မုန်တိုင်းနိုရူးအရှိန်လျော့ကျသွားပြီး အောက်တိုဘာ ၁ ရက်မနက်ပိုင်း 'လေပွေလှိုင်းအဆင့်' ဖြင့် မြန်မာနိုင်ငံကို ဖြတ်မည်

29/09/2022 16:38 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း နိုင်ငံတွေမှာ သက်ရောက်မှုကြီးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း နိုရူးရဲ့အရှိန်ဟာ လျော့ကျသွားလို့ မြန်မာနိုင်ငံကို ယခင်ခန့်မှန်းထားတဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအရှိန်နဲ့မဟုတ်တော့ဘဲ ကုန်းတွင်းလေပွေလှိုင်းအဆင့်နဲ့သာ ဖြတ်သန်းတော့မယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပါတယ်။ 

အဲ့ဒီလို လျော့ကျသွားပေမယ့် ဘင်္ဂလားပင်လယ်အော်ဘက်မှာ အထက်လေဝဲစီးကြောင်းတစ်ခု ဖြစ်လာ နေလို့ ယခင်မိုးရွာနိုင်ချေခန့်မှန်းမှုတွေကတော့ လျော့ကျသွားတာမျိုးမရှိနိုင်ဘူးလို့ ဦးဝင်းနိုင်က ပြောပါ တယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကုန်းတွင်းလေပွေလှိုင်းတွေ ဘယ်တော့ဖြစ်မလဲ။ ဘယ်ဒေသတွေမှာ မိုးကြီးနိုင်လဲ။ ယခင်ခန့်မှန်းထားတဲ့ တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ချေကကော ဘယ်လိုဖြစ်သွားပြီလဲ စတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

နိုရူးမုန်တိုင်းရဲ့နောက်ဆုံးအခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ 

“ တိုင်ဖွန်းမုန်တိုင်း နိုရူး အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်း လေပွေလှိုင်းအဆင့်ထိ လျော့ကျသွားပြီ။ ဆိုတော့ အားပျော့သွားတာပေါ့။ တစ်နာရီကို ၁၈ မိုင်နှုန်းလောက်ပဲ လေတိုက်နှုန်းရှိတော့တယ်။ အခု လောလောဆယ်မှာ သူက ထိုင်းနိုင်ငံရဲ့အရှေ့ပိုင်းကနေပြီးတော့ အလယ်ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်ပြီးတော့ ရွေ့နေတယ်။ ရွေ့လာတဲ့အနေအထားမှာ တိုင်ဖွန်းမုန်တိုင်းရဲ့ တိမ်တိုက်ထုထည်ကလည်း တော်တော်ကြီးတော့ အဲ့ဘက်မှာတော့ မိုးတော်တော် များသွားတယ်။ အဲ့တော့ ကျွန်တော်တို့ဘက်မှာကျတော့ ခုန တိုင်ဖွန်းမုန်တိုင်းက ထိုင်းနိုင်ငံထဲမှာ အလယ်ပိုင်းကနေ အနောက်ဘက်ကို ရွေ့နေတဲ့တစ်ချိန်တည်းမှာ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းပင်လယ်ပြင်မှာ ၂၇ ရက်နေ့ညကစပြီး အထက်လေဝဲစီးကြောင်းတစ်ခု စဖြစ်လာတယ်။ ဆိုတော့ ဒီဖြစ်လာတဲ့ လေဝဲစီးကြောင်းရဲ့အခြေအနေကြောင့် ကျွန်တော်တို့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အနောက်ဘက်က တိုက်တဲ့လေစီးကြောင်းကြီးက တော်တော်အားကောင်းလာတယ်။ အနောက်ကနေ အရှေ့မြောက်ဘက်ကို တိုက်တာ။ အနောက် တောင်လေ ခေါ်တာပေါ့။ ဆိုတော့ မုတ်သုံလေအားကောင်းလာတာပေါ့”  

“ ဒီတော့ ဘာဖြစ်သွားလဲဆိုတော့ နိုရူးရဲ့ အကြွင်းအကျန်တိမ်တိုက်တွေကို ပိုပြီး ပြန့်ကျဲသွားစေတယ်။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ချက်က မြန်မာနိုင်ငံကိုရွေ့မယ့် ကုန်းတွင်းလေပွေလှိုင်းကိုလည်း နှေးသွားစေတယ်။ ဆိုတော့ ဒီဘက်ကိုဝင်မယ့်ခန့်မှန်းလမ်းကြောင်းက နောက်ဆုတ်သွားတယ်။ ဒါပေမဲ့ ဒီလေပွေလှိုင်းက အရင်တုန်းက အရှေ့လေပွေလှိုင်းပုံစံမျိုးတော့ ဝင်လာမယ်။ ၁ ရက်နေ့ မနက် အစောပိုင်းကစပြီးတော့ ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ် နယ်စပ်လောက်ကနေ စဝင်ပြီး တော့ ပုံထဲကအတိုင်းပဲ မိတ္ထီလာတို့၊ မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံတို့ဘာတို့ကို ဖြတ်ပြီးတော့ ချင်းပြည်နယ်ဘက်ကနေ အိန္ဒိယဘက် ထွက်သွားမှာပေါ့။ လမ်းကြောင်းကတော့ မပြောင်းဘူး။ သို့သော် ဝင်လာမယ့်တိမ်တိုက်ထုထည်၊ လေတိုက်နှုန်း အဲ့ဒါတွေတော့ ကျသွားတယ်” 

