မိုခါမုန်တိုင်းလက်ရှိတည်နေရာနှင့်ဆက်ရွေ့မည့်လမ်းကြောင်းနှင့်အချိန်များ (ဆရာဦးဝင်းနိုင်၏ ခန့်မှန်းချက်)

13/05/2023 13:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

❗လက်ရှိအချိန် (ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်) မှာက ပုသိမ်ရဲ့အနောက်တောင်ဘက်ယွန်းယွန်း မိုင် ၃၁၀ မှာရှိနေတယ်။ ဟိုင်းကြီးကျွန်းနဲ့ဆိုရင် အနောက်ဘက်တည့်တည့် မိုင် ၂၉၀ မှာရောက်နေပြီ။

❗ဒီည သန်းခေါင်ကျော် မေ ၁၄ ရက် မနက် ၁ နာရီမှာ ပုသိမ်ရဲ့အနောက်ဘက်တည့်တည့် ၂၆၈ မိုင်ကိုရောက်မယ်။ အဲ့ဒီအချိန်မှာ မိုင် ၂၈၀ လောက်ရှိတဲ့ မုန်တိုင်းရဲ့အပြင်းဆုံးအတွင်းစက်ဝန်းက အဲ့ဒီတော့မှ စစ်တွေကမ်းခြေကို စထိမှာ။ 

❗မေ ၁၄ ရက် မနက် ၇ နာရီဆိုရင်တော့ စစ်တွေရဲ့အနောက်တောင်ဘက် ၁၁၂ မိုင်ကို ရောက်ပြီ။ ဒါက ဗဟိုကိုပြောတာနော်။ 

❗ပြီးရင် နေ့လယ် ၁၂ နာရီမှာ စစ်တွေရဲ့ အနောက်၊ အနောက်တောင်ဘက် ၆၃ မိုင်ကိုရောက်မယ်။ အဲ့ဒီ အချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းက စစ်တွေကမ်းခြေကို ကျော်ပြီးတော့ ဝင်သွားပြီ။ ရခိုင်ရိုးမ အနောက်ဘက်တောင်ခြေကို ကပ်သွားပြီ။ ဗဟိုကတော့ မဖြတ်သေးဘူး။

❗နေ့လယ် ၂ နာရီမှာတော့ မုန်တိုင်းရဲ့ဗဟိုက စပြီးတော့ ဖြတ်ပြီးတော့ ဝင်ပြီ။ အခု နောက်ဆုံး ကြိုတင် ခန့်မှန်းချက်ပုံတွေအရဆိုရင်တော့ စစ်တွေရဲ့ တောင်ဘက်ကို နည်းနည်းရောက်သွားတယ်ဗျ။ မြောက်ဦးနဲ့ မြေပုံကြားကနေ ဖြတ်တော့မှာ။ ဒါပေမဲ့ မုန်တိုင်းရဲ့အတွင်းဗဟိုအချင်းက မိုင် ၁၁၀ လောက်ထိ ရှိနေတော့ သက်ရောက်မှုက မြောက်ဘက်ဆိုရင် မောင်တောလောက်ထိတော့ ရောက်မှာပဲ။ အောက်ဘက်ဆိုရင်တော့ ကျောက်ဖြူ၊ အမ်းအထိ ရောက်တယ်။

❗ဗဟိုဝင်ပြီးသွားရင် နောက်ကမုန်တိုင်းအမြီးက မိုင် ၁၀၀ ကျော်ကျန်နေသေးတယ်။ အဲ့ဒီအချိန်မှာ မုန်တိုင်းအတွင်းစက်ဝန်းရဲ့အပြင်ဆုံးက မတူပီကျော်ပြီး ဆောတို့၊ ထီးလင်းတို့ ဂန့်ဂေါတို့ရဲ့အစပ်ကို ရောက်သွားပြီ။ 

❗ညနေ ၃ နာရီမှာတော့ မုန်တိုင်းဗဟိုက ကမ်းခြေရဲ့အတွင်းထဲကို မိုင် ၂၀ လောက်ဝင်သွားပြီ။ သူက ရခိုင်ရိုးမအစပ်ကိုဆက်ပြီးတော့ဖြတ်တယ်။ မုန်တိုင်းရဲ့အတွင်းစက်ဝန်းက ကလေး၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ မြိုင်၊ ညောင်ဦး၊ ငဖဲ၊ စေတုတ္တရာ၊ ရေနံချောင်း၊ ချောက် အဲ့ဒီတွေကို ဖြတ်ဝင်သွားပြီ။ မြင်းခြံ၊ မိတ္ထီလာထိလည်းရောက်တယ်။ 

❗အဲ့ဒီကနေ ည ၈ နာရီကျော်ရင်တော့ ချင်းတောင်တန်းကြီးကိုဖြတ်ပြီးတော့ဝင်ပြီ။ ပြီးသွားတော့မှ မုန်တိုင်းဗဟိုက ဆောရဲ့အပေါ်တည့်တည့်ကိုရောက်တယ်။ ပြီးရင်ဘယ်နေရာတွေကို ထပ်ဖြတ်မလဲ ဆိုတော့ ပေါက်၊ မြိုင်၊ မုံရွာ၊ ရွှေဘို၊ သပိတ်ကျင်း၊ မဘိန်း အဲ့ဒီမြို့တွေနားကနေဖြတ်မယ်။

❗မေ ၁၅ ရက် မနက် ၆ နာရီကျရင်တော့ ဗန်းမော်ပေါ်ရောက်ပြီးရင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားတော့မယ်။

#ရခိုင်ကမ်းရိုးတန်းကို အကြီးမားဆုံးသက်ရောက်နိုင်မယ့်အချိန်တွေက ဘယ်အချိန်တွေဖြစ်မလဲ?

“ အကြီးမားဆုံးသက်ရောက်နိုင်မယ့်အချိန်က မနက်ဖြန် နေ့လယ် ၁၂ နာရီလောက်က စမယ်။ အဲ့ဒီမှာ လေတိုက်နှုန်းက တစ်နာရီကို ၁၁၂ မိုင်နှုန်း။ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊ CAT-2 ပေါ့။ အခု ခန့်မှန်းချက်တွေအရ CAT-3 ထိပဲ ပြန်လျော့သွားတယ်ဆိုပေမဲ့ တကယ်တမ်းကုန်းတွင်းဝင်ချိန်ကျရင်တော့ CAT-2 အဆင့်ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ သူက ကုန်းတွင်းကို ကပ်လာလေလေ တောင်တွေနဲ့ထိပြီး ပေ ၅၀၀၀ အောက်က လေစီးကြောင်းတွေက ပျက်သွားမှာ။ အဲ့မှာ ကြာလေ ကြာလေ မုန်တိုင်းဖွဲ့စည်းပုံပျက်ပြီး လျော့သွားတာပေါ့” 

မှတ်ချက်။   ။ မုန်တိုင်းဝင်မယ့်လမ်ကြောင်းတစ်လျှောက်မှာရှိနေတဲ့မြို့တွေကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

Photos Crd_ U Win Naing, မိုး/ဇလ

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်