လာမည့်သုံးရက်အတွင်း တစ်နိုင်ငံလုံး မိုးပိုများလာနိုင်

28/07/2023 16:27 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာနိုင်ငံရဲ့ အရှေ့ဘက်ခြမ်း တောင်တရုတ်ပင်လယ်တွင်းမှာ အစပြုတဲ့ အင်အားပြင်း တိုင်ဖွန်းမုန် တိုင်းတွေရဲ့ သက်ရောက်မှု၊ အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုတွေနဲ့အတူ လာမယ့် သုံးရက်အတွင်းမှာ တစ်နိုင်ငံလုံးမှာ လက်ရှိအခြေအနေထက် မိုးတွေပိုများလာနိုင်ပြီး မိုးမရွာနိုင်တဲ့ဒေသမရှိသလောက်ဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိ မုန်တိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းတွေရဲ့အခြေအနေ၊ လာမယ့်သုံးရက်အတွင်း (ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီမှ ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီအထိ) မိုးများနိုင်တဲ့ဒေသတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လတ်တလော မုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများအခြေအနေ

“ လောလောဆယ် တိုင်ဖွန်းမုန်တိုင်းတွေအကြောင်း စပြောရရင် 05W(DOKSURI) က အခု တရုတ်အရှေ့တောင်ကမ်းခြေကို ဖြတ်ပြီးတော့ဝင်တယ်။ သူ့အရင်တုန်းက လမ်းကြောင်းက ဝင်ပြီးသွားရင် မြောက်နဲ့ အရှေ့မြောက်ပေါ့။ ရှန်ဟိုင်း ပီကင်းဘက်ကို ယိုင်မယ်လို့ အရင်ခန့်မှန်းချက်တွေမှာတွေ့တယ်။ အခု နောက်တစ်လုံးထပ်ဖြစ်လာတဲ့ 06 W ကတော့ Khanun ဆိုပြီး နာမည်အသစ်ထွက်လာတယ်။ သူကကျ အနောက်မြောက်ဘက်ကို ယိမ်းပြီးတော့လာတယ်။ ကုန်းတွင်းဝင်မှာကတော့ တရုတ်ပြည်ကိုပဲ ဝင်မယ်” 

“ ဆိုတော့ ပထမတိုင်ဖွန်းမုန်တိုင်း (DOKSURI) က အရှေ့မြောက်ကိုသွားနေတဲ့လမ်းကြောင်းက ယိုင်ပြီး တော့ အနောက်မြောက်ဘက်ကိုဖြစ်သွားတယ်။ ဒီတိုင်ဖွန်းမုန်တိုင်းနှစ်လုံးရဲ့အားကြောင့် အရှေ့မြောက် လေအားကောင်းလာတယ်။ ပြီးတော့ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေက ကူမင်းတို့ကနေ မြန်မာ နိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းတွေကို ဝင်လာတာပေါ့”

“ဆိုတော့ နောက်လာမယ့် ၃ ရက်အနေအထားမှာ မိုးရွာမယ့်အနေအထားတွေက များလာတယ်။ တချိန် တည်းမှာပဲ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်မှာကလည်း သိသာထင်ရှားတဲ့ လေဖိအား နည်းရပ်ဝန်းက အခုကတော့ ကုန်းတွင်းဝင်သွားပြီ။ အားနည်းသွားပြီ။ ဒါပေမဲ့ ၂၉၊ ၃၀ မှာ သူက ကမ်းခြေနားမှာပဲပတ်ပြီး ရေထဲပြန်ဆင်းတယ်။ ကျွန်တော် အရင်ပြောခဲ့သလိုပဲ။ သူက ကုန်းပေါ်တက် သွားလိုက်၊ ရေထဲပြန်ဆင်းလိုက် တောက်လျှောက်လုပ်နေမှာ။ ဩဂုတ်တစ်လလုံးနီးပါး အဲ့ဒီအတိုင်း ဖြစ်နေလိမ့်မယ်” 

