ပြည်ပစျေးကွက်ဝင် လယ်ငါးရှဉ့်မွေးမြူနည်း

31/01/2023 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးရှဉ့်သည် မျိုးစဉ် Anguilliformes တွင် ပါဝင်ပြီး ယင်းမျိုးစဉ်ထဲ၌ မျိုးစဉ်ကွဲ ၈ မျိုး၊ မျိုးရင်း ၁၉ မျိုး၊ မျိုးစု  ၁၁၁ မျိုး၊ မျိုးစိတ် ၈၀၀ ခန့်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ ထိုမျိုးစိတ်များထဲတွင် လျှပ်စစ်ဓာတ်ထုတ်ပေးနိုင်သော ငါးရှဉ့်မျိုးများလည်း ရှိပါသေးသည်။

လယ်ငါးရှဉ့် ဥချခြင်းနှင့်သားပေါက်ခြင်း

ငါးရှဉ့်သည် ဥဥ၍ အကောင်ပေါက်သောသတ္တဝါ ဖြစ်သည်။ လယ်ငါးရှဉ့်များသည် တစ်နှစ်လျှင် ၂ ကြိမ်၊ အများအားဖြင့် မတ်လနှင့် ဧပြီလတွင် ဥချ၍ သားပေါက်လေ့ရှိကြသည်။

ဥသည် လုံးဝန်းသောပုံသဏ္ဌာန်ရှိပြီး ငါးရှဉ့်အမတစ်ကောင်၏ မျိုးဥအောင်နှုန်းသည် ၄၀ မှ ၆၂၅ အထိ ရှိသည်။ ဥမှအကောင်ပေါက်ရန် အပူချိန် ၂၈ မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်ပြီး မျိုးအောင်သောဥများသည် ၉၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ပေါက်လေ့ရှိသည်။ ဥများသည် ၅-၆ ရက်အ တွင်း စတင်ပေါက်ဖွားလေ့ရှိကြသည်။

လယ်ငါးရှဉ့်မွေးမြူခြင်း

ငါးရှဉ့်မွေးမြူရာတွင် အသားတိုးမွေးမြူခြင်းနှင့် အရွယ်ရောက်အောင် မွေးမြူခြင်းဟူ၍(၂)မျိုး ရှိပါသည်။ ငါးရှဉ့်သည် အလေးချိန်ဖြင့် ရောင်းချရသောကြောင့် အသားတိုးမွေးမြူခြင်းက ပို၍ စီးပွားဖြစ်နိုင်ပါသည်။

သားပေါက်ဝယ်ယူမွေးမြူမည့်သူများအနေဖြင့် ငါးရှဉ့်သားပေါက်ကို မေလနှင့် ဇူလိုင်လများတွင် ဝယ်ယူရရှိနိုင်သည်ဟု သိရသည်။ မွေးမြူမည့်ငါးရှဉ့်အရွယ်အစားသည် ၄ လက်မမှ ၆ လက်မအရွယ်အစားမျိုး ဖြစ်သည်။ မွေးမြူမည့်ငါးရှဉ့်များကို ပုံးတစ်ခုအတွင်း ရေအနည်းငယ်ထည့်၍ သယ်ဆောင်သွားရုံသာဖြစ်ပါသည်။

ထိုအရွယ်အစားငါးရှဉ့်များသည် အသားတိုးမွေးမြူရန်အတွက် ဖြစ်ပါသည်။ အလျား ပေ ၂၀ နှင့် အနံ ၁၀ ပေရှိသော ကန်အတွင်း ငါးရှဉ့်သားပေါက်အကောင် ၂၀၀ ခန့် ထည့်မွေးနိုင်ပါသည်။ အလျားပေ ၂၀၀ နှင့် အနံပေ ၁၀၀ ရှိသော ကန်အတွင်းမူ ငါးရှဉ့်သားပေါက်အကောင် ၂၀၀၀၀ ခန့်ထည့်၍ မွေးမြူနိုင်ကြောင်း သိရသည်။

လယ်ငါးရှဉ့်မွေးမြူရေးကန်အရွယ်အစား

ငါးရှဉ့်မွေးမြူသူများအနေဖြင့် မွေးမြူမည့်ကန်အရွယ်အစားသည် တစ်ပိုင်တစ်နိုင်ဆိုလျှင် အလျား ပေ ၂၀ နှင့် အနံ ၁၀ ပေ ရှိရမည်။ စီးပွားဖြစ်အများအပြား မွေးမြူမည်ဆိုပါကလည်း ထိုအရွယ် အစားအတိုင်း ကန်များကိုပြုလုပ်၍ မွေးမြူနိုင်ပါသည်။ တချို့က အလျား ပေ ၂၀၀ နှင့် အနံ ပေ ၁၀၀ အထိလည်း ပြုလုပ်ကြသည်။ အနက် ၂ ပေဟု သိရပါသည်။

