မြင်းခွာပင်၏ ကျန်းမားရေးကောင်းကျိုးများ

19/12/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မျိုးရင်း။ Umbelliferae (နံနံမျိုးရင်း)

ပေါက်ရောက်သည့် ဒေသ ။ ။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ရေအိုင် ရေစပ်များတွင် တစ်နှစ်ပတ်လုံးတွေ့ရ၏ ။ အထူးသဖြင့် အအေးပိုင်းဒေသတွင် ပိုမို၍ ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော်လည်း အများသုံးပင်ဖြစ်၍ အချို့ အခင်းလိုက် စိုက်ပျိုးကြသည်။

အသုံးပြုသည့် အစိတ်အပိုင်း။ ။ ပဉ္စငါးပါး

အာနိသင်။ ။ မြန်မာ့ဆေးကျမ်းများအလိုအရ မြင်းခွာရွက်သည် အရသာ ခါးသက်သက်ရှိ၏။ စပ်ရှာရှားရှိ၏ ၊ ချို၏ ၊ ထက်မြက်၏ ၊ သလိပ်ကို ပယ်တတ်၏ ၊ အရေပြားရောဂါ၊ ယားနားအဖုအပိမ့်များ၊ အနာပေါက် ရောဂါ၊ နူနာတို့်ကို ပျောက်ကင်းစေ၏ ။

အသုံးပြုပုံ -

ပဉ္စငါးပါး ၁။ မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဥ်သောက်ခဲ့သော် ခွန်အားတိုးတက်စေ၏ ။

၂။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများ ချောင်းဆိုးရောဂါ၊ အဆုတ်နာရောဂါ ပျောက်၏ ။

၃။ မြင်းခွာရွက်ကို အရည်ညစ်၍ ရေနံဆီဖြင့် ဆတူရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်အဆက်တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏ ။

၄။ မြင်းခွာရွက်ကို အရည်ညှစ်၍ လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန်ချောင်း ပူခြင်း ပျောက်၏ ။ ဝမ်းသက်၍ သလိပ်ကိုလည်း ကျစေ၏ ။

၅။ အရေပြားရောဂါများအတွက် ၎င်း၏ အရွက်ညှစ်ရည်ဖြင့် လိမ်းကျံခြင်း၊ စားသောက်ခြင်းဖြင့် ပျောက်ကင်းစေနိင်၏ ။

၆။ ကိုယ်တွင် ရုတ်တရက် ထိခိုက်ရှနာဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်း၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံပေးက ပျောက်ကင်း၏ ။

၇။ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့အတွက် မြင်းခွာရွက်ဖျော်ရည် ပြုလုပ်သောက်က ပျောက်၏ ။

၈။ မြင်းခွာရွက်ကို ငရုတ်ကောင်း၊ ပျားရည်တို့နှင့် စပ်၍ သုံးဆောင်က အသက်ရှည်၏ ။ အနာရောဂါ ကင်း၏ ။

၉။ မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိနာပျောက်ဆေးအဖြစ်လည်း ဖော်စပ်သုံးနိုင်၏ ။

၁၀။ မြင်းခွာရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါးသဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏ ။

၁၁။ မြင်းခွာရွက်အစိမ်းကို ကြိတ်၍ အဝတ်ငါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏ ။

၁၂။ မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့် ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန်တွင် လျက်သော် နှးစ်ခြိုက်စွာ အိပ်ပျော်စေ၏ ။

Source: မြန်မာ့ဆေးဝါးပင်များ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်