မုတ်သုံ ဘယ်တော့ဝင်နိုင်လဲ..?

18/05/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မကြာခင်ရက်ပိုင်းက မွှေနှောက်သွားခဲ့တဲ့ မိုခါမုန်တိုင်းက ရခိုင်ကမ်းရိုးတန်းဒေသတွေကို တိုက်ရိုက်ထိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်စေခဲ့ကာ လူ၊ တိရစ္ဆာန်တွေ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးမှာလည်း မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အလယ်ပိုင်းဒေသအချို့မှာတော့ ရေကြီးရေလျှံမှုတွေနဲ့အတူ သီးနှံစိုက်ခင်းတွေ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ မိုးရာသီကို ရောက်ရှိစေခဲ့တာတော့ မဟုတ်ပါဘူး။ ဒီမုန်တိုင်းအပြီးမှာတော့ တချို့ဒေသတွေမှာ အပူချိန်တွေ ပြန်မြင့်တက်နေပြန်ပါတယ်။ 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်ကို ထုတ်ပြန်ထားရာ မှာလည်း ‘လွန်ခဲ့သော(၂၄)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန် တို့ထက် (၂)ဒီဂရီ စင်တီဂရိတ်ပိုခဲ့’ တယ်လို့ ဆိုထားပါတယ်။

ဆိုတော့ မြန်မာနိုင်ငံအတွက် မိုးဦးကျရာသီဖြစ်စေပြီး အပူချိန်တွေလုံးဝလျော့ကျသွားစေမယ့်၊ တောင်သူ လယ်သမားတွေအတွက် ထွန်ရေးတွေ စပြင်ရတော့မယ့် မုတ်သုံမိုးတွေဟာ ဘယ်တော့လောက်ဝင်လာနိုင်မလဲ?

နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ကတော့ မုတ်သုံဟာ လာမယ့်တစ်ပတ်အတွင်း ဝင်လာနိုင်မယ်လို့ ခန့်မှန်းကြောင်း Green Way ကို ပြောပါတယ်။

“ မေလ ၂၁၊ ၂၂ လောက်ဆိုရင်ကို တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ တနင်္သာရီဒေသတွေိကို ဝင်မယ့်အနေအထားရှိပါတယ်။ ဥပမာအားဖြင့် ထားဝယ်ဆိုပါတော့။ အဲ့ဒီမှာဆို ၂၃၊ ၂၄ လောက်ကစပြီး အနောက်လေတိုက်တယ်။ ပြီးရင် မိုးဆက်ပြီးရွာလာမယ်ပေါ့။ ထားဝယ်ထက် တောင်ဘက်ပို ကျတဲ့ မြိတ်မှာဆိုရင်တော့ အဲ့ဒီအချိန်မှာ အနောက်လေပါ ပြင်းလာတော့မယ်။ အဲ့တော့ သူ့ရဲ့အပေါ်ဘက် မော်လမြိုင်လိုနေရာမျိုးတွေမှာလည်း ၂၃ ရက်လောက်ကစပြီး မိုးစပြီး ကျလာနိုင်တဲ့အခြေအနေတွေ့ရတယ်။ နောက် ရန်ကုန်တို့မှာတော့ အဲ့ဒီအချိန်မှာ မိုးစကျနိုင်တဲ့အနေအထားနည်းနေသေးတယ်။ ဒါပေမဲ့ အနောက်လေ၊ အနောက်တောင်လေတွေကတော့ ပြင်းပြင်းတိုက်နေလောက်ပြီ။ နောက်တစ်ခုက ဧရာဝတီတိုင်း ပုသိမ်ဘက်ကို ကြည့်တော့လည်း အဲ့ဒီအချိန်မှာ မိုးရွာနိုင်တဲ့အနေအထား နည်းနေသေးတယ်။ သို့သော် ၂၂ ရက်နေ့လောက် ကစပြီး မိုးရွာ၊ လေတိုက်မျိုးလောက်ကတော့ ရှိမယ်။ အဲ့တော့ ပြောချင်တာက ဘာလဲဆိုတော့ တနင်္သာရီ တိုင်းကို ဝင်မယ့်အနေအထားကတော့ ၂၂ ဝန်းကျင်လောက်မှာ သေချာတယ်။ မော်လမြိုင်လောက်ထိ မိုးတောက် လျှောက်ဆက်သွားနိုင်တယ်။ ဧရာဝတီနဲ့ ရန်ကုန်ကတော့ လျော့နေသေးတယ်။ မိုးနည်းနေနိုင်သေးတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အခုဖြစ်နေတဲ့ တောင်ဘက်ခြမ်းက ဆိုင်ကလုန်းမုန်တိုင်း FABIEN နဲ့ အိန္ဒိယတောင်ပိုင်းနဲ့ကြားထဲမှာ အထက် လေပွေလှိုင်းလေးတစ်ခုရယ်၊ ဘန်ဒါအာချေးနား တောင်ပိုင်းရဲ့ အီကွေတာပေါ်တည့်တည့်လောက်မှာ ဖြစ်နေတဲ့ လေပွေလှိုင်းကြီးတစ်ခုရယ်က မြန်မာနိုင်ငံထဲကို မုတ်သုံဝင်နိုင်အောင် အခုအချိန်မှာ တွန်းပေးနေတာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မုတ်သုံဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ စဝင်လာပြီးနောက် တဖြည်းဖြည်းနဲ့ အထက်ပိုင်းတွေဆီ ရောက်လာမှာဖြစ်ကာ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ ဇွန် ၅ ရက်၊ ၆ ရက်လောက်မှာ မုတ်သုံဝင်သွားလောက်ပြီးဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ၂၀၂၂ မေ ၁၆၊ ၁၇ လောက်မှာ တနင်္သာရီတိုင်းတစ်ခုလုံးကို မုတ်သုံဝင်စဝင်ခဲ့ပြီး မေ ၁၈၊ ၁၉ မှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းကိုဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မေလ ၂၀ ရက်နဲ့ ၃၀ ရက် ကြားမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ရခိုင်ကမ်းရိုးတန်းထိ၊ မေ ၃၁ ကနေ ၁ ရက်ကြားမှာတော့ အထက်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေး အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့ထိ ဝင်သွားခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဝင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ 

