မုန်ုတိုင်းနှင့် ငလျင်ကောလာဟလများဆက်တိုက်ထွက်နေ၍ မယုံကြည်ရန် လူကယ်ပြန်ဝန်ကြီးဌာနသတိပေး

18/05/2018 10:29 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မုန်တိုင်းနှင့် ငလျင်လှုပ် ခတ်မြည်ဆိုသော သဘာဝဘေး ကောလာဟလများ ဆက်တိုက် ထွက်ပေါ်နေပြီး လူထုအနေဖြင့် သတင်းအမှားများကို မယုံကြည်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတိပေးသည်။

မေလ ၂၀ နှင့် ၂၁ ရက်တွင် Roanu အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံဒေသ များပေါ်သို့ ဖြတ်ကျော်ဝင်ရောက် မည်ဆိုသည့် သတင်းအမှားသည် ရက်ပေါင်းများစွာ ပျံ့နှံ့နေပြီး ငလျင်လှုပ်ခတ်သည့် သတင်းတစ် ခု မေလ ၁၅ ရက်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။

‘‘ကောလာဟလတွေ ဘာ ကြောင့် ထွက်နေလဲဆိုတာ ကျွန် တော်တို့လည်း စိတ်ဝင်စားနေ တယ်။ သတင်းအမှားစတင်ဖြန့် ဝေသူတွေကို စိစစ်အရေးယူဖို့ ဆို တာက ကျွန်တော်တို့နဲ့တင် မပြီး ဘူး။ လူထုအနေနဲ့က သတင်း အမှားတွေကို မယုံဖို့ တိုက်တွန်း အသိပေးလိုတယ်’’ဟု သဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောသည်။

ဝန်ကြီးဌာန၏လူမှုကွန်ရက် စာမျက်နှာတွင်လည်း သတိပေး ချက်ထုတ်ပြန်ထားကြောင်း ၎င်း က ဆက်လက်ပြောကြား သည်။

Raunu မုန်တိုင်းသည် ၂၀၁၆မေလက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခဲ့သည့် မုန်တိုင်းဖြစ် သည်။

လူထုအနေဖြင့် သဘာဝ ဘေးနှင့်ပတ်သက်သော သတင်း အမှားများကို မယုံရန်နှင့် သတင်း အမှန်  စောင့်ကြည့်ရန် မိုးလေ ဝသပညာရှင် ဒေါက်တာထွန်း လွင်နှင့် မိုးဇလဌာနက သတိပေး ထားပြီး ယခုအခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက ထပ် မံသတိပေးခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မဟုတ်မမှန်သတင်း များထုတ်လွှင့်သူကို ဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင် ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ကြေညာ ချက်ထုတ်ပြန်ထားသည်။

Source – 7 day daily

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်