တောင်သူတွေ မှတ်တမ်းမှတ်ရာထားဖို့ အရေးကြီးသလား

13/06/2019 17:00 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုပါ။  စီးပွားရေးလုပ်ငန်းတစ်ခုလို့ သတ်မှတ်မယ်ဆိုရင် မှတ်တမ်းထားဖို့က မဖြစ်မနေ လိုအပ်လာပါပြီ။ အောင်မြင်တဲ့ တောင်သူလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ သီးနှံတွေကို အထွက်ကောင်းအောင် ထုတ်လာနိုင်ရုံနဲ့ မရတော့ပါဘူး။ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုတဲ့ အရင်းအနှီးကို ကောင်းကောင်းသိပြီး စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ဒါမှ ရောင်းရတဲ့ဈေးနှုန်းနဲ့ အမြတ်ကျန်မယ့် အရင်းအနှီးကို ခန့်မှန်းနိုင်ပြီး စီမံနိုင်မှာ ဖြစ်ပါတယ်။ 

စိုက်ပျိုးမှတ်တမ်းနဲ့ ပတ်သက်ပြီး ဆော့ဝဲလ်(အက်ပလီကေးရှင်း) များစွာရှိပါတယ်။ ဆော့ဝဲလ် တစ်ခုချင်းစီအလိုက် စနစ်တွေလည်းကွာခြားပြီး မှတ်သားနိုင်တဲ့ အတိုင်းအတာတွေလည်း ကွာကြပါတယ်။ အခမဲ့ပေးတဲ့ စနစ်တွေရှိသလို ငွေကြေးပေးပြီးသုံးရတဲ့ စနစ်တွေလည်း ရှိပါတယ်။ အဆင်မပြေတာတစ်ခုက မြန်မာသာသာစကားနဲ့ မရှိသေးတဲ့အတွက်ကြောင့် တောင်သူလုပ်ငန်းရှင်အများစုအတွက် အသုံးပြုရတာ အဟန့်အတားဖြစ်နေပါတယ်။ အစိမ်းရောင်လမ်းမှ စိုက်ပျိုးမှတ်တမ်းစနစ်ကို မြန်မာဘာသာစကားနဲ့ မကြာမီ ရရှိနိုင်အောင်လည်း ကြိုးစားနေပါတယ်။ 

စိုက်ပျိုးမှတ်တမ်းထားရှိဖို့ လိုအပ်တဲ့ အကြောင်းအရင်းတွေ…

၁။ အရင်းအနှီး အတိအကျသိရှိနိုင်မယ်

မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းတွေမှာ မှတ်တမ်းတွေ ကိုယ်စီရှိကြတဲ့အတွက် ထုတ်ကုန်တစ်ခုအတွက် ကုန်ကျငွေကို ကောင်းစွာသိရှိကြပါတယ်။ ဒီတော့ အရောင်းအဝယ်လုပ်ကြတဲ့အခါမှာလည်း အရှုံးအမြတ်အတွက် ညှိနှိုင်းနိုင်လို့ရမယ့် အခွင့်အရေးပိုလာနိုင်ပါတယ်။ စိုက်ပျိုးရေးမှာ မှတ်တမ်းတင်တဲ့အခါမှာ မိသားစုလုပ်အားပါဝင်ခဲ့ရင်လည်း မှတ်တမ်းတင်ဖို့ လိုအပ်ပါတယ်။ မိသားစုလုပ်အားကလည်း အရင်းအနှီးတစ်ခုပါ။ ဘယ်ကုမ္ပဏီပိုင်ရှင်ကမှ လစာမယူဘဲ မလုပ်ကြပါဘူး။ 

၂။ နိုင်ငံခြား တင်ပို့ရောင်းချသူတွေ၊ စားသောက်ကုန်လုပ်ငန်းတွေ စတာတွေအတွက် လိုအပ်ချက်တစ်ခု

အခုဆို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံအပြင် အခြားနိုင်ငံတွေ(စင်္ကာပူ၊ အနောက်နိုင်ငံများ)ပါ တင်ပို့ရောင်းချနေကြပါပြီ။ ဒီတော့ ကိုယ်စိုက်တဲ့သီးနှံဟာ အရည်အသွေးပြည့်မီဖို့လိုသလို ပြည့်မီပါတယ်ဆိုတာ သက်သေပြပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအရာတွေအတွက် မှတ်တမ်းက အရေးကြီးတဲ့ကဏ္ဍကနေ ပါနေတယ်ဆိုတာ သိထားဖို့လိုပါတယ်။ 

