ကြံသီးနှံပညာပေး စာစဉ်-၄(ဂ) ကြံပင်၏အာဟာရဓာတ်ချို့တဲ့မှုလက္ခဏာများကို အဆင့်ဆင့်ခွဲခြမ်းစိတ်ဖြာ စစ်ဆေးနည်း

29/06/2022 11:30 AM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ပထမဆုံးကြံခင်းတစ်ခင်းလုံးကို လွှမ်းခြုံ၍လည်းကောင်း၊ ကြံရုံတစ်ရုံတစ်ပင်ချင်းစီကို ကွက်ကြည့်၍ လည်းကောင်း ကြံရွက်များ၏ အရောင်သည်

၁-၁။ စိမ်းဖျော့ဖျော့ စိမ်းဝါရောင်နှင့် အဝါရောင်သန်းနေခြင်း

၁-၂။ တစ်ပင်လုံးပုံမှန်အရောင်ရှိနေလျှက် နေရာကွက်၍ ချို့တဲ့မှုလက္ခဏာပြသနေခြင်းနှင့်

       ၁-၃။ စိမ်းဝါရောင်နှင့် ခရမ်းရောင်သန်းနေခြင်း စသည့် အဆင့် (၃) ဆင့်ကို အခြေခံ၍ အောက်ပါအတိုင်း အဆင့်ဆင့် စစ်ဆေးနိုင်ပါသည်။

၁-၃။ အပင်သည်စိမ်းပြာရောင်သန်းနေခြင်း

နေရောင်နှင့်ထိသောအရွက်ဖျားများသည် ခရမ်းရောင်သန်းနေသည်။ ကြံကြားအဆစ်များတို၍ ပင်ပွားနည်းသည်။ ၎င်းအခြေအနေသည် ဖော့စပါးရပ်ဓာတ် (P) ချို့တဲ့ခြင်း ဖြစ်သည်။

ကယ်ဆီယမ် (Ca) ချို့တဲ့လက္ခဏာ

အပင်၏ခေါင်ရွက်ညို၍ သေသွားသည်။ အရွက်ငယ်များပုံမှန်ရှိသော်လည်း အဖျားပိုင်းမှစ၍ သေးလိုက်လာသည်။ ဖက်လိပ်(ဖူးလိပ်)အတွင်းရှိ အရွက်ညွန့်များပါဆက်၍ သေးလိုက်လာသည်။ ပင်စည်နှင့် အမြစ်ကြီးထွားမှု လုံးဝမရှိတော့ပေ။ သဲဆန်သောမြေ၌ ဖြစ်ပေါ်လေ့ရှိသည်။

အာဟာရဓာတ်ချို့တဲ့လက္ခဏာပြဓာတ်ပုံများနှင့် ယှဉ်တွဲ၍ ကြည့်ရှုနိုင်ပါသည်။ အာဟာရဓာတ်ချို့တဲ့ လက္ခဏာများသည် အပင်ရောဂါလက္ခဏာများနှင့်ရောထွေးစေနိုင်သည်။ 

ဥပမာ- ထိုင်းကြံမျိုးများတွင် ရွက်ဖြူရောဂါ (Phytoplasma disease) လက္ခဏာသည် အနည်းလို အာဟာရဓာတ်ချို့တဲ့မှုလက္ခဏာများနှင့် ရောထွေးနိုင်ပါသည်။

အာဟာရဓာတ်များတစ်ခုချင်းစီအလိုက် ချို့တဲ့သောလက္ခဏာများကို ပုံတစ်ပုံချင်းစီဖြင့် အောက်တွင်ဖော်ပြထားပြီး မိမိတို့စိုက်ခင်းအတွင်းဖြစ်ပေါ်နေသည့်လက္ခဏာများနှင့် တိုက်ဆိုင်ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

                                       ပုံ-၁။ နိုက်ထရိုဂျင်(N) ချို့တဲ့သောလက္ခဏာ

                              ပုံ-၂။ ညာဖက်အခြမ်းမှအရွက်များသည် နိုက်ထရိုဂျင်(N) ချို့တဲ့သည်။

            ပုံ-၃။ နိုက်ထရိုဂျင်(N) ချို့တဲ့သောကာလ၌ ကြီးပြင်းရသောကြောင့်ကြံအဆစ်များမှာတိုသည်။