“ဒီတော့ ဇူလိုင် ၃၀ မနက်ပိုင်းမှာ သူက ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်နားကနေ ရေထဲပြန်ဆင်းလာတယ်။ ဒါကတစ်ခု။ ပြီးတော့ ခုနပြောတဲ့ တိုင်ဖွန်းမုန်တိုင်းတွေ (တောင်တရုတ်ပင်လယ်ထဲ) ရဲ့  အနောက်မြောက်လမ်းကြောင်းနဲ့ကုန်းတွင်းဝင်မှု အနေအထားကတစ်ခု။ ဒီဟာ နှစ်ခုပေါင်းပြီးတော့ ကျွန်တော်တို့ဘက်မှာကျတော့ မိုးပြန်များလာမယ်။ နောက်လာမယ့် သုံးရက်အတွင်းမှာ မိုးရေချိန် အရင်တုန်းက ၀.၀၄ လောက်ပဲ ရတဲ့နေရာတွေမှာ ၀.၂၇ လက်မလောက်ထိ ရလာမယ်။ အဲ့ဒီနေရာတွေတောင် နည်းနည်းလေးပဲ ကျန်တော့တာ” 

လက်ရှိအနေအထားအရ တစ်နိုင်ငံလုံး မိုးမရွာနိုင်တဲ့နေရာမရှိသလောက်ဖြစ်ပြီး မိုးနည်းတာ များတာပဲ ကွာနိုင်တော့တယ်လို့ သိရပါတယ်။ မိုးအများဆုံးရွာနိုင်၊ မိုးရွာပေမဲ့ အရမ်းမများနိုင်တဲ့ ဒေသတွေကိုတော့ ဦးဝင်းနိုင်က အောက်ပါအတိုင်း ခန့်မှန်းထားပါတယ်။

မိုးရေချိန် ၃ လက်မအထက် ရွာသွန်းနိုင်မည့်ဒေသများ 

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း 

မိုးရွာ/မိုးကြီးနိုင်၊ အနိမ့်ပိုင်းဒေသများ ရေကြီး/ရေလွှမ်းနိုင်သည့်ဒေသများ (မိုးရေချိန် ၇ လက်မနီးပါးထိ)

ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းတလျောက်မှ ကျောက်ကြီး၊ ကျောက်တခါး၊ ညောင်လေးပင်၊ မဒေါက်၊ ဒိုက်ဦး၊ ဝေါ၊ ပဲခူး စသည့် မြို့နယ်များ

သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်နဲ့ ချောင်းလက်တက်များရှိရာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းများရှိ ဘီးလင်း၊ သထုံ၊ ဘားအံ၊ ကမမောင်း၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မော်လမြိုင်၊ ဘီလူးကျွန်း၊ မုဒုံ၊ ကျိုက္ခမီ၊ ကြာအင်းဆိပ်ကြီး၊ ရေး၊ ကလိန်အောင်၊ ထားဝယ် စသည့် မြို့နယ်များ 

(ထားဝယ်အခြေအနေမှာ နေမြင်ရဖွယ်မရှိသည်အထိ မိုးများနိုင်သည်ဟု ဆရာဦးဝင်းနိုင်က ခန့်မှန်းသည်)

မိုးရွာနိုင်သော်လည်း နည်းနိုင်သည့်ဒေသများ (၀.၂၇ လက်မအောက်)

မကွေးတိုင်း - ချောက်မြို့နယ်၊ ကျွန်းချောင်းမြို့နယ်၊ ငဖဲမြို့နယ်

မန္တလေးတိုင်း - မန္တလေးမြို့၊ သရက်ကန်(တောင်ပြုံးမြို့နယ်)၊ မြစ်ငယ်မြို့နယ်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ ညောင်ဦးမြို့နယ်

ချင်းပြည်နယ် - တီးတိန်နှင့် တွန်းဇန်မြို့နယ် 

ရက်ဝေးအနေအထားခန့်မှန်းချက်များအရဆိုပါက ဇူလိုင်လထဲတွင် မိုးနည်းခဲ့တဲ့ဒေသတွေပါ ဩဂုတ် လထဲတွင် မိုးပိုများလာနိုင်ပြီး မိုးလယ်ကောင်းနိုင်တယ်လို့ ဆရာဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်