ကြံသီးနှံခင်းအထွက်နှုန်းမြင့်ရေး အရေးကြီးသည့် သွင်းရေလိုအပ်ချက်

28/07/2022 11:30 AM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ကြံသီးနှံပညာပေးစာစဉ် - ၅

ကြံသီးနှံအထွက်နှုန်း တိုးမြင့်စေရေးအတွက် အရေးကြီးဆုံး လိုအပ်ချက်ကြီး (၃) ခု ရှိပါသည်။ 

  • (၁) အထွက်ကောင်း အရည်အသွေးမီမျိုး
  • (၂) စိုက်ထယ်ရေးနက်နက်ညက်ညက်နှင့် မြေတွင်းအစိုဓာတ်ကိုနှပ်ထားနိုင်သည့် မြင်းကောင်ရေ ၅၅ အထက် ထွန်စက်ဖြင့်ပြုပြင်ပေးနိုင်သည့်ထယ်ရေး
  • (၃) အပင်ကြီးထွားမှုအလိုက် သွင်းရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တို့ပင်ဖြစ်ပါသည်။

ယခုနောက်ဆုံးအချက် အမှတ်စဉ် (၃) ကို ပြောပါမည်။

ရာသီမီပုံမှန်ကြံစိုက်ချိန်ကာလသည် နိုဝင်ဘာလမှ ဇန်နဝါရီလ(ပြာသိုလ)အတွင်းဖြစ်သည်။ အောက်တိုဘာလ မိုးကုန်အပြီး ထယ်ရေးကွက်လပ်ရှိသောအကွက်တွင် နိုဝင်ဘာလသည် မြေပြင်ရန်သင့်လျော်သည်။ မုတ်သုံမိုးကုန်ပြီးနောက် သင်္ကြန်မိုးမရွာမီအထိကာလအတွင်း အထက်ကဆိုခဲ့သော မြေအစိုဓာတ်ကို ထိန်းထားနိုင်သည့် နှပ်ထယ်ရေးရအောင်ထွန်ယက်ပြီး စိုက်ပျိုးပါမှ ကြံပင်ပေါက်စုံညီကောင်းမွန်ပြီးနွေရာသီကာလကို ဖြတ်သန်းနိုင်ပါမည်။ 

ကြံပင် ပင်ပွား ပွားစည်းမှုနှေးနေပါက ဧပြီလနှင့်မေလဆန်း၌ သွင်းရေအနည်းဆုံး (၂)ကြိမ်ပေးရန်လိုအပ်သည်။ သို့မှသာ အထွက်နှုန်းကို သိသိသာသာတိုးမြှင့်ပေးနိုင်မည်။ သင်္ကြန်မိုး အလုံအလောက်မရပါက မေလဝက်၌ သွင်းရေထပ်ပေးသင့်သည်။ ရာသီနှင့် ကြံပင်သက်တမ်းကိုချိန်ညှိ၍ လုပ်ဆောင်သင့်ပေသည်။

ကြံသီးနှံသက်တမ်းတစ်ခုလုံး၏ ရေလိုအပ်ချက်ကို ကျွန်တော်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ၁၉၈၈ ခုနှစ်တွင်လည်းကောင်း၊ ပျည်းမနားကြံ သုတေသနဗဟိုခြံတွင် ၂၀၀၈ ခုနှစ်တွင်လည်းကောင်း၊ လိုင်စီမီတာ (ခေါ်) ရေလိုအပ်ချက် တိုင်းတာရေးကိရိယာနှင့် အဆောက်အအုံ (ပုံ-၁) ကိုတည်ဆောက်၍ တိုင်းတာခဲ့ဘူးပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးစမ်းသပ်ချက်ဖြစ်ပါသည်။ တစ်နှစ်တာအတွင်း ကြံခင်းကစုပ်ယူသော လစဉ် ရေလိုအပ်ချက်ကို ဇယား(၁) ၌ ဖေါ်ပြထားပါသည်။

