မြန်မာနိုင်ငံနှင့် သြဂဲနစ်စိုက်ပျိုးရေး

06/04/2020 13:30 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူဦးကြီးတို့ မင်္ဂလာပါခင်မျာ။

သြဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ သီးနှံတစ်ခုကို စတင်စိုက်ပျိုးရန် မြေပြင်ချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ မည်သည့် ဓာတုပစ္စည်းကိုမှ အသုံးမပြုဘဲ သဘာဝအတိုင်းစိုက်ပျိုးခြင်း ဖြစ်ပါသည်။ ဓာတုပစ္စည်းဆိုသည်မှာ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ဟော်မုန်းများ စသည်တို့ ဖြစ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် သြဂဲနစ်စိုက်ပျိုးရေးသို့ ရောက်ရှိရန် အတော် ခက်ခဲပါအုံးမည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာရှိ တောင်သူအများစုသည် ပိုးသတ်ဆေးဟုဆိုလိုက်သည်နှင့် ဓာတုပိုးသတ် ဆေးတွေကိုသာ ပြေးမြင်ကြပါသည်။ သဘာဝပိုးသတ်ဆေးပြုလုပ်နည်း၊ သဘာဝအတိုင်းရောဂါပိုးကာကွယ်နှိမ်နင်းနည်းလမ်းများကို သိရှိမှု အားနည်းခြင်း၊ သိသော်လည်း အသုံးပြုမှုနည်း ခြင်းတို့ကြောင့် ဖြစ်ပါသည်။ မြေသြဇာဆိုလိုက်သည်နှင့်လည်း ဓာတုမြေသြဇာများကိုသာ ပြေးမြင်ကြပါသည်။ မြန်မာနိုင်ငံတွင် နွားချေး၊ ကြက်ချေးများ ရှားပါခြင်းကတစ်ကြောင်း၊ ဓာတုမြေသြဇာတွေက အလွယ်တကူရရှိပြီး အပင်များအတွက် လျှင်မြန်စွာကြီးထားခြင်းကတစ်ကြောင်း၊ သဘာဝမြေသြဇာတွေပြုလုပ်ရန် ဗဟုသုတမရှိခြင်းကြောင့် ဓာတုမြေသြဇာများကို အသုံးများနေကြခြင်းဖြစ်ပါသည်။ ဓာတုပစ္စည်းများသည် လူ၏ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ပတ်ဝန်းကျင်ကိုပါ များစွာထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် သြဂဲနစ်စိုက်ပျိုးရေးကို မည်သို့ သွားကြမည်နည်း?

မြန်မာနိုင်ငံမှ ပြည်ပသို့ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် သီးနှံများကို တင်ပို့ရာတွင် ဓာတ်ကြွင်းအာနိသင်များ သီးနှံများထဲတွင် ကျန်နေသောကြောင့် ဈေးအနှိမ်ခံရခြင်းများ၊ တင်သွင်းခွင့်များပိတ်ပင်ခြင်းများ မကြာခဏဆိုသလို ကြားနေရပါသည်။ ဓာတ်ကြွင်းအာနိသင်များ သီးနှံများထဲ၌ အဘယ့်ကြောင့် ကျန်ရှိနေသနည်းဆိုလျှင် ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ဓာတုမြေသြဇာများ စသည်တို့ကို လိုသည်ထက်ပို၍ အဆမတန်သုံးစွဲကြခြင်းကြောင့် ဖြစ်ပါသည်။

ပြည်တွင်းသီးနှံများ ပြည်ပသို့ တင်ပို့နိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးနိုင်မည် ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့နိုင်ရန်ဆိုလျှင် သီးနှံများ၌ ဓာတ်ကြွင်းအာနိသင်များ အနည်းဆုံးလျော့ချပေးနိုင်မှ ဈေးကောင်းရ၍ တင်ပို့နိုင်မည် ဖြစ်ပါသည်။ ထိုသို့လျော့ချနိုင်ရန် နိုင်ငံတကာတွင် အသုံးပြုနေသော GAP (Good Agricultural Practices) စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးရပါမည်။ GAPဆိုသည်မှာ သီးနှံတစ်ခုကို စတင်စိုက်ပျိုးရန် မြေပြင်ချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ဓာတုပစ္စည်းများ အနည်းဆုံး အသုံးပြု၍ စားသုံးသူများ နှင့် ပတ်ဝန်းကျင်အတွက် ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် စိုက်ပျိုးခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင် GAP ဆိုသည်မှာ သြဂဲနစ်စိုက်ပျိုးရေး၏ အခြေခံဖြစ်ပါသည်။ ယခုလက်ရှိမြန်မာနိုင်ငံတွင် GAPနည်းစနစ်ဖြင့် စိုက်ပျိုးသော သီးနှံများမှာ သာမန်စိုက်ပျိုးသော သီးနှံများထက် ဈေးနှစ်ဆနီးပါး ပိုရရှိသည်ကို တွေ့ရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့် သြဂဲနစ်စိုက်ပျိုးရေးကို သွားမည်ဆိုလျှင် ယခုလက်ရှိ အခြေအနေမှ ချက်ချင်းကြီးသွားနိုင်ရန် မလွယ်ကူလှပါ။ GAP မှတစ်ဆင့် ဖြည်းဖြည်းချင်း သွားမည်ဆိုလျှင်တော့ ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံအနေနှင့် GAP နည်းစနစ်ဖြင့် သီးနှံများ စိုက်ပျိုးနိုင်လျှင် တောင်သူများအတွက် အတော်လေးအကျိုးရှိနိုင်ပါသည်။ GAPစနစ်ကို တောင်သူတိုင်းလိုက်နာ ကျင့်သုံးရန် တွန်းအားပေးဆောင်ရွက်နေမှုများရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် လွယ်ကူမည်တော့မဟုတ်ပါ။ မလွယ်ကူဟုဆိုသော်လည်း ခက်ခဲနေခြင်းကား မဟုတ်ပါ။ တောင်သူတစ်ဦးချင်းမှ GAPစနစ်ကို ကျင့်သုံးလာခြင်းအားဖြင့် ဓာတုကင်းလွတ်သော ဩဂဲနစ်စိုက်ပျိုးရေးစနစ်ကို ရရှိလာနိုင်ပါသည်။ ထို့ကြောင့် သြဂဲနစ် စိုက်ပျိုးရေးသို့ ရောက်ရှိနိုင်ရန်အတွက် တောင်သူဦးကြီးတို့အားလုံး ညီညွတ်စွာဖြင့် GAPစနစ်သို့ တက်လှမ်းကြပါစို့။

ချမ်းသာဦး

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်