တိုးမြစ်၊ ပဲခူးမြစ်နှင့် ငဝန်မြစ်ရေများ နေရာအချို့တွင် တစ်ရက်အတွင်း ၁၅ မှ ၂၀ စင်တီမီတာထိတိုး

22/03/2022 10:54 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တိုးမြစ်၊ ပဲခူးမြစ်နှင့် ငဝန်မြစ်ရေများဟာ ယမန်နေ့ မတ် ၂၁ ရက် မနက် ၆ နာရီခွဲကနေ ဒီနေ့ မတ် ၂၂ ရက် မနက် ၆ နာရီခွဲထိ တစ်ရက်အတွင်း နေရာအချို့မှာ ၁၅ စင်တီမီတာကနေ ၂၀ စင်တီမီတာထိတိုးနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၁၅ စင်တီမီတာ၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ၁၇ စင်တီမီတာနဲ့ ငဝန်မြစ်ရေဟာ ပုသိမ်မြို့မှာ ၂၀ စင်တီမီတာစီ အသီးသီး တိုးလာတယ်လို့ မိုး/ဇလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအနေအထားအရတော့ ပဲခူးမြစ်ရေ ဒီလောက်တိုးတဲ့အနေအထားဟာ ရေကျော်လောက်တဲ့အထိ တော့ စိုးရိမ်စရာထိမရှိသေးဘဲ စိုက်ပျိုးရေးလုပ်ကိုင်သူတွေအတွက်လည်း စိုးရိမ်စရာအခြေအနေ မဟုတ်ဘူးလို့ ပဲခူးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ ပုံမှန်ဆိုရင်တော့ ချောင်းထဲမှာ ရေက နည်းနည်းပဲရှိတတ်တာ။ ဒီနေ့မနက် ကျွန်တော် ချောင်းကို ဖြတ်လာတဲ့ အချိန်ကတော့ ပဲခူးမြစ်ရေတက်နေတော့ ချောင်းထဲမှာ ရေတစ်ဝက်လောက်တော့ ရှိနေတယ်။ ဒါပေမဲ့ ဒါက ပုံမှန်လောက်ပါပဲ။ စိုးရိမ်စရာတော့ မရှိဘူး။ ချောင်းထဲမှာ ရေပြည့်လောက်ပြီဆိုမှ ကားလမ်းအစပ်ကို ရေရောက်ရုံပဲရှိမှာ” လို့ အဆိုပါ အမျိုးသားက ဆိုပါတယ်။

မိုး/ဇလကတော့ ဒီနေ့မနက် ၅ နာရီခွဲအချိန် တိုင်းထွက်ချက်အရ လက်ရှိဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်ဟာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ်(Depression)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားပေမယ့် လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းဟာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ့်အခြေအနေဖြစ်လို့ အနီရောင်အဆင့်ဟု သတ်မှတ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့ကနေ နောက်နှစ်ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်တယ်လို့ မိုး/ဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်တွေအရတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ မကွေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုး/ဇလ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်