သုခမဟာ စိုက်/ဆေး ကုမ္ပဏီမှ Division Manager နှင့် Area Manager များ ခေါ်ယူ

16/03/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Thukha Mahar Agrochemical Co., Ltd / သုခမဟာ စိုက်ပျိုးရေးဆေး ကုမ္ပဏီလီမိတက်မှ ပဲခူး အရှေ့ ၊ ပဲခူး အနောက် ၊ ဧရာ၀တီ နဲ့ ရန်ကုန်တိုင်းတို့မှာ အမြန်ခန့်အပ်ဖို့ဆိုပြီး Division Manager ၄ နေရာနှင့် Area Manager ၂၇ နေရာ ခေါ်ယူထားတာ ဖြစ်ပါတယ်။

လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး လစာနှင့်အခြားခံစားခွင့်များအား ညှိနှိုင်းနိုင်တယ်လို့ အလုပ်ခေါ်စာမှာ ဖော်ပြထားပါတယ်။

လျှောက်ထားသူအတွက် လိုအပ်မဲ့ အရည်အချင်းသတ်မှတ်ချက် အပြည့်အစုံနဲ့ လုပ်ကိုင်ရမဲ့နေရာအတိအကျတွေကိုတော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/40cdMSM

လျှောက်ထားလိုသူတွေအနေနဲ့ admin@thukhamahar.com သို့  ၂၂-၃-၂၀၂၃ ရက်နေ့ နောက်ဆုံးထား ပေးပို့ လျှောက်ထားနိုင်ပြီး လိုအပ်တာတွေ သိလိုမေးမြန်းလိုရင်တော့ 09797787957 နှင့် 09970176467 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ အလုပ်ခေါ်စာမှာ ဖော်ပြထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်