ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါးမွေးမြူနည်း (၅)

28/02/2023 19:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေပေါ်လှောင်အိမ်စနစ်ဖြင့်တီလားပီးယားငါးမွေးမြူနည်းတွင် အစာနှင့် အစာကျွေးခြင်းသည် ထုတ်လုပ်မှုအတွက်အဓိကကျသော ကုန်ကျစရိတ်များဖြစ်ပြီး ယခုအပိုင်းတွင်တော့ အစာအမျိုးအစား၊ အစာအရည်အသွေး၊ အစာကျွေးခြင်း၊ အစာကျွေးကိရိယာ စသည်တို့ကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Server Error

500
Server Error

" alt="" />

 

(က) အစာအမျိုးအစား

ရေပေါ်စာကျွေးခြင်းဖြင့် အစာကျွေးသည့်အပေါ် အစာစားခြင်းကို မျက်မြင်လေ့လာသိရှိနိုင်ပါသည်။

အရည်အသွေးမြင့်မားကောင်းမွန်သော အစာတောင့်များသည် အစိတ်စိတ်အမွှာမွှာကွဲပြီး အရည်ပျော်ရန်အတွက်(၂၄)နာရီခန့် ကြာမြင့်နိုင်မည်ဖြစ်၍ သေချာသောငါးအစာပမာဏကို နေ့စဉ်တစ်ရက်လျှင်တစ်ကြိမ် ကျွေးရမည်ဖြစ်ပြီး (၂)ကြိမ်ခွဲ၍ ကျွေးပါက ပိုမိုကောင်းမွန်ပါသည်။

ရေမြုပ်အစာတောင့်ဆိုလျှင်မူ လေလွင့်မှုများမဖြစ်စေရေး သေချာစေရန် အလေးဂရုပြု လုပ်ဆောင်ရမည် ဖြစ်ပါသည်။

ရေမြုပ်အစာတောင့်သည် ရေထဲတွင် လျင်မြန်စွာအရည်ပျော်နိုင်ပြီး အစာလှောင်အိမ်များကျွံထွက်၍ လေလွင့်ဆုံးရှုံးမှုဖြစ်ရန်လည်း ပို၍ အလားအလာရှိပါသည်။

တီလားပီးယားငါးမျိုးသည် အချိန်ကာလတိုအတွင်း တစ်ကြိမ်တည်းကျွေးခြင်းဖြင့် ၄င်း၏အမြင့်မားဆုံးကြီးထွားမှုအတွက် နေ့စဉ်လိုအပ်သောအစာပမာဏကို မစားသုံးနိုင်သဖြင့် တစ်ရက်လျှင်တစ်ကြိမ်ထက်ပို၍ ကျွေးရန်လိုအပ်ပါသည်။

၂၅ ဂရမ်အောက် ငါးဆိုလျှင် တစ်ရက်လျှင်အနည်းဆုံး(၃)ကြိမ် ကျွေးရပါမည်။ ရေမြုပ်အစာတောင့်ကျွေးမည်ဆိုပါက တိမ်သောနေရာတွင် ရေမြုပ်အစာဗန်းဖြင့် ထည့်၍ကျွေးရမည်ဖြစ်ပြီး လှောင် အိမ်အတွင်းမှ အစာတောင့်များ ရေစီးဖြင့် လှောင်အိမ်အတွင်းမှ မျောပါမထွက်သွားမီ (သို့မဟုတ်) လှောင်အိမ်ကျွံမထွက်သွားမီ မွေးထားသောငါးများ အချိန်မီစားနိုင်ရန်အတွက်ရေမြုပ်အစာတောင့်ကိုလက်ဖြင့် တဖြည်းဖြည်းချင်း ကျွေးရမည်ဖြစ်ပါသည်။

(ခ) အစာအရည်အသွေး

ငါးသားပေါက်များ ထည့်သွင်းပြီးနောက် တီလားပီးယားဖော်စပ်အစာကို ကျွေးရပါမည်။ ရေပေါ်အစာ၏ အသားဓာတ်ပါဝင်မှုသည်(၃၂)ရာခိုင်နှုန်းအထက် ရှိရပါမည်။ အထူးဂရုပြုရန်မှာ ငါး၏ကြီးထွားမှုကို ပုံမှန်ကြည့်ရှုစစ်ဆေးပြီး အရွယ်အစားခွဲပေးခြင်းကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။

တူညီသောလှောင်အိမ်အတွင်း၌ အရွယ်အစားတူ ငါးသားပေါက်များ ထည့်သွင်းမွေးမြူရမည်ဖြစ်ပြီး ထိုသို့မွေးမြူခြင်းဖြင့် ငါးများသည် တစ်ပြိုင်နက်တည်းကြီးထွားလာခြင်း၊ ရှင်သန်နှုန်းတိုးလာခြင်းနှင့် စျေးကွက်၏တောင်းဆိုမှုနှင့်အညီ ရောင်းချပေးနိုင်မည်ဖြစ်ပါသည်။

(ဂ) အစာကျွေးခြင်း

နေ့စဉ် ငါးအစာကျွေးနှုန်းအနေဖြင့် ငါးခန္ဓာကိုယ်အလေးချိန်၏ (၂)ရာခိုင်နှုန်းမှ (၅)ရာခိုင်နှုန်းရှိသောအစာကို ကျွေးရပါမည်။ မနက်ပိုင်းတွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်းတွင်တစ်ကြိမ်ခွဲကျွေးရပါမည်။

