၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့်ဒေသများ (ဇွန် ၂၈ ညနေ ၃ နာရီ - ဇွန် ၃၀ ညနေ ၃ နာရီ)

28/06/2023 16:13 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လာမယ့်သုံးရက်အတွင်းမှာတော့ မိုးများနိုင်တဲ့ဒေသအချို့ရှိနေနိုင်သေးပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆိုရင်တော့ မိုးပြန်လျော့လာတော့မှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

အခုလို မိုးတွေပြန်လျော့သွားတာ ဘာကြောင့်လဲ၊ လာမယ့်သုံးရက်အတွင်း မိုးများနိုင်သေးတာ ဘယ်ဒေသတွေလဲ၊ ဘယ်ဒေသတွေမှာ မိုးတွေလျော့သွားမလဲဆိုတာနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မိုးပြန်လျော့လာနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေကြောင့်လဲဆရာ..

“ မုတ်သုံက အိန္ဒိယဘက်ကို ဝင်နေပြီဆိုတော့ ဘင်္ဂလားပင်လယ်အော်ဘက်မှာရှိတဲ့ မိုးတိမ်တောင်တွေက ပထမတော့ အရှေ့ဘက်ကိုရွေ့တယ်။ အခုကျတော့ မြောက်ဘက်ကိုပိုတက်ပြီး မုတ်သုံလေစီးကြောင်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံဘက်ကို ပတ်ပြီးတော့ဝင်တော့ မိုးတိမ်တော်တော်များများ အဲ့ဒီဘက်ကို ပါသွားတယ်။ ကျနော်တို့ဘက်ကိုလာတာကျတော့ အရှေ့ဘက်ကလာတဲ့ မိုးတိမ်တွေပဲရှိတယ်။ ဒါပေမဲ့ အဲ့ဒီမိုးတိမ်တွေကမြင့်တယ်။ အလယ်ပိုင်းမှာကျတော့ နေ့အပူချိန်တွေကမြင့်လာတော့ ဒီတိမ်တွေက မိုးရွာဖို့ မလုံလောက်ဘူးပေါ့။ အဲ့ဒီအနေအထားမျိုးတော့ လောလောဆယ်ဖြစ်နေတယ်” 

“ ပြီးတော့ ရက်ဝေးအနေအထားအရလည်း ဇူလိုင်လ ပထမပတ်လောက်ထိ ထူးခြားဖြစ်စဉ်မျိုးမရှိသေးဘူး။ ပြောချင်တာက လေဖိအားနည်းရပ်ဝန်းတို့၊ မုန်တိုင်းတို့ ကပ္ပလီပင်လယ်ပြင်ဘက်မှာဖြစ်နိုင်တာမတွေ့သေးဘူး။ ဆိုတော့ မိုးကတော့ ပြန်ပြီးအားနည်းနေမယ့်သဘောရှိတယ်” 

မိုးဆက်များနေနိုင်သေးတာကကော ဘယ်ဒေသတွေဖြစ်မလဲ..

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း တွေမှာ တော့ မိုးဆက်များနေနိုင်သေးတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းဆိုရင်တော့ ခန္တီးအထိသွားတာပေါ့။ အဲ့ဒီနေရာတွေမှာကတော့ ၂ လက်မခွဲအထက်ထိ မိုးရေချိန်များနိုင်သေးတယ်။ 

မိုးနည်းသွားနိုင်တာက ဘယ်ဒေသတွေဖြစ်မလဲ..

မိုးအလယ်အလတ်ရွာနိုင်သေးတဲ့ဒေသတွေ (၁ လက်မနှင့်အထက်) ကို အရင်ပြောရရင် ရခိုင်ပြည်နယ်တစ်ခုလုံး၊ ပဲခူးတိုင်းအနောက်ခြမ်း ပြည်အထိပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းမှာတော့ ညောင်လေးပင်ဝန်းကျင်မှာကတော့ ၂ လက်မလောက်အထိဆိုတော့ မိုးနည်းနည်း များနိုင်တယ်။ ကညွတ်ကွင်းအထက် ဖြူး၊ တောင်ငူဘက်မှာတော့ မိုးရေချိန် ၁ လက်မဝန်းကျင်ပဲရှိတယ်” 

“ ဧရာဝတီတိုင်းမှာလည်း မိုးရေချိန် ၁ လက်မအထက်၊ ၂ လက်မလောက်ထိ ရှိနိုင်တယ်။ ရန်ကုန်တိုင်းမှာလည်း နောက်သုံးရက်အတွင်းဆိုရင် ၁ လက်မခွဲပတ်ဝန်းကျင်တော့ ရွာနိုင်သေးတယ်။ မိုးကတော့ လျော့တော့ လျော့သွားတာပေါ့။ ရှမ်းပြည်နယ်ဆိုရင်လည်း တောင်ပိုင်းရော၊ မြောက်ပိုင်းရော ၀.၅ ကနေ ၁ လက်မဝန်းကျင် လောက်ထိပဲ ရှိမယ်” 

နောက်ထပ်မိုးအနည်းဆုံးဖြစ်နိုင်တဲ့ဒေသတွေကို ပြောရမယ်ဆိုရင်တော့ မန္တလေးတိုင်းအောက်ပိုင်းပေါ့။ သူက နေပြည်တော်ထိပါတယ်။ ပြီးတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေပါမယ်”

“ အဲ့ဒီနေရာတွေမှာက သုံးရက်အတွင်းမှ ၀.၀၂ လက်မပဲဆိုတော့ တော်တော်ကိုနည်းတာ။ အဓိကကတော့ နေ့အပူချိန်တွေမြင့်တက်နေလို့။ Dew Point (ငွေ့ရည်ဖွဲ့မှတ်) နဲ့ကိုက်ဖို့ တော်တော်မလွယ်ဘူး။ (အပူချိန် - ငွေ့ရည်ဖွဲ့မှတ် ကိုက်ညီမှ မိုးရွာနိုင်)။ အဓိကကတော့ အလယ်ပိုင်းဒေသတွေပေါ့” 

“ မြို့နယ်အနေနဲ့ပြောမယ်ဆိုရင် မကွေး၊ ညောင်ဦး၊ ချောက်၊ ရေနံချောင်း၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ မင်းကင်း၊ တန့်ဆည်၊ ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်တွေပေါ့။ နောက်ဆုံး ရှမ်းအရှေ့ဘက်က ရွာငံတောင်ပါနေတယ်” 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်