သီးနှံဖျက်ပိုးများနှင့် အကျိုးပြုပိုးများ၏ သဘာဝမျှခြေ

24/04/2020 11:30 AM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 တောင်သူဦးကြီးတို့ မင်္ဂလာပါခင်မျာ။

သီးနှံများတွင် အင်းဆက်ဟုဆိုရာတွင် အကျိုးပြုပိုးနှင့် ဖျက်ပိုးဟူ၍ () မျိုးရှိပါသည်။ သီးနှံများတွင် ထိုပိုး()မျိုးစလုံးအကောင်အရေတွက် သဘာဝမျှခြေအခြေအနေတွင် တည်ရှိ နေရပါမည်။ အကျိုးပြုပိုးများက ဖျက်ပိုးများကို ထိန်းချုပ်ထားနိုင်သော အခြေအနေကို သဘာဝမျှခြေဟုခေါ်ပါသည်။ အကျိုးပြုပိုးများ၏ အကောင်ဦးရေသည် ဖျက်ပိုးများ၏ အကောင်ဦးရေထက်နည်းနေတက်ပါသည်။ သို့သော်လည်း အကျိုးပြုပိုးတစ်ကောင်သည် ဖျက်ပိုးအကောင် အတော်များများကို ဖျက်စီးနိုင်ပါသည်။ ဥပမာ- လိပ်ခုံးကျိုင်းတစ်ကောင် သည် တစ်နေ့လျှင် ပျ (၁၀) ကောင်ကို စားသောက်နိုင်သည်၊ ရှိခိုးကောင်တစ်ကောင်သည် တစ်နေ့လျှင် ဖျက်ပိုးသားလောင်း(၁၀)ကောင် စားသောက်ဖျက်ဆီးနိုင်သည်။ သဘာဝအတိုင်း ဆိုရင် သီးနှံများတွင် ဖျက်ပိုးများက သီးနှံများကို စားသောက်နေထိုင်ပြီး အကျိုးပြုပိုးများက ထိုဖျက်ပိုးများကို တဖန်ပြန်လည်၍ စားသောက် ဖျက်ဆီးပါသည်။ ဖျက်ပိုးများက သီးနှံများကို စားသောက် နေထိုင်သည်ဟု ဆိုရာတွင်လည်း အထွက်နှုန်းကို ထိခိုက်လောက်အောင် မစားသောက်နိုင်သော အကောင်အရေအတွက် ရှိရပါမည်။

ထို့ကြောင့် သီးနှံများတွင် ဖျက်ပိုးများ တွေ့တိုင်းပိုးသတ်ဆေးများ မဖျန်းသင့်ပါ။ သီးနှံများ၏ စီးပွားရေးကျော်လွန်စည်းမရောက်မချင်း ပိုးသတ်ဆေးများမသုံးဘဲ အခြားသော ကာကွယ်နှိမ်နင်းနည်းများအသုံးပြု၍ ကာကွယ်ရပါမည်။ သီးနှံအထွက်နှုန်းကို ထိခိုက်စေသော အကောင်အရေအတွက်တွေ့မှသာ ဘက်ပေါင်းစုံကာကွယ်နှိမ်နင်း၏ နောက်ဆုံးလက်နက််ဖြစ်သော ဓာတုပိုးသတ်ဆေးများကို သုံးသင့်ပါသည်။ အထွက်နှုန်းကို ထိခိုက်စေသော ဖျက်ပိုးအကောင်အရေအတွက်မှာလည်း ဖျက်ပိုးအမျိုးအစားပေါ်တွင် မူတည်ပါသည်။ ထိုသို့ ဓာတုပိုးသတ်ဆေးများအသုံးပြုရာတွင်လည်း သတ်မှတ်ထားသော နှုန်းထားအတိုင်း အသုံး ပြုရပါမည်။