၃။ ကိုယ့်စိုက်ပျိုးရေးလုပ်ငန်းကို ကောင်းစွာစီမံနိုင်မယ်

ဘယ်စိုက်ခင်းဟာ ဆေးဖျန်းထားပြီး ဘယ်စိုက်ခင်းက ပေါင်းနှုတ်ထားပြီးပြီလဲ။ တစ်ခါတစ်လေ မေ့နေတတ်တာလေးတွေလည်း ရှိပါတယ်။ ကိုယ်က စနစ်တကျနဲ့ လုပ်ငန်းလုပ်မယ်ဆို ပိုလိုအပ်ပါတယ်။ စိုက်ပျိုးမှတ်တမ်းတွေက မှတ်တမ်းတင်မကဘဲ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ရှိသေးတယ်ဆိုတာ အသိပေးနိုင်တာမို့ ကိုယ့်လုပ်ငန်းအောင်မြင်အောင် လုပ်ပေးမယ့် ပါရမီဖြည့်ဖက်ဆိုလည်း မမှားပါဘူး။ 

၄။ လက်ရှိအထိ ဘယ်လောက်ကုန်ထားပြီးနေပြီလဲ

တစ်ယောက်ယောက်ကများ အခုထိ ဘယ်လောက်ကုန်ပြီးပြီလဲလို့ မေးလာရင် ဘာဖြေမလဲ။ ခန့်မှန်းချက်တွေကိုယ်စီနဲ့ ကိန်းဂဏန်းတစ်ခုခု ဖြေပေးကြပါလိမ့်မယ်။ ဒါတွေက ဘယ်အတိုင်းအတာထိ တိကျနိုင်မလဲ။ အရေးမပါဘူးလို့ ထင်ကြမလား။ အဲဒါဆို နောက်မေးခွန်းတစ်ခုက အလုပ်သမား ကုန်ကျစရိတ်အတွက် ဘယ်လောက်ကုန်ထားပြီး မြေသြဇာ ပိုးသတ်ဆေးအတွက် ဘယ်လောက်ကုန်ပြီးပြီလဲ။ ဒီကိန်းဂဏန်းတွေထွက်လာရင် နောက်နှစ်အတွက် အလုပ်သမားစရိတ်ကို လျော့ချဖို့ ထွန်စက်ဝယ်မလား အထွက်တိုးအောင်လုပ်ဖို့ ကုန်ကျစရိတ်နဲ့ချိန်ပြီး မြေသြဇာပိုးသတ်ဆေး ပြောင်းသုံးကြည့်မလား။ ဒီလိုဆုံးဖြတ်ချက်ပေးဖို့က မှတ်တမ်းတင်ဖို့ပါပဲနော်။ 

၅။ ဩဂဲနစ်၊ GAP လက်မှတ်လျှောက်မှာလား

ဒီလိုလက်မှတ်တွေ လျှောက်ဖို့အတွက်ဆို သူတို့တွေက ကွင်းဆင်းပြီး လာစစ်ကြမှာပါ။ အဲဒီအချိန်မှာ ကိုယ့်မှာ ပြစရာမှတ်တမ်းတွေက အဆင်သင့်ရှိနေပြီလား။ အခုဆို နိုင်ငံတကာမှာ QR ကုဒ်လို့ ခေါ်တဲ့ ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တာနဲ့တင် ဒီသရက်သီးကို ဘယ်တောင်သူက ဘယ်နေရာမှာ ဘယ်လိုစိုက်ခဲ့ပြီး ဘာဆေးတွေ ဘာမြေသြဇာတွေကို ဘယ်အချိန်တွေမှာ သုံးခဲ့လဲဆိုတာ ပြောပြနိုင်ကြပါပြီ။ ဒီလိုစနစ်မျိုးနဲ့ ရောင်းနိုင်ရင် ဈေးကလည်း လက်ရှိဈေးထက် ၂-၃ ဆ ပိုရကြပါတယ်။ အားမကျဘူးလား။ ဒါတွေလုပ်နိုင်ဖို့ မှတ်တမ်းကို စမတ်ကျကျမတင်ဘဲ မရနိုင်ပါဘူးနော်။ 

အားကျနေပြီမဟုတ်လား။ အစိမ်းရောင်လမ်းက စိုက်ပျိုးမှတ်တမ်း စတင်လိုက်ပါပြီနော်။ ကိုယ်ပိုင်စာမျက်နှာရဲ့ အောက်မှာ စိုက်ပျိုးမှတ်တမ်းဆိုပြီး ထည့်သွင်းပေးထားပါတယ်။ ဝင်ကြည့်လိုက်ပါနော်။ 

သိန်းစိုးမင်း

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်