ဗီတာမင်တွေ ဘာတွေကောင်း..ဘယ်လိုဖြည့် (၁)

04/02/2022 17:30 PM တွင် နန်းအောင် နန်းအောင် မှ ရေးသား

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေက ဘယ်လိုအလုပ်လုပ်ပြီး ဘယ်လို အကျိုးပြုကြလဲ..? 

ဘယ်လိုအစားအသောက်တွေစားပြီး ဖြည့်ဆည်းပေးလို့ရလဲ..?

ဗီတာမင်ဆိုတာ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်နေစေဖို့ မဖြစ်မနေ လိုအပ်တဲ့  အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်အတွက် တာဝန်ပေါင်းများစွာ ထမ်းဆောင် ကြပြီး အနာဒဏ်ရာတွေကို သက်သာစေဖို့နဲ့ ခုခံအားကောင်းမွန်စေဖို့ စတာတွေကို ကူညီပေးပါတယ်..။

ဗီတာမင်တွေက ဘာတွေလဲ..? ဗီတာမင် A, B, C, D, E နဲ့ ဗီတာမင် K ၊ choline တို့ဖြစ်ကြပါတယ်။ 

ဗီတာမင်တွေထဲမှာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်နဲ့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ 

အဲ့ထဲမှာမှ ဗီတာမင် B  ထဲမှာဆိုရင် thiamin, riboflavin, niacin, vitamin B6, vitamin B12 .. စသဖြင့် အခွဲလေးတွေ ထပ်ရှိပါတယ်..။ 

ဆိုတော့ ဗီတာမင်တွေအကြောင်း ပြောကြရအောင်..။

ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် (Water soluble vitamins) 

ဗီတာမင်C နဲ့ ဗီတာမင် B အုပ်စုတွေဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဖြစ်ပါတယ်။ အဲ့ဒီဗီတာမင်တွေ ဟာဆိုရင် ခန္ဓာကိုယ်ရဲ့ တစ်ရှူးများဆီ လိုအပ်တဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးပါတယ်..။ ဒါပေမဲ့ သူတို့ ကို ခန္ဓာကိုယ်ထဲမှာတော့ သိုလှောင်မထားနိုင်ပါဘူး။  ခန္ဓာကိုယ်ကနေ စွန့်လိုက်တဲ့ ဆီးနဲ့အတူ ပါသွားတာကြောင့် နေ့စဉ် ထောက်ပံ့ပေးနေဖို့ လိုအပ်ပါတယ်။ ဒီဗီတာမင်တွေကိုတော့ အပင်တော်တော်များများ ၊ အသား တော်တော်များများနဲ့ အဟာရဖြည့်စွက်စာတွေကနေ ရနိုင်ပါတယ်။ 

အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် (Fat soluble vitamin)

ဗီတာမင် A၊ D၊ E နဲ့ ဗီတာမင် K တွေပါ..။ သူတို့ကကျတော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစား အသောက်များရဲ့ အဆီတွေနဲ့အတူ ခန္ဓာကိုယ်ကနေစုပ်ယူပြီး အဆီတစ်ရှူးများနဲ့ အသည်းမှာ သိုလှောင်ထား ပါတယ်။ အခုဗီတာမင်တွေကိုလည်း အပင်တော်တော်များများ၊ အသားများနဲ့ အာဟာရဖြည့်စွက်စာတွေကနေ ရနိုင်ပါတယ်။ 

အခု ဗီတာမင်တစ်ခုချင်းစီက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုပြီး ဘယ်လိုအစားအစာတွေကနေ ရနိုင်လဲ ဆိုတာ ဆက်ပြောသွားပါမယ်..။

ဗီတာမင် A

ဗီတာမင် A က အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ပါ..။ အစားအသောက်တော်တော်များများကနေ ရနိုင်ပါတယ်။ အမြင်အာရုံ၊ ခန္ဓာကိုယ်ခုခံအား၊ ဆဲလ်ကွဲပွားမှုနဲ့ မျိုးပွားခြင်းတို့အတွက် အရေးကြီးတဲ့ ဗီတာမင် တစ်ခုဖြစ်ပါတယ်။ ပြီးတော့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေ သင့်တင့်လျောက်ပတ်စွာ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ဖိုအတွက်လည်း ကူညီပေးပါတယ်။

