ငါးသလဲထိုး မွေးကြမလား..

04/04/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးသလဲထိုးငါး(Loach)များမှာ ရေချိုငါးမျိုးစိတ်များဖြစ်ကြသည်။ အရောင်မှာ ရွှေဝါရောင်ရှိပြီး အမည်းရောင်အစက်အပြောက်များ ပါရှိကြသည်။ အရွယ်အစားမှာ အမြင့်ဆုံးအလျား (၄.၅)စင်တီမီတာ ရှိကြပါသည်။

ငါးသလဲထိုးသည် အသားနုပြီး အာဟာရဓာတ်အလွန်ပြည့်ဝသောရေထွက်ကုန်ဖြစ်၍ ရေထဲက“ဂျင်စင်း”ဟု တင်စားခေါ်ဆိုကြရသည်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရိုးပါမကျန်စားသုံးနိုင်သောငါးဖြစ်ပါသည်။

ဈေးကွက်လိုအပ်ချက်လည်း အလွန်မြင့်မားသောကြောင့် မွေးမြူသူများအနေဖြင့် ကျယ်ပြန့်စွာမွေးမြူကြရန် လိုအပ်လာပါသည်။ ထို့ကြောင့် တစ်ပိုင်တစ်နိုင်ရော၊ စီးပွားဖြစ်ပါ မွေးမြူလိုသူများအတွက် ငါးသလဲထိုးမွေးမြူနည်းပညာကို ဖော်ပြပေးပါမည်။

၁။ မွေးမြူမှုအခြေအနေ

  • ငါးသလဲထိုးငါးကို ရေကန်ဖြင့်မွေးမြူလျှင် ရေအရင်းအမြစ်ပြည့်ဝပြီး ရေအရည်အသွေးမှာ ကြည်လင်ကာ ညစ်ညမ်းခြင်းများ မရှိရပါ။ 
  • ရေထုတ်မှုအဆင်ပြေစေရန်အတွက် သတိပြုရပါမည်။
  • မြေဆီလွှာအရည်အသွေးပိုင်းတွင် အယ်ကာလိုင်း(Alkaline) အလတ်စား(သို့မဟုတ်) အနည်းငယ်ပါဝင်သော မြေဆီလွှာကို ရွေးချယ်ပေးလျှင် အကောင်းဆုံးဖြစ်သည်။
  • ရေကန်နံရံရွှံ့မြေ ခိုင်ခံ့ရမည်ဖြစ်ပြီး ရေကန်ဘေးပတ်လည်တစ်လျှောက်တွင် ပိုက်ကွက်များ ဝန်းရံထားခြင်းဖြင့် ငါးသလဲထိုးများထွက်သွားခြင်း (သို့မဟုတ်)အန္တရာယ်ပြုစေနိုင်မည့်အရာများ ဝင်ရောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 

၂။ နေရာချမွေးမြူခြင်းမပြုခင် ပြင်ဆင်ရမည့်အချက်များ

  • နေရာချမွေးမြူခြင်းမပြုမီ ရက်(၂၀)ခန့်ကတည်းက ရေကန်အား သန့်ရှင်းပေးခြင်း၊ ပြုပြင်ပြောင်းလဲပေးခြင်း၊ ပိုးသတ်ပေးခြင်းများ ပြုလုပ်ရမည်။
  • ရေဝင်ပေါက်နှင့်ရေထုတ်ပေါက်တွင် သံမျှင်ဖြင့်ပြုလုပ်ထားသောကွန်ရက်တပ်ဆင်ထားကာ ငါးသလဲထိုးများထွက်ပြေးသွားခြင်းမှကြိုတင်ကာကွယ်ထားရမည်ဖြစ်သည်။ ထုံးဖြင့် ပိုးသတ်ပေးရမည်ဖြစ်သည်။ 

၃။ သားပေါက်မွေးမြူခြင်း

  • ငါးသလဲထိုးသားပေါက်များအား လူအားဖြင့်မွေးမြူခြင်း (သို့မဟုတ်) သဘာဝအလေ့ကျပေါက်ရောက်သော သားပေါက်များကို ရွေးချယ်မွေးမြူခြင်းဟူ၍ ပြုလုပ်နိုင်သည်။ 
  • သို့သော် ငါးသားပေါက်အားလုံးမှာ အရွယ်အစားအားဖြင့်ညီညာခြင်း၊ ရောဂါဒဏ်ရာမရှိခြင်း၊ လှုပ်ရှားမှုသွက်လက်ဖျတ်လတ်ခြင်းတို့နှင့် ပြည့်စုံရမည်ဖြစ်ပြီး တစ်ကြိမ်တည်း အပြည့်အဝ မွေးမြူရမည်ဖြစ်သည်။ 

၄။ ကျွေးစာကျွေးပေးခြင်း

  • ငါးသလဲထိုးသည် အစုံစားငါးအမျိုးအစားဖြစ်သောကြောင့် ဓာတ်မြေဩဇာကျွေးပေးခြင်းနှင့် သဘာဝငါးစာများအပြင် ငါးကျွေးစာမှုန့်၊ ငါးကျွေးစာအနှစ်၊ ပိုးမျှင်ကောင်တုံးလုံး၊ တိရစ္ဆာန်အကြွင်းအကျန်ကုန်ကြမ်းပစ္စည်း၊ ဂျုံဖွဲ၊ ဖွဲနု၊ ပဲဖတ် အခဲ၊ ဟင်းရွက်စသည့် ကျွေးစာများကိုလည်း ကျွေးပေးရမည်ဖြစ်သည်။ 

၅။ နေ့စဉ်စီမံကြီးကြပ်မှု

  • မွေးမြူသူများသည် နေ့စဉ်နှစ်ကြိမ် ရေကန်ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပေး၍ ဂရုစိုက်ရမည်ဖြစ်သည်။ 
  • ရေမျက်နှာပြင်အမှတ်၊ ရေအရည်အသွေးနှင့် ငါးသလဲထိုးကြီးထွားမှုအခြေအနေများကို စစ်ဆေးသွားရမည်ဖြစ်သည်။
  • ပြဿနာတစ်စုံတရာ တွေ့ရှိခဲ့ပါက အမြန်ဆုံးဖြေရှင်းပေးရမည်ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်