ခရမ်းချဥ်အပင်ညှိုးရခြင်းအကြောင်းရင်းများနှင့် ထိန်းသိမ်းနည်းများ(၁)

23/03/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

တောင်သူမိတ်ဆွေများနဲ့ ကွင်းဆင်းရင်း၊ နှီးနှောဖလှယ်ရင်း၊ စိုက်ခင်းအတွင်း အများဆုံးဖြစ်လေ့ဖြစ်ထရှိပြီး အမေးများ အကြောင်းအရာလေးတွေရယ်၊ ပြန်လည်ဖြေကြားလိုက်ရပေမယ့် အချိန်၊ နေရာတခုကြောင့် ၊ ပြည့်စုံစွာမဖြေကြားလိုက်ရတဲ့ အကြောင်းအရာလေးတွေကို....

စာဖတ်မိတ်ဆွေများ၊ ဗဟုသုတ၊အကျိုးစီးပွား အလို့ငှာ၊ ဒီစာစုကို ရေးသားရခြင်း ဖြစ်ပါတယ်။

#အကြောင်းအရာက ခရမ်းချဥ်ပင်တွေမှာ အပင်ညှိုးလက္ခဏာတွေဟာ..

"ဘာကြောင့်ညှိးရပါသလဲ ? ”

အကြောင်းရင်းကိုအရင်သိမှ "အကြောင်းကိုပယ်၊ အကျိုးကိုဆယ်" နိုင်မှာ ဖြစ်ပါတယ်။

#ခရမ်းချဉ်အပင်ညှိုးရခြင်းအကြောင်းတရား များစွာရှိပါလိမ့်မယ်။ ဒေသ၊ ရာသီဥတု၊ ပတ်ဝန်းကျင်အပေါ်မူတည်မှာပေါ့လေ။

များစွာသော အကြောင်းရင်းတွေထဲက မြန်မာနိုင်ငံ ခရမ်းချဉ်စိုက်တောင်သူများတွေ့ရတတ်သော/ တွေ့နိုင်သော အကြောင်းအရာများကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

၁။ ရေ၊ အစိုဓါတ် လိုအပ်သောကြောင့် အပင်ညှိုးခြင်း

"ရေငတ်ရင် အပင်ညှိုးမယ်"ဆိုတာ အရမ်းရိုးရှင်းပါတယ်။ သို့သော် ရေသွင်းလျက်နဲ့လည်း ရေငတ်တတ်ပါတယ်။

ရေသွင်းမြောင်းက နက်နေပြီး၊ အမြစ်က အမြင့်ရောက်နေရင် (သို့မဟုတ်) အမြစ်နဲ့ ရေနဲ့ဝေးနေရင်၊ရေသွင်းပေမယ့် ရေငတ်တတ်ပါတယ်။ ရေငတ်ရင် အပင်ညှိုးပါတယ်။ ရောဂါမဟုတ်ပါ။

၂။ သွင်းရေ/ မိုး များခြင်း၊ ရေဝပ်ခြင်း

Water logged အပင်ခြေ ရေဝပ်ချိန်ကြာရင်၊ အမြစ် ရေငုံပြီး ပင်ရည်မပြန်နိုင်ဘဲ အပင်ညှိုးတဲ့ လက္ခဏာပါ။

"ဘက်တီးရီးယား စိမ်ညှိုး" ရောဂါနဲ့ မှားတတ်ပါတယ်။

ရေသွင်းနည်းစနစ် မှန်ကန်ဖို့နဲ့ ရေမဝပ်နိုင်အောင် စိမ့်မြောင်း၊ ပတ်မြောင်း လိုအပ်ပါတယ်။

၃။ ရွှေ့ပြောင်းစိုက်ချိန်ကာလ ညှိုးခြင်း

အမြစ်သစ်အား မွေးချိန် အပင်ညှိုးခြင်း၊ ရွှေ့စိုက်ကာလ အခိုက်အတန့်ညှိုးတာ ဖြစ်လို့ သဘာဝဖြစ်စဥ်တခုသာဖြစ်ပါတယ်။

သို့သော်၊ အမြစ်သစ် မထွက်နိုင်ဘဲ recover ပြန်မဖြစ်နိုင်ရင်၊ ၇ ရက်ကနေ ၁၀ ရက်ထက်ကြာတဲ့ထိ ညှိုးနေရင်တော့ အမှားအယွင်း တခုခု ရှိလို့ဆိုတာ နားလည်ထားဖို့ လိုပါမယ်။