ပုံ-၄။ ခရမ်းပြာရောင်အရွက်မှာဖေါ့စပါးရပ်ဓါတ် (P) ချို့တဲ့သောလက္ခဏာ

                                        ပုံ-၅။ဖေါ့စပါးရပ်ဓါတ် (P) ချို့တဲ့သောလက္ခဏာ

ပုံ- ၆။ ပိုတက်ဆီယမ်(K) ချို့တဲ့မှုပြင်းထန်လျှင် အရွက်ကလနားနှင့်ထိပ်ဖျားများ ဝါ/ခြောက်လာသည်။

ပုံ- ၇။ ရွက်ကြောမ (Mid-rib) ပေါ်တွင်တွေ့ရသာ ပိုတက်ဆီယမ်(K) ချို့တဲ့သောလက္ခဏာ

ပုံ- ၈။ ပိုတက်ဆီယမ်(K) ချို့တဲ့သောလက္ခဏာ

  ပုံ- ၉။ ကန့်ဓါတ် (S) ချို့တဲ့သောလက္ခဏာ

 ပုံ- ၁၀ ကန့်ဓါတ် (S) ချို့တဲ့သောလက္ခဏာ

ပုံ- ၁၁။ ကယ်ဆီယမ် (Ca) ချို့တဲ့သောလက္ခဏာ

ပုံ- ၁၂။ ကယ်ဆီယမ် (Ca) ချို့တဲ့သောလက္ခဏာ

ပုံ ၁၃။ ရွက်ဟောင်းများသည် သံချေးရောင်ပေါက်နေ၍ အချိန်မတိုင်မီ ခြောက်သွေ့သွားသည်။

            အရွက်သစ်များ၏ထိပ်ဖျားသည် ကောက်ချိတ်နေတက်သည်။

ပုံ- ၁၄။ မဂ္ဂနီဆီယမ် (Mg) ချို့တဲ့သောလက္ခဏာ 

ပုံ ၁၅။ ရွက်ကြောငယ်များကြားတွင် အဝါရောင်သန်းနေသည်။ ကလိုရိုဖီးလ်များပျက်သွားသောကြောင့်ဖြစ်သည်။

ပုံ- ၁၆။ သံဓါတ် ( ) ချို့တဲ့သောလက္ခဏာ

ပုံ- ၁၇။ သံဓါတ် (Fe) ချို့တဲ့သောလက္ခဏာ

ပုံ- ၁၈။ ကော့ပါး (ကြေးနီ)( Cu) ချို့တဲ့သောလက္ခဏာ

ပုံ- ၁၉။ ကော့ပါး (ကြေးနီ)( Cu) ချို့တဲ့သောလက္ခဏာ

     ကော့ပါးဓါတ် (ကြေးနီ)( Cu) ချို့တဲ့သောအပင်ထိပ်ဖျားအရွက်များသည် အောက်သို့ ငိုက်ကျနေတက်သည်။

ပုံ-၂၀.၁။ မင်းဂနီးစ် ( Mn ) ချို့တဲ့သောလက္ခဏာ

ပုံ-၂၀.၂။ မင်းဂနီးစ် ( Mn ) ချို့တဲ့သောလက္ခဏာ

ပုံ-၂၁။ မင်းဂနီးစ် ( Mn ) ချို့တဲ့သောလက္ခဏာ

ပုံ-၂၂။ ဆားပေါက်မြေပေါ်ရှိကြံခင်းတွင်တွေ့နိုင်သော ဆိုဒီယမ်အဆိပ်သင့်သောလက္ခဏာ  

ပုံ- ၂၃။ သွပ်ဓာတ် (Zinc) ချို့တဲ့သောလက္ခဏာ

(Zinc) သွပ်ဓာတ်ချို့တဲ့သောလက္ခဏာ

ပုံ- ၂၅။ ထုံးဓါတ်အချများသောကြံစိုက်ခင်း၌ တွေ့ရသော သွပ်ဓါတ် (Zinc) ချို့တဲ့သောလက္ခဏာ

ပုံ- ၂၆။ ဘိုရွန် (Boron)) ချို့တဲ့သောလက္ခဏာ

ပုံ- ၂၇။ ဘိုရွန် (Boron)) ချို့တဲ့သောလက္ခဏာ

ပုံ-၂၈။ အလူမီနီယမ်ဓါတ်လွန်ကဲသောမြေချဉ်များ၌ တွေ့နိုင်သော ကြံပင်အမြစ်များ၏ အလူမီနီယမ်အဆိပ်သင့်သောလက္ခဏာ

 

စံသိန်း(စိုက်ပျိုးရေး)

ကျမ်းကိုး။ (1)G.J Garcho and F.A Taha, 1972 Nutritional deficiency symptoms of Sugarcane University of Florida. Gainesville,USA Cricula S 221. and (2) D.L. Anderson. Malnutrition of sugarcane. 1990.  

