ဗီယက်နမ်ကမ်းခြေကို ဖြတ်ဝင်မယ့် မုန်တိုင်းအရှိန်က မြန်မာနိုင်ငံကို ဘယ်လိုသက်ရောက်နိုင်မလဲ

14/10/2022 16:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ INVEST-90W က အားပိုကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း TD-22(TWENTY TWO)ဖြစ်လာကာ ဗီယက်နမ်ကမ်းခြေကို အောက်တိုဘာလ ၁၄ ရက် ဒီနေ့ညပိုင်းမှာ အပူပိုင်း မုန်တိုင်း(Tropical Storm - TS-22)အဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်တော့မယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီအရှိန်ရဲ့သက်ရောက်မှုကြောင့် အရှေ့ဘက်က တိမ်တိုက်တွေ မြန်မာနိုင်ငံထဲကို ဝင်ရောက်နေပြီး ဒီနေ့ အောက် တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက် မွန်းလွဲ/ညနေပိုင်းတွေမှာ တပြည်လုံးမိုးရွာသွန်းနိုင်တာတွေ ရှိလာနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒါနဲ့ပတ်သက်လို့ မုန်တိုင်းသက်ရောက်နိုင်မှုအခြေအနေ၊ လာမယ့် ၃ ရက်အတွင်း မိုးရွာနိုင်တဲ့ ဒေသတွေ အခြေအနေနဲ့ ရှေ့ဆက်ဖြစ်လာနိုင်တဲ့ မိုးလေဝသအခြေအနေတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

#အပူပိုင်း မုန်တိုင်း(Tropical Storm - TS-22)က မြန်မာနိုင်ငံကို ဘယ်လောက်သက်ရောက်မလဲ

အခုလောလောဆယ် ကျွန်တော် တိမ်တွေကို ကြည့်တာတော့ အရှေ့မြောက်လေစီးကြောင်း အားကောင်းတဲ့ အတွက် ဗမာပြည်ရဲ့တောင်ပိုင်းဒေသတွေကိုပဲ သက်ရောက်မှုရှိမယ်။ မုတ်သုံလည်း ဆုတ်နေတဲ့အချိန်ဖြစ်နေ တယ်ဆိုတော့ အလယ်ပိုင်းကိုတော့ သိပ်ပြီး အများကြီး သက်ရောက်မှုမရှိဘူး။ အများဆုံးကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ဒီဒေသတွေကိုပဲ အများဆုံး သက်ရောက်မှု ရှိမယ်။

#နောက် ၃ ရက်အတွင်း မိုးရွာနိုင်ခြေရှိတဲ့ ဒေသများ

“ ၃ ရက်အတွင်း မိုးများနိုင်တဲ့နေရာတွေဆိုရင်တော့ မိုးက တအားများမယ့်အနေအထားမျိုးတော့မရှိတော့ဘူး။ ရှမ်းပြည်နယ်ကလွဲရင် ကျန်တဲ့နေရာအကုန်လုံးမှာတော့ ၁ လက်မ၊ ၁ လက်မခွဲဝန်းကျင်လောက်ပဲ မိုးရွာနိုင်တဲ့ အနေအထားတွေ့ရတော့တယ်။ တောင်ပိုင်းအစွန်း ကော့သောင်နဲ့ ကချင်ပြည်နယ်ဘက်ဆိုလည်း အဲ့လောက်ပဲ ရှိတော့မယ်။ ရှမ်းပြည်နယ်ဘက်မှာတော့ သိသိသာသာ နည်းသွားမယ်။ ၂၅ ရက်နေ့နောက်ပိုင်း လောက်ကျရင် မိုးတောင်မှ ပြတ်သွားတော့မယ့် အနေအထားမျိုး တွေ့နေရတယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာဆို နောက် ၃ ရက် အတွင်းမှာကို မိုးနည်းသွားပြီ" 