တောင်သူအများစုသည် ယာခင်းထဲတွင် ပိုးတွေ့လျှင် အကျိုးပြုပိုးလား၊ ဖျက်ပိုးလား စဥ်းစားမနေပဲ ပိုးသတ်ဆေးများဖျန်းကြပါသည်။ သီးနှံဖျက်ပိုးများသည် အပင်များတွင် ပုန်းလျှိုးကွယ်လျှိုးနေတက်ပြီး ပေါက်ပွားမှုနှုန်းမြန်၍ များပါသည်။ အကျိုးပြုပိုးများသည် ပေါ်ပေါ်ထင်ထင်နေပြီး ပေါက်ပွားမှုနှုန်းနှေး၍ နည်းပါသည်။ တောင်သူများသည် ပိုးသတ် ဆေးဖျန်းသောအခါ မိမိတို့ရှေ့တွင် ပိုးကောင်များသေမှသာ ကာကွယ်နိုင်သည်ဟု ထင်ကြပါ သည်။ ထို့ကြောင့် ပိုးသတ်ဆေးများကို နှုန်းထားများများဖြင့် အသုံးပြု၍ ဖျန်းကြပါသည်။ ထိုအခါ သီးနှံများ တွင်ရှိသော ဖျက်ပိုးရော၊ အကျိုးပြုပိုးများပါ သေဆုံးကြရပါသည်။ ထို့သို့ ပိုးများတွေ့တိုင်း ပိုးသတ်ဆေးများကြိမ်ဖန်များစွာဖျန်းလာသောအခါ သီးနှံဖျက်ပိုးများသည် ပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိလာသည်ကို တွေ့ရပါသည်။

နောက်တစ်နှစ် သီးနှံပြန်စိုက်သောအခါ ပိုးမွှားများ ပြန်လည်မျိုးပွားကြပါသည်။ ထိုအချိန်တွင် ဖျက်ပိုးများက ပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိလာသောကြောင့် လျှင်မြန်စွာ မျိုးပွားနိုင်ပြီး အကျိုးပြုပိုးများသည် အကောင်ဦးရေနည်းသောကြောင့် လျှင်မြန်စွာမျိုးမပွား နိုင်ပါ။ ထို့ကြောင့် ဖျက်ပိုးများကို နှိမ်းနင်းရာတွင် အကျိုးပြုပိုးများ မသေစေရန် အရေးကြီးပါ သည်။ အကျိုးပြုပိုးများ မသေစေရန် ကာကွယ်နှိမ်နင်းများမှာလည်း သဘာဝပိုးသတ်ဆေးများ အသုံးပြုခြင်း၊ ဇီဝနည်းအားဖြင့် ကာကွယ်နှိမ်နင်းခြင်း(သက်ရှိကို သက်ရှိဖြင့် နှိမ်နင်း ခြင်း)၊ အနံ့ဖြင့်စွဲဆောင်သောထောင်ချောက်များထောင်၍ အင်းဆက်များကိုဖမ်းယူခြင်း၊ အသံဖြင့်စွဲဆောင်သော ထောင်ချောက်များထောင်၍ အင်းဆက်များကိုဖမ်းယူခြင်း၊ စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်းများ၊ ခံနိုင်ရည်ရှိသော မျိုးများစိုက်ပျိုး၍ ကာကွယ် နှိမ်နင်းခြင်းများ၊ ဘက်ပေါင်းစုံနည်းလမ်းများဖြင့် ကာကွယ်နှိမ်နင်းခြင်းများ၊ ဖျက်ပိုးများကို လက်များဖြင့် ဖမ်းယူခြင်းဖြင့် နှိမ်နင်းခြင်း စသည်တို့ဖြစ်ပါသည်။ ထို့ကြောင့် တောင်သူဦးကြီး များအနေနှင့် ပိုးသတ်ဆေးကုန်ကျစရိတ်များ သက်သာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းနည်းများအသုံးပြု၍ အကျိုးပြုပိုးများ ရှင်သန်ရန် နေရာများဖန်းတီးပေးပြီး သဘာဝမျှခြေအခြေအနေကို ထိန်းသိမ်းထားကြပါစို့.........

ချမ်းသာဦး

 ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်