ဗီတာမင် A မှာ နှစ်မျိုးရှိပါတယ်။ ပထမ တစ်ခုက preformed vitamin A ပါ..။ သူက ခန္ဓာကိုယ်ကနေ ချက်ချင်းအသုံးပြုလို့ရတဲ့ ဗီတာမင်ပါ..။ သူ့ကို အသား၊ ကြက်သား၊ ငါးနဲ့ နွားနို့ထုတ်ကုန်တွေကနေ ရနိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ ပရိုဗီတာမင် A (Provitamin A) ပါ..။ သူ့ကိုတော့ အသီးအရွက်များနဲ့ အခြား အပင်ကိုအခြေခံပြီးထုတ်ထားတဲ့ ထုတ်ကုန်တွေကနေ ရရှိနိုင်ပါတယ်..။ အစားအသောက်တွေနဲ့ အဟာရ ဖြည့်စွက်စာများမှာ အများဆုံးတွေ့ရတဲ့ ပရိုဗီတာမင် A ကတော့ ဘီတာကယ်ရိုတင်းပဲဖြစ်ပါတယ်။ ဘီတာ ကယ်ရိုတင်းကို လိမ္မော်ရောင်နဲ့ အဝါရောင်ရှိတဲ့ အသီးများနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ပရိုဗီတာမင်ရဲ့ အုပ်စုဝင် ဘီတာကယ်ရိုတင်းမှာ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အန်တီအောက်ဆီးဒန့် ပါ ပါတယ်။ 

ဗီတာမင် B6

ဗီတာမင် B အုပ်စုများဟာဆိုရင် ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေပါ..။ ဉီးနှောက်ဖွံ့ဖြိုးတိုးတက်မှု၊ အာရုံကြောစနစ်များကောင်းမွန်စေဖို့နဲ့ခန္ဓာကိုယ်ရဲ့ ခုခံအားကောင်းမွန်စေဖို့အတွက် ဖြစ်ပါတယ်။ 

ဗီတာမင် B6 ရရှိနိုင်တဲ့ အစားအသောက်တွေကတော့ ကြက်သား၊ ငါး၊ အာလူး၊ ကုလားပဲ၊ ငှက်ပျောသီးတို့ ဖြစ်ပါတယ်။ ဗီတာမင် B6 ကို ပုံစံအမျိုးမျိုးနဲ့ထုတ်လုပ်ထားတဲ့ ဆေးပြား ဆေးတောင့် ဆေးရည် တွေကနေလည်း ရနိုင်ပါတယ်..။

ဗီတာမင် B12

ဗီတာမင် B-12 ကို cobalamin လို့လည်းခေါ်ကြပါတယ်။ သွေးနီဉဖြစ်ပေါ်မှု၊ ဆဲလ်ဇီဝဖြစ်စဉ်၊ အာရုံကြောပိုင်းဆိုင်ရာလုပ်ဆောင်ချက် စတာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ 

ဗီတာမင် B-12 ကိုတော့ ကြက်သား၊ ငါးနဲ့ နို့စားနွားတွေကနေ ထုတ်လုပ်တဲ့ ထုတ်ကုန် စတာတွေကနေ ရနိုင်ပါတယ်။ ဗီတာမင် B-12ကို သောက်ဆေး၊ စားဆေးအနေနဲ့လည်း ရရှိနိုင်ပါတယ်။ 

အပိုင်း (၂) မှာတော့ ကိုဗစ်ရောဂါရိုက်ခတ်မှုနဲ့အတူ လိုအပ်ကြောင်း လူသိများလာတဲ့ Vitamin C အပါအဝင် နောက်ထပ် ဗီတာမင်တွေအကြောင်း ထပ်ပြောပေးသွားပါ့မယ်ဗျ..။ 

Ref; https://www.mayoclinic.org/drugs-supplements

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်