စိုက်ဆင်းလေပြင်းနဲ့ မိုးကြိုးအန္တရာယ်တွေဆိုတာ ဘယ်လိုမျိုးတွေလဲ..

29/06/2022 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေတာနဲ့ တောင်တရုတ်ပင်လယ်မှာ တိုင်ဖွန်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့် ဇွန်လအကုန်-ဇူလိုင်လဆန်းပိုင်းမှာ မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာနိုင်မှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အချို့မှာတော့ မိုးကြီးမယ့်အခြေအနေများ ဖြစ်လာနိုင်ကာ ဒေသအချို့မှာ စိုစွတ်စိုက်ဆင်းလေပြင်းအန္တရာယ်နဲ့ မိုးကြိုးအန္တရာယ်တွေ ရှိလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

အဲ့ဒီလို စိုစွတ်စိုက်ဆင်းလေပြင်းအန္တရာယ်နဲ့ မိုးကြိုးအန္တရာယ်တွေဆိုတာ ဘယ်လိုမျိုးတွေလဲ၊ ဘယ်လိုအနေအထားတွေမှာဖြစ်လာနိုင်လဲဆိုတာကို Green Way အနေနဲ့ ဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

စိုစွတ်စိုက်ဆင်းလေပြင်းအန္တရာယ်ဆိုတာ..

စိုက်ဆင်းလေပြင်းက နှစ်မျိုးရှိတယ်လို့ ကျွန်တော်ပြောဖူးတယ်။ တခုက ခြောက်သွေ့စိုက်ဆင်း လေပြင်း၊ နောက်တခုက စိုစွတ်စိုက်ဆင်းလေပြင်းပေါ့။ ခြောက်သွေ့စိုက်ဆင်းလေပြင်းက နွေရာသီတွေမှာဖြစ်တယ်။ မိုးတိမ်တွေမရှိဘူး။ မိုးရွာတာတွေမရှိဘူး။ လေထုစိုထိုင်းဆက တအားကို ကျနေတယ်။ ခြောက်နေတယ်။ ခြောက်နေတဲ့အချိန်မှာ မိုးတိမ်တောင်တွေကနေ ရုတ်တရက်ဆင်းလာတဲ့မိုးကြောင့် အညာဒေသအခေါ်ဆို လေနီကြမ်းကျတဲ့ပုံစံမျိုးပေါ့။ ဖြစ်တယ်။ စိုစွတ်စိုက်ဆင်းလေပြင်းကျ ခုနပြောတဲ့ လေထုစိုထိုင်းဆလည်း များနေတယ်။ နောက်တခုက မိုးတွင်းကာလလည်းဖြစ်လို့ မြေပြင်ကော၊ လေထုကကော မခြောက်ဘူးပေါ့။ စိုနေတဲ့ အနေအထား။ အဲ့ဒီအချိန်မှာကျလာတဲ့ စိုစွတ်စိုက်ဆင်းလေပြင်းက အန္တရာယ်ပိုများတယ်။ ဘာလို့လဲဆိုတော့ သူက Mass (ထုထည်) ပါလာတယ်။ လေထုထည်ပိုများပြီး မြေပြင်ပေါ်ကို ကျတဲ့ အခါကျတော့ အကုန်လုံးကို လေပြင်းက ပျံ့ပြီး ထွက်သွားတာပေါ့။ မိုးတွင်း စိုက်ဆင်းလေပြင်း ကျတဲ့အချိန်ဆို လေယာဉ်အဆင်းလမ်းကြောင်းတွေဆို သတိထားရတယ်။ ရုတ်တရက် လေတိုက်နှုန်းက ဆိုပါတော့၊ ၅ မိုင်နှုန်းလောက်ရှိရာကနေ ၃၀၊ ၄၀ ဖြစ်သွားရင် လေယာဉ်ထိန်းမရတော့ဘဲနဲ့ အဆင်းမှာ ပြေးလမ်းချော်တာတို့ဘာတို့ဖြစ်တတ်တယ်။ ကျွန်တော်တို့ ရန်ကုန် လေဆိပ်ကြီးမှာလည်း အိန္ဒိယလေကြောင်းလိုင်းက အဲဘတ်စ်တစ်စီး အဲ့လိုဖြစ်သွားဖူးတယ်။ မိုးလေဝသလည်းရှင်းတယ်။ မိုးကလည်း နည်းနည်းလေး ရွာတာလေးပဲရှိတယ်။ ပြီးတော့မှ ရုတ်တရက် စိုက်ဆင်းလေပြင်းဆင်းပြီး လေဆောင့်ပြီးတော့ တိုက်လိုက်တဲ့အချိန်မှာ ပြေးလမ်းရဲ့ ညာဘက်အခြမ်းကို ကျသွားပြီးတော့ လေယာဉ်ပျံပျက်စီးတာပေါ့။ အဲ့ဒီလိုမျိုး အန္တရာယ်တွေ ဖြစ်နိုင်တယ်။

 

မိုးကြိုးအန္တရာယ်ဆိုတာ..

မိုးကြိုးကတော့ အခုမိုးရွာမယ့်အခြေအနေမတိုင်ခင် တစ်ရက်၊ နှစ်ရက်ပေါ့နော်။ အခု ဇွန်လအကုန် ၂၉၊ ၃၀ ပတ်ဝန်းကျင်ထိ အပူချိန်က ၃၀ ကျော်ဖြစ်နေသေးတယ်။ အဲ့ဒီတော့ မြေပြင်မှာ ရှိတဲ့ အနေအထားနဲ့၊ အပေါ်ကနေပြီးတော့ ခြောက်သွေ့နေတဲ့အနေအထားနဲ့ မိုးတိမ်တောင်တွေအရှေ့ဘက်က ဝင်လာမယ့်ဟာတွေ သူတို့နဲ့တွေ့တဲ့အချိန်ကျရင် လေထဲမှာလည်း လျှပ်ကူး တာတွေဖြစ်မယ်။ နောက် မြေပြင်မှာလည်း ကွင်းပြင်တို့၊ သစ်ပင်ထီးထီးရှိတဲ့နေရာတို့ဆိုရင် အပေါ်ကနေ အီလက်ထရွန်က ဆင်းလာမှာ။ အဲ့လိုဆင်းလာရင် မိုးကြိုးပစ်တဲ့အနေအထားဖြစ်မှာ။

(မိုးတိမ်တောင်ကြီးတွေဖြစ်လာရင် မိုးကြိုးအန္တရာယ်ရှိနိုင်လို့ သစ်ပင်တွေအောက်မှာ မိုးခိုတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။)

Photo Crd_Myanmar Fire Service Department

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်