 

ကြံသီးနှံပင်သည် တစ်နှစ်ကာလ၌ ၁,၃၇၃.၄၃ မီလီမီတာ(၅၄ လက်မ) ရေစုပ်ယူ၍ တစ်ရက်လျှင်  ၃.၇၅ မီလီမီတာ (၀.၁၅ လက်မ)နှုန်း ရေစုပ်ယူသည်။ ကြံပင်၏ရေလိုအပ်ချက်သည် ဇွန်လတွင်အများဆုံးဖြစ်သော်လည်း မိုးရွာချိန်နှင့်တိုက်ဆိုင်လေ့ရှိသဖြင့် ရေသွင်းရန်မလိုပေ။ သို့သော် မိုးဦးမိုးခေါင်လျှင် ကြံခင်းကို ရေမသွင်းနိုင်ပါက အထွက်နှုန်းကို သိသိသာသာကျဆင်းစေမည်။ 

ဖေဖေါ်ဝါရီလမှမေလအတွင်း   ရေလိုအပ်ချက်သည်  ၄၁၆ မီလီမီတာ (၁၆.၄ လက်မ) ရှိနေသည်။ ထိုကာလအတွက် ဧက-ပေ နှင့် တွက်လျှင် ၁.၃၆ ပေ ဖြစ်သည်။ တစ်ကြိမ်လျှင် ၅.၅ လက်မနှုန်းဖြင့် (၃)ကြိမ် ရေသွင်းသင့်သည်။ ယင်းသို့ ကြံပင်ရေလိုအပ်ချိန်နှင့်အညီ အလုံအလောက်ရေပေးသွင်း၍ မိုးများသောအချိန်တွင် ရေပိုရေလျှံများကို ထုတ်ပေးနိုင်ပြီး မြေဩဇာအာဟာရဓာတ်ကို အချိုးညီ ပြည့်စုံစွာ ဖြည့်ဆည်းပေးပါက ကြံပင်အထွက်နှုန်းသည် တစ်ဧကလျှင် ကြံတန် (၄၀ မှ ၆၀) အထိပင်ထွက်ရှိနိုင်ပါသည်။

အထက်ပါရေလိုအပ်ချက်အရ သွင်းရေပမာဏကိုတွက်ချက်မှုသည် ပျဉ်းမနားဒေသအတွက်သာ အကျုံးဝင်သည်။ မြန်မာနိုင်ငံ၏ ကျန်ဒေသများအတွက် ကြံပင်၏ရေလိုအပ်ချက်ကို ခန့်မှန်းလိုပါက ဖေါ်ပြပါ ဇယား-၁ ၌ ကြံပင်ကြီးထွားမှုအလိုက် ရေလိုအပ်ကိန်း (Kc) ကို ဖေါ်ပြထားပါသည်။ ကြံစိုက်ဒေသတစ်ခုနှင့်နီးသော မိုးလေဝသစခန်းမှရနိုင်သော E pan မှ ရေခိုးရေငွေ့ပျံနှုန်း  (ETo) ကို လစဉ်ယူ၍ ပေးထားသော Kc နှင့် မြှောက်ယူလျှင် ကြံပင်၏ရေလိုအပ်ချက်ကို ခန့်မှန်းနိုင်သည်။ ထိုခန့်မှန်းတန်ဖိုးကိုအခြေခံ၍ ကြံစိုက်မြေ အမျိုးအစား၊ ရရှိသောမိုးရေချိန်နှင့် မြေတွင်းအစိုဓာတ် ထိန်းသိမ်းနိုင်မှု၊ ကြံပင်၏ကြီးထွားမှုနှင့် ရွက်အုပ်မိုး (LAI) တို့ကိုချိန်ဆကာ သွင်းရေလိုအပ်ချက်ကို သိရှိနိုင်ပါသည်။

