လက်ဖက်လှေးပိုးနှင့် မွှားပင့်ကူများ ကာကွယ်နှိမ်နင်းနည်း

13/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လှေးပိုးနှင့် မွှားပင့်ကူများသည် လက်ဖက်ပင်သစ်ရည်များကို စုပ်ယူခြင်းဖြင့် ဖျက်ဆီးကြသည်။ 

၎င်းတို့သည် နွေးထွေးစိုထိုင်းသော အခြေအနေများတွင် အများဆုံးပေါက်ဖွားကြပြီး ကောင်းစွာမပျံသန်းနိုင် သောကြောင့် လေနှင့်အတူ ပျံ့နှံ့တတ်ကြသည်။

လှေးပိုးနှင့် မွှားပင့်ကူများ ကျရောက်ဖျက်ဆီးပါက အရွက်အနားများဝါလာသည့်အပြင် အရွက်မျက်နှာပြင်မညီခြင်း၊ တွန့်ခြင်း၊ မှိန်ခြင်းတို့ ဖြစ်လာမည်။ 

ပုံစာ - လှေးပိုးများကျရောက်နေသောလက်ဖက်ရွက်

ကာကွယ်နှိမ်နင်းနည်းများ 

  • လှေးပိုးကျနေသော လက်ဖက်အရွက်တစ်ရွက်ချင်းစီကို ပင်စည်ဖြတ်ကတ်ကြေးဖြင့် ဖြတ်ပေးပါ။  ဖြတ်ပြီးပါက ပလပ်စတစ်အိတ်ထဲထည့်၍ သေချာစွန့်ပစ်ရမည်။ 
  • လှေးပိုးကျသောကိုင်းကို တကိုင်းလုံး ဖြတ်ရမည်ဆိုပါက ကိုင်းခွဆုံနေရာမှ ကိုင်းဖြတ်သည့်ညှပ် သို့မဟုတ် လွှဖြင့် ဖြတ်ပါ။
  • ပိုးကျသည့်အပင်များကို ရေဖျန်းပိုက်ဖြင့် အားပြင်းစွာ ရေဖြန်းပေးပါက ပိုးမွှားများရေမွန်းပြီး ပြုတ်ကျ သွားမည်။ ပင့်ကူကျရောက်သောအရွက်များတွင် အောက်ဘက်အခြမ်းကို အဓိကထား၍ ဖြန်းပေးရမည်။ အမြစ်ပြတ်နှိမ်နှင်းရန်  သုံးရက်ဆက်တိုက်ရေဖြန်းပေးရန်လိုသည်။
  • ထို့ပြင် ၂ ရာခိုင်နှုန်း ပြင်းအားရှိသည့် အင်းဆက်သတ်ဆေးဆပ်ပြာပျော်ရည်ကို ပိုးကျသည့်အပင်မှ ဆေးရည်စက်များကျသည်အထိ ဖျန်းပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်သည်။ အင်းဆက်သတ်ဆေးဆပ်ပြာကို သုံးရက်တစ်ကြိမ် နှစ်ပတ်ထိဖြန်းပေးပါက လှေးပိုးမျာကို  အထိရောက်ဆုံး ထိန်းချုပ်နိုင်မည်။ 
  • မိုက်ခရုပ်အခြေပြု Spinosad ဖျန်းဆေးကိုလည်း ဖျန်းပေးနိုင်သည်။ မနက်အစော သို့မဟုတ် နေဝင်ပြီးအချိန်တွင် ဖြန်းပေးရမည်။ အရွက်တစ်ရှူးတွင် တွယ်နေသောဥများမှ ပိုးလောက်လန်းများ မရှိတော့သည်အထိ ဖြန်းပေးရမည်။ လှေးပိုးများသည် Spinosad ဆေးကို ထိတွေ့မိပါက သို့မဟုတ် စားသုံးမိပါက သေသွားမည်ဖြစ်သည်။ 

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' လက်ဖက်စိုက်ပျိုးမှုဆိုင်ရာနည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်