ကော်ဖီမှုန့်ရဲ့ အသုံးဝင်တဲ့ နည်းလမ်းများ

06/06/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကော်ဖီဆိုတာ လူတိုင်းနီးပါးကြိုက်နှစ်သက်ပြီး သောက်သုံးကြတဲ့အရာ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ အသင့်ဖျော်သောက်သုံးနိုင်တဲ့ ကော်ဖီတွေရှိသလို ကော်ဖီရဲ့ အရသာစစ်စစ်ကိုရရှိဖို့ ကိုယ်တိုင်အမှုန့်ကြိတ်ပြီး သောက်သုံးကြတာမျိုးလည်း ရှိပါတယ်။

ကော်ဖီဖျော်သောက်ပြီးတဲ့အခါ ကျန်ရှိတဲ့ ကော်ဖီအမှုန့်တွေကိုတော့ အများစုက အလွယ်တကူပဲ လွှင့်ပစ်လိုက်ကြတတ်ပါတယ်။ ဒါပေမဲ့ ယခုဆောင်းပါး ဖတ်ပြီးရင်တော့ ကော်ဖီသောက်ပြီးတိုင်း ကျန်ရှိတဲ့အမှုန့်တွေကို လွှင့်မပစ်ဘဲ တစ်နေရာရာမှာ အကျိုးရှိရှိနဲ့  ပြန်လည်အသုံးပြုမယ်လို့ ယုံကြည်ပါတယ်။

ဒီတော့...ကော်ဖီမှုန့်ကို ပြန်လည်အသုံးပြုနိုင်တဲ့ နည်လမ်းလေးတွေကို လေ့လာကြည့်လိုက်ရအောင်… 

၁။ မြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း    

မြေဆီလွှာမှာဆိုရင် ပုံမှန်အားဖြင့် အပင်ကြီးထွားဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေဟာ သဘာဝအတိုင်းဆိုရင် ပမာဏအနည်းငယ်သာ ပါဝင်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးတဲ့သူက ထည့်ပေးမှသာ အပင်က ရယူစားသုံးနိုင်တာ ဖြစ်ပါတယ်။

ကော်ဖီမှုန့်မှာဆိုရင် အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ဖော့စဖောရပ်စ်၊ မဂ္ဂနီစီယမ်နဲ့ ခရိုမီယမ် စတဲ့ ဓာတ်တွေပါဝင်နေတာ ဖြစ်ပါတယ်။ ကော်ဖီမှုန့်ဟာဆိုရင် မြေဆီလွှာကို ညစ်ညမ်းစေနိုင်တဲ့ သတ္တုဓာတ်များပါဝင်မှုကို လျော့နည်းစေနိုင်ပြီး မြေဆီလွှာအတွက် ကောင်းမွန်စေတဲ့ အကျိုးပြုပိုးတွေ တိုးပွားလာစေရန်လည်း ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

၂။ မြေဆွေးအဖြစ် အသုံးပြုခြင်း 

သောက်ပြီးလို့ကျန်ရှိတဲ့ ကော်ဖီအမှုန့်တွေကို လတ်တလော အသုံးမပြုချင်သေးဘူးဆိုရင်လည်း မြေဆွေးပြုလုပ်တဲ့နေရာမှာ ထည့်သွင်းပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။ ကော်ဖီမှုန့်အပြင် မီးဖိုချောင်နဲ့ နေအိမ်ခြံဝန်းထဲမှ ထွက်ရှိသော သဘာဝစွန့်ပစ်ပစ္စည်းများကို စုပေါင်းပြီး မြေဆွေးပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ ကော်ဖီအမှုန့် ၄၀ ရာခိုင်နှုန်းပါဝင်တဲ့ မြေဆွေးဟာဆိုရင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို နည်းပါးစေပြီး အရည်အသွေးကောင်းသော မြေဆွေးကို ရရှိစေမှာ ဖြစ်ပါတယ်။

