အနားသတ်မရှိတဲ့ကောင်းကင်

26/04/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မြန်မာနိုင်ငံဟာ စိုက်ပျိုး​ရေးနိုင်ငံဆို​သော်ငြားလည်း ​ရေအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်၊လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု အားနည်း​နေ​သေးတယ်ဆိုတာ ယ​နေ့ ​တောင်သူလယ်သမား​တွေရဲ့ လူမှုစီးပွား​ရေးဘဝကိုကြည့်တာနဲ့ သိမြင်နိုင်မှာပါ။

ဒီလိုအ​ခြေအ​နေမှာ ကမ္ဘာ့ရာသီဥတု ​ပြောင်းလဲမှု​တွေနဲ့ ရင်ဆိုင်​နေရခြင်း၊ နိုင်ငံ​ရေး ရာသီဥတု ​ဖောက်ပြန်ခြင်းတွေဟာလည်း မြန်မာ့လယ်သမား​တွေအတွက် နည်းပညာ၊ သွင်းအားစု၊ လုပ်အား၊အလုပ်ချိန်နဲ့ ထုတ်လုပ်မှုစွမ်းအားများ အခက်အခဲ​တွေ့​စေပါတယ်။

ဆရာဦးသာပို ဟော​ပြောပွဲမှာ ​ပြော​လေ့ရှိတာ သတိရမိတယ်။

"လယ်ယာလုပ်ရတာကလည်း...

  • ရာသီဥတုက..​ဖောက်ပြန်
  • တိုင်းပြည်က..ခ​လောက်ဆန်
  • စီးပွား​ရေးသမား​တွေက... အ​ကောက်ကြံ
  • အထွက်နှုန်း​တွေက...​နောက်ပြန်
  • မိန်းမကလည်း....အ​ငေါက်ခံ...

ဆိုသလို..ဖြစ်​နေပြီ။

သင်္ကြန်ပိတ်ရက်မှာ... နား​နေရင်း မြန်မာ့လယ်ယာစိုက်ပျိုး​ရေးလုပ်ငန်းအ​ကြောင်း ​တွေး​နေမိပါတယ်။

"ဟလို...Green way မှာ ဆောင်းပါး​ရေးတဲ့ ဒို့ဦး​လေး..လားခင်ဗျာ"

"ဟုတ်ပါတယ်ဗျ၊ ဘာ အကူညီ​ပေးရမလဲဗျာ.."

"ကျ​နော်..ဧရာဝတီတိုင်း၊ ဟင်္သာတနယ်က တောင်သူကျော်ကိုမင်းပါ ။

ဆရာ​ရေ..ကျ​နော်သိချင်တာက...

စိုက်ပျိုး​ရေးပညာရှင်​တွေမှာ တချို့က ရိုးပြတ်​တွေကို မီးရှို့ပါ..တဲ့။

​နောက်တခါကျ​တော့ ရိုးပြတ်​တွေမီးမရှို့ပါနဲ့။ ​မြေဆီလွှာအာဟာရ​တွေ ဆုံးရှုံးနိုင်ပါသတဲ့။

ကျ​နော်တို့ ​တောင်သူ​တွေက ဘယ်ဟာကိုလိုက်နာရမလဲ ဆရာ"...တဲ့။

​" နောက်ပြီး.... ရှိ​သေးတယ်.ဆရာ။

​နွေထယ်​ရေး မဖြစ်မ​နေခံ​ပေးပါ..တဲ့။

​ဟော..အခုကျ​တော့ ထယ်​ရေးမဲ့ စိုက်ပျိုး​ရေး(Zero tillage farming) ဆိုပြန်​ရော..ဆရာ။

ကျ​နော်က  မိုးစပါးမစိုက်ခင်၊ ရိုးပြတ်​တွေ မီးရှို့ချင်လို့ဆရာ..လုပ်သင့်/မလုပ်သင့် ,အဲဒါ​လေး.ရှင်းပြ​ပေး​စေချင်ပါတယ်" ဆိုပြီး ဖုန်းဆက်​မေးမြန်းလို့..ဒီစာ​လေးနဲ့ အ​ကြောင်းပြန်​ပေးလိုက်ပါရ​စေ။

စိုက်ပျိုး​ရေးနည်းပညာဆိုတာ အနားသတ်မရှိတဲ့ကောင်းကင်ပြင်ကြီးနဲ့ တူပါတယ်။

ဘယ်အရာမှ လှေနံဓားထစ် အ​သေမှတ်လို့ မရပါဘူး။

၁။ ရိုးပြတ်များကို မီးရှို့သင့်/မရှို့သင့်

အ​ခြေအ​နေ​ပေါ်မူတည်ပြီး လုပ်ငန်းနှစ်မျိုးစလုံးမှန်ပါတယ်။

" ရိုးပြတ်များကို မီးရှို့ပါ "ဆိုတာ...

