စီးပွား​ဖြစ်ငုံးမွေးမြူလိုသူများအတွက် ငုံးသားဖောက်နည်း (၁)

02/09/2022 11:01 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 

စီးပွားဖြစ်ငုံးမွေးမြူလိုသူများအတွက် ငုံးသားဖောက်နည်းနှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။ 

(က) ငုံးသားဖောက်ရန် ငုံးဥများရွေးချယ်ခြင်း

  • ၁။ သားဖောက်ရန် ငုံးဥများကို ရွေးချယ်သောအခါ ဂရုတစိုက် ရွေးချယ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် သားဖောက်ရန် ရွေးချယ်ထားသည့် ဥများသည် ကြီးမားလွန်းခြင်း၊ သေးငယ်လွန်းခြင်း ဖြစ်နေပါက သားဖောက်ရာတွင် ကောင်းမွန်မှု မရှိလှပေ။
  • ၂။ ဥအရွယ်အစား အနေတော်ရှိပြီး ဥခွံမှာ ပကတိခိုင်ခန့်စွာရှိပြီး သန့်ရှင်းသည့်ဥများကိုသာ မျိုးအဖြစ်သားဖောက်ရန် သင့်တော်ပါသည်။
  • ၃။ ကြီးမားလွန်းသော ဥများနှင့် သေးငယ်လွန်းသောဥများကို သားဖောက်ရာတွင် ပေါက်လာသည့်အကောင်အရွယ်အစား ညီမျှမှုမရှိခြင်း၊ ဥခွံပါးသော ဥများကို သားဖောက်ရာတွင် အကောင်ပေါက်လာပါက ချိနဲ့ပိန်လှီသော အကောင်ကလေးများ ပေါက်လာခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
  • ၄။ သားဖောက်ရန်အတွက် ရွေးချယ်ထားသောဥများကို သိမ်းဆည်းရာတွင် ရက်ကြာကြာ မထားသင့်ပါ။ ၄ ရက်ထက် ကျော်သွားပါက သားဖောက်ရန် မသင့်တော့ပါ။
  • ၅။ အဘယ်ကြောင့်ဆိုသော် ၄ ရက်ထက် ကျော်လွန်သော ဥများကို သားဖောက်ရာမှ ပေါက်လာသည့်အကောင်များသည် စွမ်းရည်ပြည့်ဝမှု မရှိကြပေ။
  • ၆။ ရွေးချယ်ထားသည့် ဥများကိုလည်း အပူချိန်မျှတစွာရှိသည့် နေရာတွင် သိမ်းဆည်းထားရန်လိုအပ်ပါသည်။

(ခ) ဖောက်စက်ဖြင့် သားဖောက်ရာတွင် သတိထားသင့်သည့်အချက်များ

  • ၁။ ငုံးဥများကို အကောင်ဖောက်ရာတွင် ဖောက်စက်အပူချိန် ကွာခြားမှုမရှိစေဘဲ တသမတ်တည်းရှိနေစေရန် အရေးကြီးလှပါသည်။
  • ၂။ ငုံးဥဖောက်ရာတွင် အပူချိန် (၁၀၄°F)ပေး၍ ဖောက်ရာတွင် အကောင်မြန်မြန်ပေါက်သော်လည်း အပူချိန်လျော့နည်းပါက အကောင်ပေါက် ကြန့်ကြာစေပါသည်။
  • ၃။ ငုံးသားဖောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပေါက်လာသည့်ငုံးကလေးများ ကျန်းမာသန်စွမ်းရေးပင် ဖြစ်သည်။ ထို့ကြောင့် ဖောက်စက်အပူချိန်ကို ပုံမှန်အတိုင်းထားရှိရန် လိုအပ်ပါသည်။ 
  • ၄။ ဖောက်စက်အား သင့်တော်သည့်နေရာတွင်ထားရှိရန် လိုအပ်ပါသည်။ သစ်သားနံရံကာထားသော (သို့မဟုတ်) အုတ်နံရံကာထားသည့် နေရာအနီးတွင် ထားရှိရပါမည်။
  • ၅။ ဖောက်စက်ထားသည့် အခန်းထဲသို့ လေကောင်းလေသန့် ဝင်နိုင်ရန် ပြုလုပ်ထားရပါမည်။ သို့မှသာ ပျက်စီးဆုံးရှုံးမှု မရှိဘဲ ကျန်းမာသန်စွမ်းသည့် ငုံးကလေးများပေါက်လာမည်ဖြစ်ပါသည်။ 
  • ၆။ အပူချိန်ပြောင်းလဲမှု မရှိဘဲ တသမတ်တည်း ညီညီမျှမျှရှိသည့် နေရာကိုသာ ရွေးချယ်ရန်လိုအပ်သည်။ အပူချိန်မညီမျှပါက ဖောက်ထားသည့်ဥများ ကောင်းမွန်စွာ အကောင်ပေါက်လာမည် မဟုတ်ပေ။ ထို့ပြင် လေကောင်းလေသန့် မရရှိပါကလည်း သန္ဓေများပျက်စီးတတ်ပါသည်။