ဆိုတော့ မိုးများနိုင်ချေတွေက ဘယ်လိုဖြစ်သွားမလဲ

“ သက်ရောက်မှုနည်းသွားနိုင်တယ်ဆိုပေမယ့် ခုနပြောတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းက လေဝဲစီးကြောင်းက အောက်တိုဘာ ၄ ရက်နေ့ကျရင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားတယ်။ အဲ့ဒါနဲ့ နိုရူးရဲ့အကြွင်းအကျန်ပြင်းအားရယ် နှစ်ခုပေါင်းပြီး အရင်ခန့်မှန်းထားတဲ့ အတိုင်း မိုးကြီးတာတွေကတော့ ဖြစ်မှာ။ ဒီနေ့ကနေ အောက်တိုဘာ ၄ ရက်နေ့လောက်ထိ သွားနိုင်တယ်” 

ဘယ်ဒေသတွေမှာ အဓိက မိုးကြီးတာတွေ ဖြစ်နိုင်မှာလဲ

“ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ နေရာကွက်ပြီး မိုးများနိုင်တဲ့အနေအထားမျိုးတော့ဖြစ်မယ်။ ကုန်းတွင်းလေပွေလှိုင်းနဲ့ ဘင်္ဂလား ပင်လယ်အော်က အထက်လေဝဲစီးကြောင်း နှစ်ခုပေါင်း အရှိန်တွေကြောင့်ပေါ့” 

“ ဒီနေ့ ၂၉ ရက်နေ့မနက်ပိုင်းကတည်းက အရှေ့ဘက်က ပြန့်ကျဲသွားတဲ့တိမ်တိုက်တွေက မြန်မာပြည်ထဲ ကို စပြီးတော့ ဝင်နေပြီ။ အလယ်ပိုင်းဒေသတွေထိလည်း ရောက်နေပြီ။ ဆိုတော့ တချို့နေရာတွေ မိုးအုံ့ နေပြီး မြစ်ဝကျွန်းပေါ် တချို့နေရာတွေကတော့ ရွာနေပြီလို့ပြောတယ်” 

“ နောက်တစ်ခုက ၁ ရက်နေ့နဲ့ ၄ ရက်နေ့ဝန်းကျင်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်တယ် ဆိုတဲ့အတွက် ဧရာဝတီ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာက အောက်တိုဘာ ၄ ရက်နောက်ပိုင်းမှာလည်း မိုးဆက်ပြီးများဦးမယ့်အနေအထားရှိနေတယ်။ လေဖိအားနည်းရပ်ဝန်း ဘယ်လောက်ထိအားကောင်းလာမလဲဆိုတဲ့အခြေအနေကိုတော့ ဆက်ပြီးတော့ စောင့်ကြည့်ရဦးမှာပေါ့”  

တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားတဲ့အခြေအနေက ဘယ်လို ဖြစ်သွားပြီလဲ..

 “ သူကလည်း လေပွေလှိုင်းပဲဖြစ်သွားပြီးတော့ ဟိုင်နန်ကနေဝင်ပြီးတော့ နိုရူးနောက်ဘက်မှာ အခု သူက တိမ်တိုက်အနေနဲ့ပဲ စုစည်းပြီးတော့လာနေတယ်။ သူက မုန်တိုင်းဖြစ်မယ့်အခြေအနေတော့ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ဟိုဘက် အရှေ့ဖိလစ်ပိုင်ပင်လယ်ဘက်မှာ မုန်တိုင်းတစ်လုံးဖြစ်တာ ရှိတယ်။ 97W ROKE လို့ ခေါ်တယ်။ တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ လေစီးကြောင်းနဲ့ တိမ်တိုက် တွေက အဲ့ဒီဘက်ကို ပြန့်ကုန်တယ်။ ဆိုတော့ ဒီဘက်မှာ အားပျော့သွားပြီး ရိုးရိုးလေဖိအားနည်း ရပ်ဝန်း လေးလောက်ပဲဖြစ်ပြီးတော့ ဒီဘက်က တိမ်တိုက်အကြွင်းအကျန်နဲ့ ဆက်ပြီးတော့ ပေါင်းမှာပေါ့။ ဆို တော့ သူ့ရဲ့မြန်မာပြည်ကို သက်ရောက်မှုကတော့ အရမ်းကြီး မရှိတော့ဘူး”  

( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

 (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်