ဆိုတော့ လက်ရှိခန့်မှန်းချက်တွေအရတော့ ဒီနှစ် မုတ်သုံအဝင်ဟာ ပြီးခဲ့တဲ့နှစ်ထက် အနည်းငယ်နောက်ကျနေ တာ တွေ့ရပါတယ်။ အဲ့ဒီလို မနှစ်ကထက်စာရင် အခုနှစ်မှာ မုတ်သုံအဝင် နောက်ကျရတဲ့အကြောင်းရင်းကိုတော့ ဦးဝင်းနိုင်က အခုလို ရှင်းပြပါတယ်။

“ ပြီးခဲ့တဲ့နှစ်စောသွားတာက လာနီညာအကျန်ရှိနေလို့။ အခုကတော့ လာနီညာဆုတ်သွားပြီ။ အယ်နီညိုမဟုတ်၊ လာနီညာမဟုတ် ကြားနေရာသီဥတု(Neutral) ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ ပြီးတော့ Indian Ocean Dipole (IOD) ကလည်း Neutral မှာပဲရှိတယ်။ ဆိုတော့ ရာသီဥတုအစွန်းရောက်ဖြစ်စဉ်တွေဖြစ်တဲ့ အယ်နီညို၊ လာနီညာ ကော၊ Indian Ocean Dipole ကော နှစ်ခုစလုံးက Neutral မှာပဲရှိနေတော့ မုတ်သုံက ပုံမှန်အတိုင်းပဲ ဝင်တာ”

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်ကို ထုတ်ပြန်ထား ရာမှာတော့ ‘လွန်ခဲ့သော(၂၄)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်’ လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာလည်း ‘ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်’ လို့ မိုးဇလ က ခန့်မှန်းထားတာတွေ့ရပါတယ်။ 

ဆိုတော့ တချို့ဒေသတွေမှာတော့ အခုအချိန်မှာကတည်းက မိုးရွာသွန်းမှုအချို့ရှိနေတဲ့သဘောဖြစ်ပါတယ်။ ဒါပေမဲ့ မုတ်သုံမိုးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မိုးရာသီဖန်တီးပေးမယ့် မုတ်သုံမိုးတွေရဲ့ ရောက်ရှိလာနိုင်ချိန် ဟာ မကြာတော့တဲ့အချိန်အတွင်းမှာဖြစ်လာတော့မှာလို့ ဦးဝင်းနိုင်က ခန့်မှန်းလိုက်ပါကြောင်း...

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်