ငါးတစ်ကောင်ချင်းစီ၏ အစာရရှိမှုနှင့် အစာစားမှု သေချာစေရန် အစာကျွေးသည့်အချိန်ကို အနည်း ငယ် အချိန်ကြာကြာ ကျွေးပေးရပါမည်။ 

အစာကျွေးခြင်းထိန်းညှိမှုကို နေ့စဉ်၊ အပတ်စဉ် (သို့မဟုတ်)ရက်သတ္တပတ်(၂)ပတ်ကြာတိုင်း ပြုလုပ်ရပါမည်။ ငါး၏ပျမ်းမျှကြီးထွားနှုန်းကို သိရှိဆုံးဖြတ်ရန်နှင့် နေ့စဉ်အစာကျွေးနှုန်းကိုတွက်ချက်ထိန်းညှိရန်အတွက် မှန်ကန်သောအစာကျွေးနှုန်းဖြစ်စေရန် မွေးမြူကာလ ရက်သတ္တ ပတ်(၄)ပတ်မှ ရက်သတ္တပတ်(၆)ပတ်ကြာတိုင်း ငါးများကို နမူနာဖမ်းယူချိန်တွယ်ရမည်ဖြစ်ပါသည်။

အစာမှ အသားပြောင်းသောအချိုး(Feed Conversion Ratio- FCR)ကို အခြေခံ၍ ငါး၏ကြီးထွားမှုကို ခန့်မှန်းတွက်ချက်ခြင်းဖြင့် နမူနာငါးဖမ်းယူတိုင်းတာမှတ်တမ်းပြုစုမှုများအကြား အစာကျွေးနှုန်းပမာဏကို ထိန်းညှိနိုင်ပါသည်။

၉။ အရည်အသွေးကောင်းမွန်သော ငါးအစာကို မှန်ကန်သောပမာဏဖြင့် မွေးမြူထားသောငါးကို အစာကျွေးခြင်း

အစာကျွေးရမည့်ပမာဏသည် လှောင်အိမ်အတွင်း ထည့်သွင်းမွေးမြူထားသော ငါးအရေအတွက်နှင့်ငါးအရွယ်အစားတို့ဖြင့် ဆက်စပ်နေပြီး ကန်၏မျက်နှာပြင်ဧရိယာအပေါ် မူတည်၍လည်း ကန့်သတ်ချက်များရှိပါသည်။

အကယ်၍ အရေးပေါ်အသုံးပြုရန် လေပေးစက်များ မရရှိနိုင်လျှင် ကန်တစ်ကန်အတွင်း၌ လှောင် အိမ်များအားလုံးကို တပြိုင်နက်တည်းထည့်သွင်းမွေးမြူခဲ့လျှင် ကန်ဧရိယာ တစ်ဧကကို နေ့စဉ်အစာကျွေးနှုန်းသည် အမြင့်မားဆုံးအလေးချိန် ပေါင်(၃၀) မှ (၄၀) သည် ကုန်ထုတ်ကာလ၏ နောက်ဆုံးအချိန်ဖြစ်သော ကန့်သတ်ချက်များရှိသည့် ကာလတစ်ရပ်အတွက် ဘေးအန္တရာယ်ကင်းနိုင်မည်ဖြစ်ပါသည်။

အဆိုပါကျွေးနှုန်းဖြင့်ဆိုလျှင် ကန်တစ်ဧကအကျယ်တွင် မွေးမြူကာလရက်သတ္တပတ်(၂၀)ပတ်အတွက် လှောင်အိမ်ဖြင့် တီလားပီးယားမွေးမြူရာတွင် ငါးအလေးချိန်ပေါင်(၂၀၀၀) မှ (၃၀၀၀) ထုတ်လုပ်ရရှိနိုင်ပါသည်။

အကယ်၍ တစ်နှစ်ပတ်လည် တောက်လျှောက်ထုတ်လုပ်ခြင်းအတွက်မူ အစီအစဉ်တကျ တသုတ်ပြီးတသုတ် ထည့်သွင်းမွေးမြူပြီး ပြန်လည်ဖမ်းဆီးခြင်းစနစ်ကို အသုံးပြုနိုင်ပါသည်။ 

ထိုကဲ့သို့ မွေးမြူမည်ဆိုပါလျှင် အမြင့်မားဆုံးနေ့စဉ်အစာကျွေးနှုန်းသည် တစ်ဧကကန်အကျယ်အတွက် အစာအလေး ချိန်ပေါင်(၂၀)မှ (၃၀)ထက် မကျော်လွန်သင့်ပါ။အကြောင်းမှာ အဆိုပါ အစာကျွေးနှုန်းဖြင့် တောက်လျှောက်အစာကျွေးနေမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

(က) အစာကျွေးကိရိယာ

လှောင်အိမ်အတွင်း အစာကျွေးခြင်းကို ပို၍လွယ်ကူစေရန် ရိုးရှင်းသောအစာကျွေးကိရိယာကို ထုတ်လုပ်နိုင်ပါသည်။ ရေပေါ်ပေါ်သော အစာကျွေးကွင်းများကို လှောင်အိမ်အတွင်း အစာများရှိနေစေရန် အသုံးပြုကြပါသည်။ လှောင်အိမ်အတွင်း အစာကျွေးဗန်းများကို ပြုလုပ်ထားရှိခြင်း (သို့မဟုတ်)ရေမြုပ်စာများကို လှောင်အိမ်ကြမ်းပြင်၌ ထားရှိပေးခြင်းတို့ပြုလုပ်နိုင်ပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။

(အပိုင်း-၆ တွင် ပိုက်လှောင်အိမ်ထိန်းသိမ်းမှုအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်