နေ့စဉ်မိုးလေဝသသတင်း

28/02/2018 15:20 PM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက် (၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်)       ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။         ကပ္ပလီပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှ  တိမ်ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။    တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၂)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

ကိုးကား - မိုးဇလ


East West Seed Myanmar ကြော်ငြာ

စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများခင်ဗျာ...မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ သီးနှံက အရည်အသွေးပြည့်ဝပြီး စျေးကွက်မှာမျက်နှာလှဖို့ ဆိုရင် အဓိက အရေးကြီးတဲ့ မျိုး မှန်ကန်ဖို့လိုအပ်ပါတယ်...ဦးကြီးတို့ စိုက်ပျိုးမယ်ဆို ကျနော်တို့က မျိုး မှန်ကန်မှုကို တာဝန်ယူပါတယ်...East-West Seed (မြားနီ မျိုးစေ့)ဆိုတာ အရည်အသွေးပြည့်ဝတဲ့ မျိုးစေ့များကို သုတေသနပြု စမ်းသပ်ပြီးမှ ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်...ဒီတစ်ခါတော့ မြားနီ မျိုးစေ့ အနေနဲ့ အောက်ပါ အရည်အသွေးမြင့်မျိုးစေ့များနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ....
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်