ဗြိတိသျှကောင်စီမှ တစ်ဦးလျှင်အမေရိကန်ဒေါ်လာ ၄၁,၀၀၀ ရနိုင်သည့် IELTS Scholarship များပေးမည်

10/04/2014 15:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဗြိတိသျှကောင်စီ မြန်မာနိုင်ငံမှ ကျောင်းသားများအား နိုင်ငံတကာပညာရေးအတွေ့အကြုံပိုမိုရရှိစေရန် ၂၀၁၄ ခုနှစ်မှ စ၍ IELTS Scholarship များ နှစ်စဉ် ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါ IELTS Scholarship မှာအမျိုးအစား နှစ်မျိုးရှိကာ ပထမတစ်မျိုးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ကျောင်းသား နှစ်ယောက်အား တစ်ဦးလျှင် ပေါင် ၂၅၀၀ (အမေရိကန်ဒေါ်လာ ၄,၁၀၀ ခန့်) အထိ ပေးသွားမည်ဖြစ်ပြီး အခြား ဒုတိယတစ်မျိုးမှာ အရှေ့အာရှတွင် ရှိသော ကျောင်းသား နောက်ထပ် သုံးယောက်အား တစ်ဦးလျှင် ပေါင် ၂၅,၀၀၀ (အမေရိကန်ဒေါ်လာ ၄၁,၀၀၀ ခန့်) စီ ပေးသွားမည် ဖြစ်ပါသည်။

Scholarship ရရှိသော ကျောင်းသားများအတွက် ၎င်းတို့ တက်မည့် ကျောင်းသို့ တိုက်ရိုက် ငွေကြေးပေးသွင်း ပေးသွားမည်ဖြစ်သည်။ အရှေ့ အာရှနိုင်ငံများတွင် မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် တို့ ပါရှိပါသည်။

မြန်မာနိုင်ငံမှ IELTS Scholarship လျှောက်ထားသူများမှာ -

  • မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်သူ မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၄ ပညာသင်နှစ်မှ စ၍ ဘွဲ့ကြို (undergraduate) နှင့် ဘွဲ့လွန် (postgraduate) ပညာသင်ကြားမည့်သူ
  • IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက် တစ်ခုအနေဖြင့် လက်ခံသော တက္ကသိုလ်တွင် တက်မည့်သူ
  • အနည်းဆုံး IELTS overall band score 6 ရရှိသူ
  • IELTS စာမေးပွဲအား ဗြိတိသျှကောင်စီ တွင် ဖြေဆိုထားသူ
  • ၂၀၁၄ ဇွန်လ ၂၇ မတိုင်မီ မိမိလျှောက်ထားသော တက္ကသိုလ်မှ ဝင်ခွင့်အထောက်အထား (acceptance letter) ကို ပြနိုင်သူ ဖြစ်ရပါမည်။
  • Scholarship လျှောက်လွှာ နှင့် အသေးစိတ်အချက်အလက်များအား ဗြိတိသျှကောင်စီ ဝက်ဗ်ဆိုက် http://www.britishcouncil.org.mm/ielts-scholarship တွင် download ရယူနိုင်ပြီး ဖြည့်သွင်းပြီးသော လျှောက်လွှာများကို ၂၀၁၄ ဇွန်လ ၆ ရက် မတိုင်မီ ပေးပို့ ပေးရမည် ဖြစ်ပါသည်။

အခြားသိလိုသည်များကို ဗြိတိသျှကောင်စီ ဝက်ဗ်ဆိုက် http://www.britishcouncil.org.mm/ielts-scholarship တွင် ကြည့်ရှုနိုင်ပါသည်။

ဗြိတိသျှကောင်စီ မြန်မာ၏ စာမေးပွဲဌာန မန်နေဂျာ ဒေါ်အိအိမွန် မှ IELTS စာမေးပွဲအား ဖြေသော သူများ တစ်နှစ်ထက် တစ်နှစ် များပြားလာကြောင်း၊ စာမေးပွဲဖြေသူ ဦးရေမှာ ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း ပိုမိုများ လာကြောင်း ပြော ပါသည်။ ၎င်းမှလည်း မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း များပြားလာပြီး နိုင်ငံခြားတွင် ကျောင်းတက်လိုသူလည်း များပြားလာသောကြောင့် နောက်နှစ်များတွင် IELTS စာမေးပွဲ ဖြေဆိုသူ ယခုထက်ပိုများလာမည်ဟု ခန့်မှန်း ထားကြောင်း၊ စာမေးပွဲဖြေဆိုရန် လိုအပ်သော အကူအညီများ၊ သတင်းအချက်အလက်များကိုလည်း ဗြိတိသျှကောင်စီမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

IELTS စာမေးပွဲအား လစဉ် ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ဖြေဆိုနိုင်ပြီး စာမေးပွဲအတွက် လိုအပ်သော စာအုပ်နှင့် ပစ္စည်းများကို ဗြိတိသျှကောင်စီ စာကြည့်တိုက်များတွင် ပြည့်စုံစွာ ရရှိနိုင်ပါသည်။

IELTS စာမေးပွဲကို ဖြေဆိုလိုသူများ (သို့မဟုတ်) IELTS စာမေးပွဲအား စိတ်ဝင်စားသူများသည် သိလိုသည်များကို www.takeielts.org တွင် ကြည့်ရှုနိုင်ပါသည်။ IELTS စာမေးပွဲဖြေဆိုမည့်သူများ နှင့် စာမေးပွဲအားလေ့ကျင့်လိုသူများ အတွက် အွန်လိုင်းမှ ၁၀ နာရီစာ လေ့ကျင့်ခန်းများအား အခမဲ့ဝင်ရောက် လေ့လာနိုင်သည့်အပြင် IELTS ကို ဖြေဆိုရန် စာရင်းသွင်းပြီးပါက နာရီ ၃၀ စာ လေကျင့်ခန်းများ အားအခမဲ့ရရှိပါမည်။ ပိုမိုလေ့ကျင့်လိုပါက နာရီ ၁၂၀ စာ လေ့ကျင့်ခန်းများကိုလည်း အွန်လိုင်းမှ ဝယ်ယူ လေ့ကျင့်နိုင်ပါသည်။

IELTS စာမေးပွဲ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက British Council Customer Service & Sales Department ဖုန်းနံပါတ် ၂၅၄၆၅၈၊ ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ (လိုင်းခွဲ - ၃၁၀၆, ၃၃၁၇) သို့ နေ့စဉ် နံနက် (၈:၃ဝ) မှ ညနေ (၅: ၀ဝ) အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး enquiries@mm.britishcouncil.orgသို့လည်း အီးမေးလ်ပို့၍၎င်း၊ Facebook မှ message ပေးပို့၍၎င်း စုံစမ်းမေးမြန်းနိုင်ပါသည်။

REF : Myanmar Network
 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်