စံသိန်း(စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးခင်းထဲက ပေါင်းပင်တွေကြောင့် စိတ်ညစ်နေရတဲ့ ဦးကြီးတို့အတွက် သတင်းကောင်း စရိတ်လည်းသက်သာ၊ လူလည်းမပင်ပန်းရတော့ဘူးဗျို့....ဦးကြီးတို့ရေ စပါးခင်းထဲမှာ ပေါင်းသတ်ဆေးတွေ ခဏခဏဖျန်းနေရလို့ ကုန်ကျစရိတ်တွေတက်၊ လူလည်း ပင်ပန်းနေပြီလား အနှောင့်အယှက်ပေးနေတဲ့ ပေါင်းပင်တွေကို အစိုသမန်းမှာတင် အပြတ်ရှင်းဖို့ ဒီမှာ Farm Link ရဲ့ #အစိုသမန်းပေါင်းအုပ်ဆေးErase (အီရေစ့်) ရှိတယ်လေ Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ ဘာကြောင့် "အီရေစ့်" ကိုမှ ရွေးချယ်သင့်တာလဲ? အခြားဆေးတွေမှာ Pretilachlor 30% ပဲ ပါဝင်ပေမယ့် #Erase (အီရေစ့်) မှာတော့ Pretilachlor 50% EC အထိ အချိုးအစား ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။ မြက်မျိုးရင်း၊ မြက်မုန်ညှင်းနဲ့ ရွက်ပြန့်ပေါင်းမှန်သမျှကို တစ်ခါတည်းနဲ့ အမြစ်ပြတ်အောင် နှိမ်နင်းပေးနိုင်ပါတယ်။ တစ်ကြိမ်ဖျန်းထားရုံနဲ့ ပေါင်းပင်ပေါက်ရောက်မှုကို သိသိသာသာ လျှော့ချပေးလို့ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင် စိတ်ချရပါတယ်။ "အီရေစ့်" ကို ဘယ်လိုသုံးရင် အထိရောက်ဆုံး ဖြစ်မလဲ စပါးခင်းထဲမှာ ပေါင်းပင်အစအနတောင် မကျန်အောင် ဒီနည်းလမ်းလေးအတိုင်း သုံးပေးပါနော် တိုက်ရိုက်အစေ့ချစိုက်ခင်းဆိုရင် စပါးစေ့ချပြီး (၄) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ပျိုးထောင်ရွှေ့ပြောင်းစိုက်ခင်းဆိုရင်တော့ စိုက်ပျိုးပြီး (၅) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ဒီအချိန်အတွင်းမှာသာ အမိအရဖျန်းပေးမယ်ဆိုရင် ဦးကြီးတို့ရဲ့ စပါးခင်းဟာ ပေါင်းကင်းစင်ပြီး အားကောင်းမောင်းသန်နဲ့ ကြီးထွားလာမှာ အသေအချာပါပဲဗျာ။ ဆေးနှုန်းထားအနေနဲ့ကတော့ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၇၀ - ၈၀ စီစီ နှုန်း ထည့်ပါ။ အီရေစ့် (၁) လီတာ တစ်ဘူးလျှင် (၃) ဧက အထိ စနစ်တကျ အသုံးပြုနိုင်ပါတယ်။ ကဲ... ဦးကြီးတို့ရေ "အချိန်မီဖျန်းမှ အထွက်နှုန်းသေချာ ပေါင်းပင်တွေနေရာ... အီရေစ့် (Erase) နဲ့ အမြန်ဦးအောင် ရှင်းလိုက်ပါ စရိတ်သက်သာ၊လူသက်သာပြီး အထွက်နှုန်းအတွက် စိတ်အေးရဖို့... စပါးခင်းထဲက ပေါင်းမှန်သမျှ အကုန် "ရွေ့" သွားစေမယ့် အီရေစ့် (Erase) ကို အခုပဲ အပြေးလေး ဝယ်ယူလိုက်တော့နော်
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်