၃။ အင်းဆက်ပိုးမွှားများအား ဖယ်ရှားပေးခြင်း 

ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့  ဒီတာပင်းဓာတ်များမှာ အင်းဆက်ပိုးမွှားများအား အဆိပ်သင့်စေတဲ့ အာနိသင်ပါရှိပါတယ်။ ကော်ဖီမှုန့်ဟာဆိုရင် ခြင်၊ သီးထိုးယင်နဲ့ ကျိုင်းကောင်ကဲ့သို့ အင်းဆက်များအား ကာကွယ်ပေးနိုင်ပါတယ်။ ကော်ဖီအမှုန့်များကို စိုက်ခင်းရှိ အပင်များအနီးတစ်ဝိုက်မှာ ဖြန့်ကြဲထားခြင်းအားဖြင့် အင်းဆက်ပိုးမွှားများအား ကာကွယ်ပေးနိုင်ပါတယ်။ ထိုသို့ ပြုလုပ်ထားခြင်းအားဖြင့် မျှော့နဲ့ ခရုများအတွက်လည်း အတားအဆီးဖြစ်စေပါတယ်။ 

၄။ အိမ်မွေးတိရိစ္ဆာန်များမှ လှေး၊ သန်း၊ မွှားများဖယ်ရှားပေးခြင်း 

အိမ်မွေးတိရိစ္ဆာန်လေးတွေမှာ တွေ့ရတတ်တဲ့ သန်း၊ မွှား စတာတွေကို နှိမ်နင်းဖို့ ပုံမှန်အားဖြင့် ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာအရည်တွေနဲ့ ဆေးတွေပဲ အသုံးပြုကြလိမ့်မယ်ထင်ပါတယ်။ သဘာဝကာကွယ်မှုအနေနဲ့ ကော်ဖီအမှုန့်ကိုလည်း အသုံးပြုပေးလို့ရပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို သူတို့ရဲ့ဆပ်ပြာနဲ့ ရေချိုးပြီးပြီဆိုရင် ၎င်းတို့ရဲ့ အမွှေးတလျှောက်ကို ကော်ဖီအမှုန်နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။ ဒါပေမဲ့ ကော်ဖီအမှုန့်က တိရိစ္ဆာန်လေးတွေရဲ့ ခန္ဓာကိုယ်အပြင်ပိုင်းမှာသာ အသုံးပြုရတာဖြစ်လို့ သူတို့မစားမိ မလျက်မိစေဖို့တော့ သတိပြုရပါမယ်။ အခန့်မသင့်ရင် အဆိပ်သင့်နိုင်လို့ပါ။ 

၅။ အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ခြင်း 

ကာဗွန်နဲ့ လေထဲက ဆာလ်ဖာဓာတ်တို့ ပေါင်းစပ်ပြီး ထွက်ရှိလာတဲ့အနံ့ဆိုးများကို ကော်ဖီအမှုန့်မှာ ပါဝင်တဲ့  နိုက်ထရိုဂျင်ဓာတ်က ဖယ်ရှားစုပ်ယူပေးနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ ကော်ဖီမှုန့် တစ်ပန်းကန်ထားရှိခြင်းအားဖြင့် အစားအစာများရဲ့ အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ရှူးဖိနပ်ထားတဲ့ နေရာမျိုးတွေ၊ အားကစားခန်းမလိုနေရာမျိုးတွေမှာ ကော်ဖီမှုန့်ထားရှိခြင်းဖြင့် ဆိုးရွားတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၆။ သဘာဝသန့်စင်ရည် အဖြစ်အသုံးပြုခြင်း 

ကော်ဖီအမှုန့်ဟာဆိုရင် အညစ်အကြေးများကို ဖယ်ရှားနိုင်ပြီး သန့်ရှင်းဖို့အတွက် ခက်ခဲသော မျက်နှာပြင်များပေါ်တွင်လည်း အသုံးပြုနိုင်ပါတယ်။ ကော်ဖီအမှုန့်ဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်များကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် သန့်ရှင်းရေး ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အိမ်မှာရှိတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းရေးပြုလုပ်မယ်ဆိုရင် ကော်ဖီမှုန့်ကို စမ်းပြီး အသုံးပြုကြည့်နိုင်ပါတယ်။  

၇။ အသားအရည်ကို သန့်စင်ပေးနိုင်ခြင်း 

ကော်ဖီအမှုန့်ကို မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဂျီးချွတ်ဖို့အတွက်လည်း ပြန်လည်အသုံးပြုနိုင်ပါတယ်။ ကော်ဖီအမှုန့်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးတွေနဲ့ အရေပြားတွေပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပြီး အရေပြားကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ အသုံးပြုတဲ့အခါမှာ အုန်းဆီ (သို့မဟုတ်) ပျားရည် စတာတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ ကော်ဖီအမှုန့်မှာဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး နေရောင်ခြည်ကြောင့်  အသားအရည် ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ 

ဇင်ထူးနိုင်

Source - www.healthline.com 

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်