ငရုတ်ချိုအထွက်နှုန်းကောင်းမွန်မှုက မျိုးပေါ်မှာမူတည်နေတဲ့အတွက် လက်ရှိစိုက်ပျိုးနေသော မျိုးနဲ့မျိုးကောင်း မျိုးသစ်ရဲ့အထွက်နှုန်း အလားအလာများကို နှိုင်းယှဉ်ပြီးတော့ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။
ငရုတ်ချိုကို ရာသီအမျိုးမျိုးတွင်ဖြစ်စေ သီးနှံအမျိုးမျိုးတွင်ဖြစ်စေ အလှည့်ကျစိုက်ပျိုးခြင်းက အထွက်နှုန်းတိုးကာ ဈေးကိုပိုရရှိစေနိုင်ပါတယ်။ အခြားသီးနှံနဲ့ အလှည့်ကျစိုက်ခြင်း သို့မဟုတ် သီးညှပ်စိုက်ခြင်းက မြေယာ တစ်ကွက် တည်းမှ အပိုဝင်ငွေရရှိကာ ပိုးမွှားရောဂါပြဿနာကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့်ပြန်ရမယ့် အကျိုး အမြတ်ကို တွက်ပြီး မိမိတို့အတွက် အကောင်းဆုံးဖြစ်စေနိုင်မယ့်မျိုးနဲ့ စိုက်စနစ်ကိုသေချာရွေးချယ်သင့်ပါတယ်။
ငရုတ်ချိုမျိုးစေ့အများစုက အဓိကမျိုးစေ့ဆောင် မှိုရောဂါဖြစ်တဲ့ မှဲ့ပြောက်စွန်းရောဂါကို ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့သက်ရှိကတော့ ကိုလက်ထိုထရိုင်ခမ် မျိုးစိတ်ဖြစ်ပါတယ်။ ထိုရောဂါကိုမျိုးစေ့မှ ပျံ့နှံ့ကူးစက်မှု နည်းစေရန် မျိုးစေ့များကို ၅၀ ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးမှာ ၃၀ မိနစ်စိမ်ပေးပြီးနောက် မျိုးစေ့၏လေးပုံတစ်ပုံ အဆရှိ ကလိုရော့ဆေးရည်မှာ မိနစ် ၃၀ စိမ်ပေးထားရပါတယ်။ ထို့နောက်ရေးအေးနဲ့ ဆေးကြောပြီး မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ရပါမယ်။ ဥပမာ- ပြင်းအား ၂၀ ရာခိုင်နှုန်းရှိသော ဘီနိုမိုင်းရေပျော်ဆေးမှုန့် တစ်ဂရမ်ကို ပြင်းအား ၂၀ ရာခိုင်နှုန်းရှိသော ရေပျော်ဆေးမှုန့် သိုင်ရမ်တစ်ဂရမ်နဲ့ ရောပြီးရေ ၄၀၀ မီလီမီတာ (၄၀၀)စီစီတွင် ဖျော်ပါ။ ဤနည်းဖြင့် နောက်ဆုံး ၀.၁ ရာခိုင်နှုန်းပြင်းအားရှိတဲ့ ဖျော်ရည်ကိုရရှိနိုင်ပါတယ်။
ထို့နောက် မှိုသတ်ဆေး ၁ စီစီတွင် မျိုးစေ့တစ်ဂရမ်ထည့်ပြီး သမအောင်မွှေပေးခြင်းဖြင့် မျိုးစေ့ဆေးစီရင်နိုင် ပါတယ်။ ၎င်းမျိုးစေ့များကို အပူချိန်၂၀ ဒီဂရီစင်တီဂရိတ်နဲ့ အစိုဓာတ် ၄၀ ရာခိုင်နှုန်းရှိတဲ့အထိ အခြောက်ခံပြီး ချက်ချင်းစိုက်ပျိုးရပါမယ်။ ထိုကဲ့သို့ ဆေးစီရင်ထားခြင်းဖြင့် ပျိုးပင်ငယ်များကို ညှိုးသေစေသော ရိုင်ဇိုတိုနီးယား၊ ပီသီယမ်ဖျူစေရီယမ်မှိုမျိုးများကို ကာကွယ်နိုင်ပါတယ်။ ဘီနိုမိုင်းအစား ကက်တမ်ကို အစားထိုးအသုံးပြုနိုင် ပါတယ်။