  • ပိုးမွှား​ရောဂါ အကြွင်းအကျန်များ​နေပြီး နှစ်စဉ်စိုက်ပျိုးလိုက်တိုင်း ပိုး/​ရောဂါ​ကြောင့် ဆုံးရှုံးမှု​တွေများ​နေတဲ့လယ်ယာ​မြေ..
  • ဓာတု​ဆေး​တွေ အသုံးများလို့ ဓာတ်ကြွင်း​ရှောင်ချင်လို့ IPM(Integrated Pest Management) ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းကို အသုံးပြုလို၍ဖြစ်​စေ..
  • စပါးပြီးစပါးကဲ့သို့ သီးလှည့်စိုက်ဖို့ အ​ခြေအ​နေမ​ပေး​သော လယ်ယာ​မြေမျိုးမှာဖြစ်​စေ...

အ​ရေး​ပေါ် ပိုးမွှား​ရောဂါ ကာကွယ်​ရေးရှု​ထောင့်အရ... ရိုးပြတ်မီးရှို့​ပေးရပါတယ်။

သာမန်အ​ခြေအ​နေမျိုးမှာ​တော့... ရိုးပြတ်​တွေကိုမီးမရှို့ဘဲ...

  • ​မြေ​ဆွေးပြုလုပ်ပြီး​သော်လည်း​ကောင်း၊
  • ထယ်ထိုးထွန်​မွှေပြီး​သော်လည်း​ကောင်း ​ဆွေး​မြည့်အောင်ပြုလုပ်ပြီး ​မြေဆီလွှာထိန်းသိမ်းသင့်ပါတယ်။

(အီးအမ်ဘိုကာရှီနည်းနဲ့ စနစ်တကျ​မြေ​ဆွေးပြုလုပ်သုံးစွဲနိုင်ရင်​တော့ အ​ကောင်းဆုံး​ပေါ့)

အဓိက,က​တော့ ​မြေကြီးထဲ အကျိုးပြုအဏုဇီဝပိုး​လေး​တွေ ရှင်သန်ပွားများနေမှ ရှင်သန်​သော​မြေ/ကျန်းမာ​သော​မြေဆီလွှာဖြစ်မှာကိုး..​နော့။

၂။​ နွေထယ်​ရေးခံ​ပေးပါ/ထွန်​ရေးမဲ့ စိုက်ပျိုးပါ

ဒီ ဖြစ်စဉ်​တွေမှာလည်း ထိုနည်းလည်း​ကောင်းပါပဲ။

​ဒေသ ​ရေ​မြေရာသီဥတုအ​ပေါ်မူတည်ပြီး မဖြစ်မ​နေ လိုက်နာကျင့်သုံးရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းကဲ့သို့ တနှစ်ပတ်လုံး မိုး​ရေချိန်၂၅-၃၀ လက္မလောက်ရတဲ့ မိုးနည်း​ရေရှား​ဒေသအတွက်၊ ​မြေအစိုဓာတ် ကြာရှည်ထိန်းထားနိုင်ဖို့/ရှားပါးမိုး​ရေ​လေးကို ထိန်းထားနိုင်ဖို့ဆိုရင်၊​နွေထယ်​ရေးခံထားမှ၊ ​နောက်စိုက်မည့်သီးနှံအောင်မြင်နိုင်မှာပါ။

ထွန်​ရေးမဲ့(Zero tillage) စိုက်နည်းဆိုတာက​တော့...

​သြဂဲနစ်စိုက်ပျိုး​ရေးရဲ့အနှစ်သာရလို့ ဆိုချင်ပါတယ်။

ထယ်ထိုး/ထွန်​မွှေလိုက်တာနဲ့ မြေကြီးထဲက...

မိုက်ခရုပ်​လေး​တွေ အနည်းနဲ့အများ ထိခိုက်​သေဆုံးနိုင်ပါတယ်။

ဒါ့အပြင် ​​မြေသားပျက်စီးခြင်း၊ အစိုဓာတ်ဆုံးရှုံးခြင်း စတဲ့သီးနှံပင်အတွက် ဆိုးကျိုး​တွေ ရရှိ​စေနိုင်လို့ပါ။

သို့​သော်...

​နေရာမ​ရွေး၊​ ဒေသမ​ရွေး ထွန်း​ရေးမဲ့စိုက်စနစ် ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။

သို့ပါ၍ စိုက်ပျိုး​ရေးနည်းပညာများကို တရား​သေမှတ်လို့ မရနိုင်လို့ 'အနားသတ်မရှိတဲ့ ​ကောင်း ကင်'  လို့ တင်စားဖော်ပြ​ပေးလိုက်ရတာပါ။

ဟင်္သာတမြို့နယ်က တောင်သူကို​ကျော်ကိုမင်းနဲ့တကွ အစိမ်း​ရောင်လမ်း စာဖတ်ပရိတ်သတ်များ

စိုက်ပျိုး​ရေးသုတ၊ ရသ တခုခု ရရှိပြီး သီးနှံအထွက်တိုးကြပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်။

ကျန်းမာ ချမ်းသာကြပါ​စေ...

​စေတနာများစွာဖြင့်...

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်