‘ရေဝက်’ မျိုးမပျောက်ရေး ပူးပေါင်းပါဝင် ကူညီပေး

15/08/2022 15:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပင်လယ်ရေနေ နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြသော မြန်မာနိုင်ငံရှိ လောင်းမန်းနုတ်သီးပါ ဝေလငါး၊ ကျောဘို့ပါလင်းပိုင်၊ ကြောင်လိမ်ဂျွန်းထိုးလင်းပိုင်၊ အပူပိုင်းဒေသ လင်းပိုင်ပြောက်၊ ပုလင်းနှုတ်သီးလင်းပိုင်၊ ဧရာဝတီလင်းပိုင်၊ ကျောရေယက်မဲ့လင်းရှူး နှင့် ရေဝက်မျိုးစိတ်များမှာ မျိုးသုဥ်းရှားပါးရေနေ နို့တိုက်သတ္တဝါ စာရင်းတွင် ပါဝင်နေပါသည်။

ယင်းတို့အထဲမှ ပင်လယ်နို့တိုက်သတ္တဝါမျိုးနွယ်စိတ်များထဲတွင် မျိုးသုဥ်းရှားပါးစာရင်းဝင်ဖြစ်နေသည့် ရေဝက် ( Sea cow or Manatee) မှာ ယခုအခါ အကြောင်း အမျိုးမျိုးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ပိုမိုခံနေရပါသည်။ 

ရေဝက်မျိုးစိတ်တို့သည် အင်ဒိုပစိဖိတ်ဒေသ၊ အပူပိုင်းနှင့် သမအပူပိုင်းဒေသများရှိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းတွင်နေထိုင်ကျက်စားကြသည်။ 

သမအပူပိုင်း ကမ်းရိုးတန်းဒေသတစ်လျှောက် အာဖရိကတိုက်တောင်ပိုင်း၊ ပင်လယ်နီဒေသ၊ ပါရှန်းပင်လယ်အော်အတွင်း သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ ပစိဖိတ်ပင်လယ်အတွင်းမှ ကျွန်းများ၊ ဂျပန်နိုင်ငံ၊ ကျူရှူးကျွန်း၊ သြစတြေးလျတိုက်တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသများတွင် နေထိုင်ကျက်စားကြပါသည်။

ရေဝက်များကို လူသားတို့က  သတ်ဖြတ်ကာ အဆီ၊ အသား၊ အရိုးနှင့် အရေခွံရယူမှုတို့ကြောင့် ယနေ့အချိန်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်လာခဲ့ရခြင်းဖြစ်သည်ကို တွေ့ရှိလာရသည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် အပူချိန် မြင့်မားမှု၊ ပင်လယ်ရေထုညစ်ညမ်းမှုတို့ကလည်း ၎င်းတို့ အသက်ရှင်ရပ်တည်မှုအတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိနေသည်။ 

တစ်ဆက်တည်းမှာပင် ကမ်းရိုးတန်းသွား သင်္ဘောကြီးများ၏ အန္တရာယ်နှင့် ငါးဖမ်းသင်္ဘောများ၏ အန္တရာယ်များကလည်း ၎င်းတို့၏ မျိုးဆက်ပျက်သုဉ်းမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ကြောင့်လည်း ရေဝက်များကို ကာကွယ်စောင့်ရှောက်ပေးရန် သက်ဆိုင်ရာနိုင်ငံများက ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လာကြသည်။

ရေဝက်မျိုးစိတ်ဝင်အားလုံးလိုလိုမှာ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် (CITES) တွင် ပါဝင်ပြီး အန္တရာယ်ကျရောက်နေသော မျိုးစိတ်စာရင်းတွင် ပါဝင်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေနို့တိုက်သတ္တဝါများအား ထိန်းသိမ်း ကာကွယ်နိုင်ရန်ကိစ္စ နှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၁၈) နှင့် ညွှန်ကြားချက်အမှတ် (၅/၂၀၂၂)တို့ကို ထုတ်ပြန်၍ မျိုးသုဥ်းရှားပါး ရေနေနို့တိုက်သတ္တဝါများအား တစ်ကောင်လုံးသော်လည်းကောင်း၊ ယင်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသော်လည်းကောင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရ ဖြစ်စေခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ထောက်ခံချက်မပါဘဲ ပြည်ပသို့ တင်ပို့ခြင်းများ မပြုလုပ်ကြရန်၊ မတော်တဆအသက်ရှိလျက် ဖမ်းဆီးရမိပါက အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ညွှန်ကြားချက်အားလိုက်နာရန် ပျက်ကွက်ပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားထားရှိပြီး ဖြစ်ပါသည်။

ရေဝက်များကို ကမ်းခြေတွင် ပိုက်ဝမ်းပူများ (ကမ်းဆွဲပိုက်များ)၊ လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊ မျှောပိုက်များဖြင့်တော့ တစ်ခါတစ်ရံသာ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။ 

ပင်လယ်မြက်ခင်းပြင်များအတွင်းရှိ ထောင်ထားသော လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊ မျှောပိုက်များနှင့်တော့ အများဆုံးငြိတွယ်မိပြီး သေဆုံးတတ်ကြသည်။ 

ပင်လယ်ပြင်အတွင်းသို့ အမှိုက်များ စွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး ၎င်းတို့ဂေဟစနစ်နှင့် မူရင်းဒေသများ ပျက်စီးခြင်း၊ ပင်လယ်မြက်ခင်းများအပေါ် နုန်းနှင့် အနည်အနှစ်များ ဖုံးလွှမ်းခြင်းကြောင့် ပင်လယ်မြက်ခင်းများ ပျက်စီးသွားခြင်းတို့ကလည်း ရေဝက်များရှင်သန်မှုအပေါ် ထိခိုက်နေပါသည်။

ရှားပါးမျိုးစိတ်ဝင် ရေဝက်များကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်ပါသောကြောင့် မျိုးမသုဥ်းစေရေးအတွက် အဖက်ဖက်မှ ပူးပေါင်းပါဝင်ကူညီပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

ရေးသားသူ- ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်