(ဥပမာ-ပျိုးပင် မသန်ခြင်း၊မသန့်ခြင်း၊ မြေအောင်းပိုး..စသည်)

၄။ အပူချိန်နိမ့်လွန်း/မြင့်လွန်းခြင်းကြောင့် အပင်ညှိုးရခြင်း။

ရေခဲ ဒေသ၊ ဆီးနှင်းကျတဲ့ ဒေသ နဲ့ နှင်းမုန်တိုင်းကြောင့် အပင်ညှိုးရတယ်ဆိုတာ မြန်မာနိုင်ငံမှာတော့ တွေ့ရနည်းပါလိမ့်မယ်။

သို့သော်..အပူချိန် ၄၃ ဒီဂရီ ဆဲစိယပ်အထိ ပူပြင်းချိန်မှာ မြေတွင်းအပူချိန် (Soil Temperatures)   မြင့်တက်ပြီး အစာစားတဲ့အမြစ်လေး(Root hairs) တွေ အပူလောင်ပြီး ရေငတ်လက္ခဏာဖြစ်ကာအပင်ညှိုးစေတတ်ပါတယ်။

ဒီဖြစ်စဥ်မျိုးဟာ အပူချိန်မြင့်ကာလမှာ ဖရဲ၊ သခွား၊ ငရုတ်စသဖြင့် ဘောင်စိုက်သီးနှံတွေမှာ အဖြစ်များပါတယ်။ အပင်ခြေကို လက်နဲ့စမ်းကြည့်ရင်အရမ်းပူလောင်နေပါလိမ့်မယ်။ မြေကြီးထဲ ရှိနေတဲ့အမြစ်နုနုလေးတွေ ခံနိုင်ရည် မရှိတာ ဖြစ်ပါတယ်။

ဒီတော့ ပလတ်စတစ် အုပ်ထားရင် ဖွင့်ပေးပါ။ စိုက်ဘောင်ကို မြေဖုံးပစ္စည်း(mulching)အုပ်တာတွေ လုပ်ပေးပါ။

၅။ မှိုရောဂါ တမျိုးမျိုးကြောင့် အပင်ညှိုးခြင်း

ရာသီဥတုက မိုးအုံ့ နေမယ်၊ စိုစွတ် အုံ့အိုက်ချိန်ကြာမယ်. ဆိုရင်၊ မှိုရောဂါ တမျိုးမျိုး ရလာတတ်ပါတယ်။

ဥပမာ..verticillium wilt(ဗာတီစီလီယံပင်ညှိုးရောဂါ)/ fusarium wilt(ဖျု ဆေရိယံပင်ညှိုးရောဂါတွေကြောင့် ခရမ်းချဉ်ပင်တွေ ညှိုးနိုင်ပါတယ်။

ဒီလို မှိုရောဂါကြောင့် ညှိုးမှသာ မှိုသတ်ဆေးဖျန်းလို့ ထိရောက်မှာပါ။

ဒါတောင်မှ မြေဆောင် နှစ်ရှည်မှိုတွေဖြစ်လို့ မှိုသတ်ဆေးချည်းအားကိုးလို့မရပါဘူး။ မြေချဉ်ငန်ပြုပြင်ခြင်း၊ ထရိုင်ကိုဒါးမား အသုံးပြုခြင်း၊ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်း၊ ရောဂါခံနိုင်တဲ့ မျိုးတွေ စိုက်ပျိုးခြင်းတွေ ပြုလုပ်ရပါတယ်။

ဆိုတော့ ခရမ်းချဉ်ပင်တွေညှိုးလာပြီဆိုရင် ပိုးကြောင့် ဒါမှမဟုတ် ရောဂါကြောင့်ဆိုပြီး အများဆုံး တွေးမိကြမှာပါ။ ဒါပေမဲ့ တကယ်ကတော့ ဒီ့ထက်ပိုတဲ့အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။ ဒါတွေကိုသိပြီး ဆောင်ရန်၊ ရှောင်ရန်တွေလုပ်ဖို့ အပိုင်း(၁) မှာ တချို့ကို ဖော်ပြပေးခဲ့တာပါ။ နောက်ထပ်အကြောင်းအရာတွေနဲ့ ထိန်းသိမ်းရမယ့်နည်းလမ်းတွေကိုတော့ အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

စေတနာများစွာဖြင့်..

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်