စိတ်ဖိစီးမှုတွေများပြီး ဆံပင်တွေ အထွေးလိုက် ကျွတ်နေပါသလား။

24/07/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လူတိုင်းက တစ်နေ့ကို ဆံပင် အချောင်း ၇၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်နေ့ကို ဆံပင်အချောင်း ၁၀၀ အထက် ကျွတ်လာရင်တော့ သတိထားသင့်ပါတယ်။ ထိပ်ပြောင်ခြင်း (Alopecia) တွေဖြစ်လာတတ်ပါတယ်။

ဘာကြောင့် ထိပ်ပြောင်ခြင်း (Alopecia) တွေဖြစ်သလဲ။

- မျိုးရိုးဗီဇကြောင့်

- အာဟာရပြည့်ဝတဲ့ အစားအစာ ကောင်းကောင်းမစားခြင်း

- စိတ်ဖိစီးမှု

- ဟော်မှုန်းအပြောင်းအလဲရောဂါ (ဥပမာ သွိုင်းရွိုက်ကြောင့်)

- တခြား ရောဂါတွေ

- ဓာတ်ရောင်ခြည် ကုထုံးတွေ (ကီမိုသွင်း)

- သံဓာတ် လျော့နည်း တွေကြောင့်ဖြစ်တတ်ပါတယ်။

ပုံမှန်ထက် ဆံပင်ပိုကျွတ်တာ ဘယ်လို သိနိုင်မလဲ

- မနက်အိပ်ယာထရင် ခေါင်းအုံးပေါ်မှာ ဆံပင်တွေအများကြီး ကျွတ်နေတာ

- ခေါင်းလျှော်တိုင်း ဆံပင်အများကြီးကျွတ်တာ

- ဦးရေပြားခြောက်တာ၊ ဗောက်တွေကလည်း ဆံပင်ကို အများကြီး ကျွတ်စေပါတယ်။

ကာကွယ်ခြင်း

- အစားအသောက်အနေအထိုင်ပြန်ဆင်ခြင်ပါ။ ဆေးလိပ်ဖြတ်ပါ၊ အာဟာရ လုံလောက်စွာ စားပါ၊ နေရောင်နဲ့ ထိတွေ့မှုကို ဆင်ခြင်ပါ။

- ရေများများသောက်ပါ။ တစ်နေ့ကို ရေ ၂ လီတာလောက်သောက်ပါ။

- အားကစား လေ့ကျင့်ခန်းနဲ့ စိတ်ဖိစီးမှု လျော့အောင် လုပ်ပါ။

- သံဓာတ်၊ Antioxidants ဓာတ်၊ Fatty အက်ဆစ်၊ ဗီတာမင် A, B, C နဲ့ E ကြွယ်ဝတဲ့ အစားအစာတွေကို အဓိက စားသုံးပါ။

ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည် ၂၅၀ ml ကို ဦးရေပြားမှာ လိမ်းပြီး ညှင်သာစွာ အထဲအထိ ရောင်အောင် နှိပ်နယ်ပေးပါ။ ၄၅ မိနစ်ကြာရင် ရေနွေးနွေးနဲ့ ရေဆေးချလိုက်ပါ။ ပြီးရင် ခေါင်းလျှော်လိုက်ပါ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်