အဓိကမျိုးစေ့ဆောင်ဗိုင်းရပ်စ်ရောဂါတွေဖြစ်တဲ့ ဆေးရွက်ကြီးမိုစိတ်ရောဂါနဲ့ ငရုတ်အစက်အပြောက်ဗိုင်းရပ် ရောဂါများ ကူးစက်မှုနည်းစေရန် ၁၀ ရာခိုင်နှုန်းပြင်းအားရှိတဲ့ ထရိုင်ဆိုဒီယမ် ဖော့စဖိတ်တွင် မျိုးစေ့ ၂ ဂရမ်ကို မိနစ် ၃၀ ခန့်စိမ်ပေးပါ။ ထို့နောက် လတ်ဆတ်တဲ့ ၎င်းဖျော်ရည်တွင် နှစ်နာရီကြာ မျိုးစေ့များကို ပြောင်းရွှေ့စိမ်ပါ။ ပြီးလျှင် ရေပိုက်မှရေဖြင့် ၄၅ မိနစ်ကြာဆေးကြောခြင်း သို့မဟုတ် မျိုးစေ့များကို ၅ ရာခိုင်နှုန်းပြင်းအားရှိ ဟိုက်ဒရို ကလိုရစ်အက်ဆစ်တွင် ၄ နာရီကြာစိမ်ပြီး ရေပိုက်မှစီးရေဖြင့် တစ်နာရီကြာ ဆေးကြောခြင်းမျိုး ပြုလုပ်နိုင် ပါတယ်။ မျိုးစေ့လူးနယ်ခြင်းကို ရိတ်သိမ်းပြီးစမျိုးစေ့ဖြစ်စေ၊ မျိုးစေ့အခြောက်များကိုဖြစ်စေ လူးနယ်နိုင်ပါတယ်။
မျိုးစေ့ဆောင် ဘက်တီးရီးယားရောဂါဖြစ်တဲ့ အစက်အပြောက်များကို ဖြစ်ပေါ်စေသော Xanthomonas campestris ကျရောက်မှုနည်းစေရန် အစေ့ ၂ ဂရမ်ကို ၁.၃ ရာခိုင်နှုန်းပြင်းအားရှိ အက်စီတစ်အက်ဆစ် (ရှာလကာရည်) ၁၀ စီစီတွင် ၄ နာရီကြာစိမ်ပြီး ရေဖြင့် ၃ ကြိမ်မျိုးစေ့များကို ဆေးကြောပြီး ၁.၂၅ ရာခိုင်နှုန်း ပြင်းအားရှိ ကလိုရော့ဖျော်ရည်တွင် မျိုးစေ့များကို ၅ မိနစ်ထပ်စိမ်ကာ ရေပိုက်အောက်၌ ၁၅မိနစ်ကြာ ဆေးကြော ရပါမယ်။ သို့မဟုတ်ပါက ၅၀ ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးတွင် မျိုးစေ့များကို နာရီဝက်စိမ်ပြီး အခြောက်ခံပါ (သို့မဟုတ်) ချက်ချင်းစိုက်ပါ။
အကယ်၍ မျိုးစေ့တွင် မည်သည့်ရောဂါ သက်ရှိကျရောက်တတ်သည်ကို မသိရှိပါက TSP (Triple Superphosphate) တွင် မျိုးစေ့များကို စိမ်ပြီး ဘန်လိတ်ဆေးမှုန့်ဖြင့် လူးနယ်ပေးခြင်းဖြင့် မျိုးစေ့စီရင်နိုင် ပါတယ်။ မျိုးစေ့စီရင်ခြင်းဖြင့် အစေ့ပေါက်ခြင်း ကို မထိခိုက်စေပါ။ ရောဂါကင်းမျိုးစေ့များကို ပိုးသတ်မြေတွင် ဆေးစီရင်ရန် မလိုအပ်ကြောင်းကိုလည်း ရေးသားကာ ဖော်ပြလိုက်ရပါတယ်။
Ref: စိုက်ပျိူးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော သီးနှံစိုက်ပျိုးနည်း စနစ်များမှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးခင်းထဲက ပေါင်းပင်တွေကြောင့် စိတ်ညစ်နေရတဲ့ ဦးကြီးတို့အတွက် သတင်းကောင်း
