ဒေါက်တာညွန့်ရွှေသည် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်လယ်ယာစိုက်ပျိုးရေးအဖွဲ့(FAO)တွင် မြို့နယ်လက်ထောက်တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် Tiger King Co.,Ltd., CJ Myanmar Co.,Ltd., MRC Co.,Ltd. တို့တွင် မွေးမြူရေးပညာရှင်၊ အကြံပေး စသည့်ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ကာ မွေးမြူရေးဆိုင်ရာအသိပညာပေး ဆောင်းပါးများကိုလည်း ရေးသားနေသူဖြစ်ပါသည်။