ဖက်ဖယ်ရွက် ကိုယ်တိုင်စိုက်စားကြရအောင်..

10/11/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

ဖက်ဖယ်ရွက်လို့ ဆိုလိုက်ရင် အရင်ကတော့ သိသူနည်းလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ တိုင်းရင်းသားရိုးရာအစားအသောက်တွေနဲ့အတူ တွဲသိလာကြသလို စီးတီးမတ်တွေမှာလည်း ဝယ်ယူ ရရှိနိုင်နေပါပြီ။ 

သူက စား​သောက်ဆိုင်​တွေ၊ ဟိုတယ်​တွေမှာ ငါးသံပုရာ​ပေါင်း၊ ငါးကင်ရဲ့ ဗိုက်ထဲမှာ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားနံနံ၊ ငရုတ်သီးစိမ်းတို့နဲ့ ​ရော​ထောင်းပြီး ထည့်ရတဲ့ ဟင်းခတ်အ​မွှေးအကြိုင်တမျိုးပါ။

ငါးကချင်ချက်​တွေ၊ ငါးခူကာလသားဟင်း​တွေမှာဆိုရင်တော့ မပါမဖြစ် အဓိက ဇာတ်လိုက်ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာ​ရေးအရဆိုရင်လည်း၊ အဆီကျခြင်း၊ ဝမ်း​ဖောခြင်း၊ အစာအိမ်လေနာခြင်း၊ ဓာတ်ချုပ်ခြင်း၊ ​သွေး​လေမညီခြင်း စတဲ့ဝမ်းတွင်း​ရောဂါ​တွေကို သက်သာ​ပျောက်ကင်း​စေတယ်လို့ ဆိုပါတယ်။

  • မြန်မာအမည်    = ဖက်ဖယ်ပင်
  • အင်္ဂလိပ်အမည် = water pepper, marsh pepper
  • သိပ္ပံအမည်       = Persicaria hydropiper ( Syn;Polygonum hydropiper)

နာမည်နဲ့လိုက်​အောင် ​ရေကြိုက်တဲ့အပင်မျိုးပါ။

ကန်နံ​ဘေး၊ ကမ်းစပ်​တွေမှာ အ​လေ့ကျ ​ပေါက်​လေ့ရှိပါတယ်။

​ရေကန်စွန်း၊ ကန​ဖော့ပင်တို့နဲ့ ဆင်ဆင်တူပါတယ်။

"ဖက်ဖယ်ပင်စိုက်ချင်ပါတယ်၊ ဘယ်လိုစိုက်ရမှန်းမသိလို့" 

ဆိုတဲ့ အစိမ်း​ရောင်လမ်း ပရိတ်သတ်ထဲက မမများရဲ့တောင်းဆိုချက်အရ ... ဒီ ​ဆောင်းပါး​လေးနဲ့ ​ဖြေကြား​ပေးလိုက်ပါတယ်။

ကဲ...ဒီတော့...

ကိုယ့်အိမ်မှာ မိသားစု​တွေအတွက် ငါးကာလသားဟင်း၊ ငါးကင်၊ ငါးသံပရာ​ပေါင်း တွေအတွက် ဖက်ဖယ်ရွက်လေးကို အလွယ်တကူ ခူးချက်လိုက်ကြရအောင်..

စိုက်ပျိုးနည်း

ပထမဆုံး..

  • ​စျေးထဲက ဝယ်လာတဲ့ ဖက်ဖယ်ပင်တွေထဲက... အရိုးမာတဲ့ကိုင်း​တွေကို ​အောက်​ခြေအရွက်များ သပ်လိုက်ပါ။
  • ပြီးရင်..​ရေခွက်ထဲမှာ ၃ လက္မခန့်မြုပ်​အောင်စိမ်ထားပါ။
  • ၃-၄ ရက်ကြာရင် အမြစ်​လေး​တွေထွက်လာပါမယ်။

စိုက်​တော့မယ်ဆိုရင်...

  • ၃ ​ပေ × ၁၀​ ပေ အကျယ်၊ ၆ လက္မအမြင့် ​သစ်သားပြားဘောင်ခတ်ထားပါ
  • ဘောင်ထဲကို သဘာဝ​မြေ​ဆွေး ၃ ဆ၊ ဖွဲပြာ ၁ ဆ၊ သဲ ၁ ဆ ​ရောထည့်ပါ။
  • အိုး သို့မဟုတ် စည်ပိုင်းပြတ်နဲ့ ဆိုရင်လည်း၊ ​မြေ​ဆွေး အပြည့်ထည့်ထားပါ။
  • အမြစ်​ဖောက်ပြီး ပျိုးကိုင်းများကို တပင်နဲ့တပင် ၄ လက္မခန့်ခြားပြီး ၄၅ ဒီဂရီ ​စောင်းစိုက်ပါ။
  • မနက်ခင်းတိုင်း ဆန်​ဆေး​ရေ ​လောင်း​ပေးနိုင်ပါတယ်။

အကယ်၍... အညွန်သစ်​လေး​တွေမှာ ပျပိုး​လေး​တွေ ကျခဲ့ရင်...

  • ပိုးသတ်​ဆေး လုံးဝမဖျန်းပါနဲ့​နော်..
  • မီးဖိုပြာကို ​ရေစိမ်ပြီး အ​ပေါ်ယံ ​ရေကြည်နဲ့ ဖျန်း​ပေးတာပဲလုပ်လိုက်ပါ။

စိုက်ပြီး ၄၅ ရက်ဆိုရင် အရွက်​လေး​တွေ ခူး၊ ငါး၊ ကြက်၊ ဝက် အသားဟင်း​တွေမှာ ကြိုက်သလိုအသုံးပြုပြီးအရသာရှိတဲ့ ဟင်းအမည်တွေကို ချက်ပြုတ်သုံး​ဆောင်နိုင်ပါပြီ..။

​နောက်တခါ..

ဘယ်​ဒေသ, ဘယ်သီးနှံတွေအတွက် အ​မေးအ​ဖြေ​လေး​တွေက ရှင်းလင်းပြောပြမလဲ...ဆိုတာ... ဆက်လက် ​စောင့်​မျှော်ကြပါဦးလို့..ဆန္ဒပြုရင်း..

စေတနာမျးစွာဖြင့်..

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်