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးခင်းထဲက ပေါင်းပင်တွေကြောင့် စိတ်ညစ်နေရတဲ့ ဦးကြီးတို့အတွက် သတင်းကောင်း စရိတ်လည်းသက်သာ၊ လူလည်းမပင်ပန်းရတော့ဘူးဗျို့....ဦးကြီးတို့ရေ စပါးခင်းထဲမှာ ပေါင်းသတ်ဆေးတွေ ခဏခဏဖျန်းနေရလို့ ကုန်ကျစရိတ်တွေတက်၊ လူလည်း ပင်ပန်းနေပြီလား အနှောင့်အယှက်ပေးနေတဲ့ ပေါင်းပင်တွေကို အစိုသမန်းမှာတင် အပြတ်ရှင်းဖို့ ဒီမှာ Farm Link ရဲ့ #အစိုသမန်းပေါင်းအုပ်ဆေးErase (အီရေစ့်) ရှိတယ်လေ Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ ဘာကြောင့် "အီရေစ့်" ကိုမှ ရွေးချယ်သင့်တာလဲ? အခြားဆေးတွေမှာ Pretilachlor 30% ပဲ ပါဝင်ပေမယ့် #Erase (အီရေစ့်) မှာတော့ Pretilachlor 50% EC အထိ အချိုးအစား ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။ မြက်မျိုးရင်း၊ မြက်မုန်ညှင်းနဲ့ ရွက်ပြန့်ပေါင်းမှန်သမျှကို တစ်ခါတည်းနဲ့ အမြစ်ပြတ်အောင် နှိမ်နင်းပေးနိုင်ပါတယ်။ တစ်ကြိမ်ဖျန်းထားရုံနဲ့ ပေါင်းပင်ပေါက်ရောက်မှုကို သိသိသာသာ လျှော့ချပေးလို့ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင် စိတ်ချရပါတယ်။ "အီရေစ့်" ကို ဘယ်လိုသုံးရင် အထိရောက်ဆုံး ဖြစ်မလဲ စပါးခင်းထဲမှာ ပေါင်းပင်အစအနတောင် မကျန်အောင် ဒီနည်းလမ်းလေးအတိုင်း သုံးပေးပါနော် တိုက်ရိုက်အစေ့ချစိုက်ခင်းဆိုရင် စပါးစေ့ချပြီး (၄) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ပျိုးထောင်ရွှေ့ပြောင်းစိုက်ခင်းဆိုရင်တော့ စိုက်ပျိုးပြီး (၅) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ဒီအချိန်အတွင်းမှာသာ အမိအရဖျန်းပေးမယ်ဆိုရင် ဦးကြီးတို့ရဲ့ စပါးခင်းဟာ ပေါင်းကင်းစင်ပြီး အားကောင်းမောင်းသန်နဲ့ ကြီးထွားလာမှာ အသေအချာပါပဲဗျာ။ ဆေးနှုန်းထားအနေနဲ့ကတော့ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၇၀ - ၈၀ စီစီ နှုန်း ထည့်ပါ။ အီရေစ့် (၁) လီတာ တစ်ဘူးလျှင် (၃) ဧက အထိ စနစ်တကျ အသုံးပြုနိုင်ပါတယ်။ ကဲ... ဦးကြီးတို့ရေ "အချိန်မီဖျန်းမှ အထွက်နှုန်းသေချာ ပေါင်းပင်တွေနေရာ... အီရေစ့် (Erase) နဲ့ အမြန်ဦးအောင် ရှင်းလိုက်ပါ စရိတ်သက်သာ၊လူသက်သာပြီး အထွက်နှုန်းအတွက် စိတ်အေးရဖို့... စပါးခင်းထဲက ပေါင်းမှန်သမျှ အကုန် "ရွေ့" သွားစေမယ့် အီရေစ့် (Erase) ကို အခုပဲ အပြေးလေး ဝယ်ယူလိုက်တော့နော်
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်