများပေးခြင်း
  • သွေးအားကောင်းစေသောဆေး/ ဗီတာမင်အီးတို့ကို ပေးခြင်း
  • ခြံတွင်း လေဝင်လေထွက်ကောင်းစေခြင်း

ဤရောဂါသည် နိုင်ငံတကာတွင် ကာကွယ်ဆေးများရနိုင်ပြီး မြန်မာနိုင်ငံတွင် ရောဂါအတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပါ။ ကျွန်တော့်အနေဖြင့် ဤရောဂါဖြစ်ပွားပျံ့နှံ့ခြင်းဖြစ်နေသည်ဟုတော့ မပြောလိုပါ။ တူညီသောရောဂါသဏ္ဌာန် လက္ခဏာကို မြင်တွေ့နေရသောကြောင့် မွေးမြူရေးလုပ်ငန်းတွင် ကြိုတင်သိရှိနားလည်ခြင်းဖြင့် ဖြစ်ပွားလျှင် စီးပွားရေးထိခိုက်ကြောင်းသိရှိခြင်း၊  မဖြစ်ပွားအောင် သတိပြုစေချင်ခြင်းတို့ကြောင့် တတ်စွမ်းသမျှ တင်ပြခြင်းဖြစ်ပါသည်။

ဒေါက်တာညွှန့်ရွှေ ( မွေးမြူဆေးကု )

REFERENCES:

1.Abdul–Aziz TA and Al–Attar MA (1991). New syndrome in Iraqi chicks. Vet. Rec. 129: 272.

2. Fowl Adenoviruses Causing Hydropericardium Syndrome in Poultry. Jag Mohan Kataria1*, Kuldeep  Dhama2, Shanmugasundaram Nagarajan3, Sandip Chakraborty4, Anmol Kaushal1, Rajib Deb5 Central Avian Research Institute,

Izatnagar (U.P.)Division of Pathology, Indian Veterinary Research Institute, Izatnagar (U.P.)

High Security Animal Diseases Laboratory, Indian Veterinary Research Institute, Bhopal Campus, Bhopal

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်