စရိတ်လည်းသက်သာ၊ လူလည်းမပင်ပန်းရတော့ဘူးဗျို့....ဦးကြီးတို့ရေ
စပါးခင်းထဲမှာ ပေါင်းသတ်ဆေးတွေ ခဏခဏဖျန်းနေရလို့ ကုန်ကျစရိတ်တွေတက်၊ လူလည်း ပင်ပန်းနေပြီလား
အနှောင့်အယှက်ပေးနေတဲ့ ပေါင်းပင်တွေကို အစိုသမန်းမှာတင် အပြတ်ရှင်းဖို့ ဒီမှာ Farm Link ရဲ့ #အစိုသမန်းပေါင်းအုပ်ဆေးErase (အီရေစ့်) ရှိတယ်လေ
Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
ဘာကြောင့် "အီရေစ့်" ကိုမှ ရွေးချယ်သင့်တာလဲ?
အခြားဆေးတွေမှာ Pretilachlor 30% ပဲ ပါဝင်ပေမယ့် #Erase (အီရေစ့်) မှာတော့ Pretilachlor 50% EC အထိ အချိုးအစား ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။
မြက်မျိုးရင်း၊ မြက်မုန်ညှင်းနဲ့ ရွက်ပြန့်ပေါင်းမှန်သမျှကို တစ်ခါတည်းနဲ့ အမြစ်ပြတ်အောင် နှိမ်နင်းပေးနိုင်ပါတယ်။
တစ်ကြိမ်ဖျန်းထားရုံနဲ့ ပေါင်းပင်ပေါက်ရောက်မှုကို သိသိသာသာ လျှော့ချပေးလို့ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင် စိတ်ချရပါတယ်။
"အီရေစ့်" ကို ဘယ်လိုသုံးရင် အထိရောက်ဆုံး ဖြစ်မလဲ
စပါးခင်းထဲမှာ ပေါင်းပင်အစအနတောင် မကျန်အောင် ဒီနည်းလမ်းလေးအတိုင်း သုံးပေးပါနော်
တိုက်ရိုက်အစေ့ချစိုက်ခင်းဆိုရင် စပါးစေ့ချပြီး (၄) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။
ပျိုးထောင်ရွှေ့ပြောင်းစိုက်ခင်းဆိုရင်တော့ စိုက်ပျိုးပြီး (၅) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။
ဒီအချိန်အတွင်းမှာသာ အမိအရဖျန်းပေးမယ်ဆိုရင် ဦးကြီးတို့ရဲ့ စပါးခင်းဟာ ပေါင်းကင်းစင်ပြီး အားကောင်းမောင်းသန်နဲ့ ကြီးထွားလာမှာ အသေအချာပါပဲဗျာ။
ဆေးနှုန်းထားအနေနဲ့ကတော့ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၇၀ - ၈၀ စီစီ နှုန်း ထည့်ပါ။
အီရေစ့် (၁) လီတာ တစ်ဘူးလျှင် (၃) ဧက အထိ စနစ်တကျ အသုံးပြုနိုင်ပါတယ်။
ကဲ... ဦးကြီးတို့ရေ
"အချိန်မီဖျန်းမှ အထွက်နှုန်းသေချာ
ပေါင်းပင်တွေနေရာ... အီရေစ့် (Erase) နဲ့ အမြန်ဦးအောင် ရှင်းလိုက်ပါ
စရိတ်သက်သာ၊လူသက်သာပြီး အထွက်နှုန်းအတွက် စိတ်အေးရဖို့... စပါးခင်းထဲက ပေါင်းမှန်သမျှ အကုန် "ရွေ့" သွားစေမယ့် အီရေစ့် (Erase) ကို အခုပဲ အပြေးလေး ဝယ်ယူလိုက်တော့နော်
Read more