ငါးရှဉ့်သည် မြေကြီးအတွင်း တိုးဝင်နိုင်သောကြောင့် ကန်အတွင်း ရေမထည့်မီ ကန်အောက်ခြေကို မာနေအောင် ကြမ်းတုံးရိုက်ပေးဖို့လိုပါသည်။ ကန်ဘောင်နိမ့်နိမ့်ဖို့ပြီး ကန်အတွင်းဘေး၌ ဝါးထရံကို ရေမျက်နှာပြင်အထက် ၂၈ လက်မအမြင့် ပြုလုပ်ပေးရပါမည်။ ယင်းကဲ့သို့လုပ်ဆောင်မှုမျိုးကို အလျားပေ ၂၀၀ ကန်များ၌ ပြုလုပ်ပေးသင့်ပါသည်။

တချို့က ပေ ၂၀ ကန်များကို ပြုလုပ်ရာတွင် တာလပတ်များအတွင်း ရွှံ့ထည့်၍ ပြုလုပ်မွေးမြူကြပါသည်။ တချို့က အုတ်ကန်များ ပြုလုပ်၍လည်း မွေးမြူကြပါသည်။ ထိုအုတ်ကန်၏ အောက်ခြေအတွင်း မြေကြီးတစ်လွှာခင်းရသည်။ ထိုမြေကြီးအပေါ်၌ ငါး(သို့မဟုတ်) တိရစ္ဆာန်အသေကောင်များ ဖြန့်ခင်းရသည်။ ထိုအပေါ်၌ ရွှံ့မြေတစ်ထပ်ခင်းပြီး ရေထည့်ရသည်။

လယ်ငါးရှဉ့် အစာကျွေးခြင်း

ငါးရှဉ့်သည် အစားကြူးသောသတ္တဝါဖြစ်ပြီး အပုပ်အစပ်ကို ကြိုက်နှစ်သက်သည်။ အသားတိုးငါးရှဉ့်များအတွက် အစာကျွေးနှုန်းကောင်းမှ အကြီးမြန်၍ အသားတိုးမည်ဖြစ်သည်။ အသားတိုးငါးရှဉ့်များအတွက် ခန္ဓာကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းခန့်အစာကို ၁ လခွဲခန့် လုံလုံ လောက်လောက် ကျွေးဖို့လိုပါသည်။

လယ်ငါးရှဉ့်များကို အစာကျွေးရာတွင် ခရုနှင့်စီးပွားဖြစ်အစာကို ၈-၁၀ : ၁ အချိုးနှုန်းဖြင့် ကျွေးရသည်ဟု ဆိုပါသည်။ ခရုကို အသားရရန်ပြုတ်ပြီး စီးပွားဖြစ်အစာအား ရေအနည်းငယ်ဖြင့် ပျော့အောင်ပြုလုပ်ထားရသည်ဟု ဆိုပါသည်။ ထို့နောက် အစာချေဖျက်နိုင်သည့် အင်ဇိုင်း၊ ဗီတာမင်စီတို့ကိုရော၍ ကျွေးရသည်။ အသားတိုးငါးရှဉ့်များကို အထက်ပါအစားအစာအပြင် တချို့က ငါးနုပ်ငါးသေးများကို ကျွေးကြသည်။ တချို့က ငါးနုပ်ငါးသေးများကို ကြိတ်၍လည်း ကျွေးကြပါသည်။ ကျွေးရမည့်အစာပမာဏသည် ငါးရှဉ့်အားလုံး၏ အလေးချိန် ပိဿာ ၁၀၀ ရှိလျှင် အစာ ၆ ပိဿာ ကျွေးရသည်ဟု သိရပါသည်။

သားဖောက်ရန်အတွက် မွေးမြူမည့်ငါးရှဉ့်များအား အစာကျွေးခြင်း

ငါးရှဉ့်ကို သားဖောက်ရန် မွေးမြူမည်ဆိုပါက အစာကို ၆၀-၇၀ ရာခိုင်နှုန်းအထိ လျှော့ကျွေးနိုင်ပါသည်။ ၂ လခန့်အကြာတွင် သားဖောက်ကန်အတွင်းသို့ထည့် ပြောင်းရွှေ့ထားရပါမည်။ သား ဖောက်ကန်အတွင်းသို့ မထည့်မီ ၅ ရက်ခန့် အစာဖြတ်ထားရပါမည်။

ထို့နောက် အစာကို ကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းခန့် တစ်နေ့ ၂ ကြိမ်ကျွေးပေးရပါမည်။ ရေချိုကိုလည်း တစ်လ ၂ ကြိမ်၊ ၃ကြိမ်ခန့် လဲလှယ်ပေးရပါမည်။ ဤကား သားဖောက်ငါးရှဉ့်အတွက်သာဖြစ်ပါသည်။

ကြီးထွားနှုန်း

အသားတိုးမွေးမြူထားသော ငါးရှဉ့်များကိုမူ အလေးချိန် ၂၀၀ ဂရမ်ရောက်ရှိပါက ဖမ်းဆီးရောင်းချနိုင်ကြောင်းသိရသည်။ တစ်နှစ်ခန့်အကြာတွင် ကန်အသေးရှိ ငါးရှဉ့်သည် ပိဿာချိန် ၃၀ ခန့် ရရှိနိုင်ပြီး ကန်အကြီးဖြင့် မွေးမြူသူများသည် ပိဿာချိန် ၃၀၀၀ အထိ ရနိုင်သည်ဟု သိရပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်