(ဂ) ငုံးသားဖောက်ခြင်း

  • ၁။ ငုံးဥများကို ဖောက်စက်ထဲသို့ စနစ်တကျထည့်သွင်းပြီးပါက ဖောက်စက်အပူချိန်မှာ အေးသောရာသီဥတုတွင် ၁၀၁ °F ၊ ပူသောရာသီတွင် ၉၅ °F ပေးရပါမည်။
  • ၂။ အထက်တွင်ဖော်ပြခဲ့သည့် ၁၀၄ °F အပူချိန်ပေးရာတွင် ၁ ရက်နှင့် အကောင်ပေါက်သော်လည်း ပေါက်လာသည့် ငုံးကလေးများမှာ ကျန်းမာသန်စွမ်းမှုမရှိဘဲ ချည့်နဲ့၍ မသန်မစွမ်းဖြစ်နေသည်ကို တွေ့ရပါမည်။ သို့ဖြစ်၍ မှန်ကန်သည့် သားဖောက်နည်းကိုသာ အသုံး​ပြုသင့်ပါသည်။
  • ၃။ အပူချိန်များပါက ပေါက်လာသည့် ငုံးကလေးများတွင် ခွန်အားနည်းပါးခြင်း၊ ကုပ်ချည့်နာဖြစ်ခြင်း၊ ဥ,ဥသောအရွယ် ရောက်သော်လည်း ဥနှုန်းကျဆင်းခြင်း၊ နှေးကွေးခြင်းများ ကြုံတွေ့ရပါမည်။ အချို့မှာမူ လုံးဝ ဥမဥတော့ပေ။
  • ၄။ ညီမျှသော အပူချိန်များပေးထားချိန်၌ ဥလှည့်ပေးသည့် ကိရိယာအား တစ်နေ့လျှင် ၃ ကြိမ်လှည့်ပေးရပါမည်။ ဤကဲ့သို့ မျှတသည့်အပူချိန်တွင် အကောင်ပေါက်ရန် ၁၄-၂၀ ရက် ခန့်ကြာပါသည်။
  • ၅။ ပေါက်လာသည့်ငုံးကလေးများကို အကောင်ပေါက်လာပြီးပြီးချင်း ဖောက်စက်အပြင်သို့ အလျင်စလိုမထုတ်ဘဲ အထူးပြုလုပ်ထားသည့် သံဆန်ကာခွက်ထဲသို့ထည့်၍ ဖောက်စက်ထဲမှာပင် ၁၀ နာရီခန့်အကြာ ထားရပါမည်။
  • ၆။ ပြီးမှ အသင့်ပြုလုပ်ထားသည့် အပူငွေ့အိမ်အတွင်းသို့ ပြောင်းရွှေ့ရပါမည်။

(အပိုင်း-၂ တွင် အပူပေးဓာတ်ငွေ့အိမ်ပြုလုပ်နည်း၊ ငုံးငယ်အပူပေးနည်း၊ ပြုစုနည်းတို့ကို ဆက်လက်ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်