#ရှေ့ဆက်ဖြစ်လာနိုင်တဲ့ မိုးလေဝသအခြေအနေတွေ ဘယ်လိုရှိမလဲ

“ကျွန်တော်တို့ ထပ်ပြီးတော့ ကြိုတင်ခန့်မှန်းချက်တွေ့ထားတဲ့အနေအထားအရဆိုရင်တော့ ၁၉၊ ၂၀ ဝန်းကျင် လောက်မှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းကနေပြီးတော့ မုန်တိုင်းဖြစ်လာနိုင်တဲ့ အခြေ အနေတစ်ခုရှိနေတယ်။ အဲ့ဒါက ၁၇၊ ၁၈ လောက်ဆိုရင်ကို အစပျိုးမှာ။ ဆိုတော့ သူက ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့နေရာဆိုတော့ မြိတ်ရဲ့အနောက်တောင်ဘက်တည့်တည့် ပို့ဘလဲယားကျွန်းရဲ့တောင်ပိုင်းလောက်ကနေ စပြီးတော့ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ အစပျိုးမယ်။ ပြီးတော့ နောက်ဘက်ကို ဆက်မရွေ့ခင်မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာပဲ တဖြည်းဖြည်းနဲ့ အားကောင်း လာမယ်။ ပြီးမှ ပို့ဘလဲယားကျွန်းတောင်ပိုင်းကိုကျော်ပြီးတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းထဲကို ရောက်တယ်။ ရောက်ပြီးတော့မှ ဆက်ပြီးတော့ အနောက်၊ အနောက်မြောက်ဘက်တွေကို ဆက်ပြီးတော့ ရွေ့ရင်းကနေပြီးတော့ ၂၁ ရက်လောက်မှာ မုန်တိုင်းငယ်အဆင့် အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ခန့်မှန်းထားတယ်” 

“ အဲ့ဒီအခြေအနေဖြစ်လာရင်တော့ ပင်လယ်ပြင်က ကမ်းနီး ငါးဖမ်းရေလုပ်ငန်းနေရာတွေကာ၊ ဧရာဝတီတိုင်းမှာ ကော၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်တွေမှာကော လေပြင်းတွေကျနိုင်တယ်။ အခု တွေ့နေရတဲ့အနေအထားအတိုင်းဆိုရင်တော့ အရှေ့ဘက်က နေ လေပြင်းတွေက တစ်နာရီ မိုင် ၃၀၊ ၄၀ လောက်ထိကို တိုက်နိုင်တယ်။ နောက်တစ်ခုက မိုးကလည်း အဲ့သလိုပဲ။ နေရာတစ်နေရာလောက် စံပြုယူပြီး ပြောမယ်ဆိုရင် ဧရာဝတီတိုင်း ပြင်စလူ၊ လပွတ္တာ၊ ဘိုကလေး အဲ့လိုနေရာတွေမှာဆိုရင် ၂၀၊ ၂၁ ရက် မတိုင်ခင် လောက်ကတည်းက လေပြင်းတွေစကျနိုင်တယ်။ ပြီးတော့ ၂၁ ရက်နေ့ကျရင် မိုးသက်လေပြင်းကျနိုင်တဲ့ အခြေ အနေ တွေ့ရတယ်။ ဒါကတော့ ကြိုတင်ခန့်မှန်းချက်ပဲ ရှိသေးတာပေ့ါ့နော်။ မုန်တိုင်းရွေ့နိုင်တဲ့လမ်းကြောင်းပေါ် တော့ မူတည်တာပေါ့” 

“ လမ်းကြောင်းက မြောက်ပိုင်းကို တက်လာပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းအထိ တက်လာနိုင်တယ် ဆိုရင်တော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ နောက် ချောင်းသာတို့၊ ငွေဆောင်တို့  အဲ့ဒီ ကမ်းရိုးတန်း တစ်လျှောက်တွေမှာ လှိုင်းကြီးနိုင်တယ်။ ၇ ပေ၊ ၈ ပေလောက်ပဲ။ ဒီ့ထက်တော့မများဘူး။ ဘာလို့လဲ ဆိုတော့ မုတ်သုံရှိနေစဉ်အချိန်ကလို လေက ပင်လယ်ကနေ ကုန်းတွင်းကိုတိုက်တာမဟုတ်ဘဲ ကုန်းတွင်းကနေ ပင်လယ်ကို ပြန်တိုက်တဲ့အနေအထားမျိုးဖြစ်နေလို့” 

“ အလယ်ပိုင်းဒေသဆိုရင် ၁၉၊ ၂၀ ရက် နောက်ပိုင်းလောက်ကျရင် ကျောက်ဆည်လိုနေရာမျိုးတောင်မှ မိုးတိမ် မဖြစ်သလောက်ဖြစ်သွားပြီ။ ဒါပေမဲ့ ခုနေပြောတဲ့ မုန်တိုင်းအရှိန်ကြောင့် ၂၃၊ ၂၄ လောက်ကျရင်တော့ မိုးနည်းနည်း ပြန်ရနိုင်တယ်” 

( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

 (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်