ထိုင်းနှင့်လာအိုဘက် အအေးလှိုင်းဖြတ်မှု မြန်မာပြည်အရှေ့ခြမ်းကို သက်ရောက်မည်
ထိုင်းနဲ့လာအိုဘက်ကို အအေးလှိုင်းဖြတ်မှုရဲ့အရှိန်ကြောင့် ဒီဇင်ဘာ ၁၈ ရက်ကစလို့ မြန်မာနိုင်ငံ အရှေ့ခြမ်းတစ်ခုလုံးမှာ ထူးထူးခြားခြား အအေးပိုလာနိုင်မယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက် တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒီအအေးလှိုင်းဟာ လာအို၊ ဗီယက်နမ်မြောက်ပိုင်းနဲ့ ထိုင်းကိုသာ အဓိကဖြတ်မှာဖြစ်ပေမဲ့ အဲ့ဒီအရှိန်နဲ့ အရှေ့ ဘက်ကဝင်လာမဲ့ လေဖိအားများရပ်ဝန်းက လေအေးစီးကြောင်းတွေကြောင့် မြန်မာနိုင်ငံ အရှေ့ခြမ်းတစ်ခုလုံးမှာ ထူးထူး ခြားခြား အအေးပိုလာနိုင်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
“ သူက ထိုင်းနဲ့လာအိုဘက်ကိုပဲ အဓိကပေါ့နော်။ ကျွန်တော်တို့ဘက်ကို သက်ရောက်မှုကတော့ မြန်မာပြည်အရှေ့ပိုင်းတစ်ခြမ်းပဲထိမယ်။ ထိုင်းဘက်မှာလည်း ၁၈ ရက်နေ့အတွက် သတိပေးချက် တွေ ထုတ်ထားတာတွေ့တယ်။ မြန်မာဘက်မှာဆိုရင်တော့ အရှေ့ခြမ်းက တာချီလိတ်တို့၊ ကျိုင်းတုံတို့ဆို ၁၁ ဒီဂရီလောက်ထိ ကျဖို့ရှိတယ်။ ကရင်ဘက်ဆို လှိုင်းဘွဲ့ဆိုလည်း အဲ့ဒီလောက်ပဲ။ မြဝတီ၊ မဲဆောက်ဘက်ဆိုလည်း ၁၆ ဒီဂရီလောက်ထိ ကျမယ်။ ဆိုတော့ သက်ရောက်မှုအပိုင်းကတော့ မြန်မာပြည်အရှေ့ပိုင်းတစ်ခြမ်းပေါ့။ အထူးသဖြင့် ရှမ်းပြည်နယ်ပေါ့။ ပြီးတော့မှ အောက်ဘက်က ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအရှေ့ခြမ်းတွေပေါ့။ အဲ့ဒီနေရာတွေမှာ အအေးဓာတ် သက်ရောက်မှုများမယ်”
ဒီလို လေဖိအားများရပ်ဝန်းကြောင့် အအေးပိုနေမှုတွေဟာ ဒီဇင်ဘာ ၁၈ ရက်ကစလို့ ၂၁ ရက်နေ့ လောက်ထိ ရှိနေနိုင်မှာဖြစ်တယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
မြန်မာပြည်အရှေ့ခြမ်းမဟုတ်တဲ့ တခြားဒေသတွေကိုတော့ ဒီအအေးလှိုင်းက ထူးထူးခြားခြား သက် ရောက်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန်တို့၊ ပဲခူးတို့အပါအဝင် အောက်ပိုင်းဒေသတွေမှာ တော့ ယခင်ခန့်မှန်းထားတဲ့အတိုင်း ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်းကျရင်တော့ အအေးတွေ ပိုလာနိုင် တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
လက်ရှိမှာ မုတ်သုံမျဉ်းဟာ အီကွေတာပေါ် သုညဒီဂရီကိုရောက်သွားပြီဖြစ်ပြီး မုတ်သုံမျဉ်းကြောင့် ဖြစ်လာမဲ့တိမ်ထုစုဖွဲ့မှုက ၅ ဒီဂရီဝန်းကျင်လောက်ပဲရှိတော့လို့ (ကော့သောင်းက လတ္တီတွဒ် ၁၀ ဒီဂရီမှာရှိ) မြန်မာနိုင်ငံဘက်ကို ဖျက်မိုးတွေ ဝင်ရောက်နိုင်ချေ၊ မိုးတိမ်တောင်တွေဖြစ်လာပြီး ရုတ်တရက်စိုက်ဆင်းလေပြင်းကျရောက်နိုင်တဲ့အခြေအနေတွေဟာ လုံးဝမရှိသလောက်ဖြစ်သွားပြီလို့ လည်း ဦးဝင်းနိုင်က ပြောပါတယ်။
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
စပါးခင်းမှာဖြစ်နေတာလေးတွေတွေ့လို့ပါ ဘာဖြစ်တာလဲဆိုတာပြောပြပေးပါဦး
တောသားလေး • ဖြေကြားချက် 3 ခု
ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ
nay • ဖြေကြားချက် 4 ခု
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 2 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026