လာမဲ့ ၂၄ နာရီအတွင်း မိုးများ မိုးနည်းနိုင်တဲ့ဒေသတွေ...

15/11/2022 16:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ လေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ်အဆင့်ထိဖြစ်လာနိုင်)ရဲ့ အရှိန်ကြောင့် လက်ရှိမှာတော့ ဒေသအချို့မှာ မိုးရွာသွန်းမှုတွေ ရှိနေပါတယ်။ 

လေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ်အဆင့်ထိဖြစ်လာနိုင်) ဖြစ်လာနိုင်ချေဟာ လက်ရှိမှာ ဘယ်လို ဖြစ်နေပြီလဲ။ ဘယ်ဒေသတွေကို အဓိကသက်ရောက်နိုင်မလဲ။ လာမဲ့ ၂၄ နာရီအတွင်း မိုးများနိုင်၊ မိုးသိပ် မများနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲဆိုတာတွေကို နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက် တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုဖြစ်နေပြီလဲ..?

“ လက်ရှိဆိုရင် တိမ်တွေကတော့ ဖြစ်နေမှာ။ ဘာလို့လဲဆိုတော့ လေဖိအားနည်းရပ်ဝန်းဖြစ်မှာဆိုတော့ တိမ်တွေက စုလာတာပေါ့။ အခုလောလောဆယ်မှာကို ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးမှာ တိမ်တွေက ပြည့်သလောက်ဖြစ်သွားပြီ။ ဘင်္ဂလားပင်လယ်အော်ဆိုရင်လည်း အရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်း၊ အရှေ့ပိုင်းတွေအကုန်လုံး တိမ်တွေဖုံးသွားပြီ။ ဒါတွေက ပတ်ပြီးလည်ပြီးတော့ လေဖိအားနည်း ရပ်ဝန်းဖြစ်မယ့်အခြေအနေမျိုးထိ တဖြည်းဖြည်းစုပြီး အားဖြစ်သွားမှာ။ တစ်ခုရှိတာက အရင်မှန်းထားချက်တွေအရ ၁၆ ရက်နေ့လောက် စဖြစ်မယ်လို့ မှန်းထားပေမဲ့ အခု တိမ်တွေဖြစ်နေတဲ့ အနေအထား အရတော့ နောက်ကို ၁ ရက်လောက်ဆုတ်နိုင်တယ်။ ၁၇ ရက်နေ့လောက်မှ စဖြစ်နိုင်တယ်” 

ဖြစ်လာမယ့်အရှိန်ကြောင့် မိုးများသွားနိုင်တာ ဘယ်ဒေသတွေဖြစ်မလဲ?

“ အဓိကကတော့ ကမ်းရိုးတန်းနဲ့နီးတဲ့ဒေသတွေပေါ့။ ဥပမာဆိုရရင် လပွတ္တာတို့၊ ဘိုကလေးတို့ အဲ့လိုမျိုးပေါ့။ အဲ့ဒီနေရာတွေကတော့ မိုးများနိုင်တယ်။ ကမ်းရိုးတန်းနဲ့နီးလေ မိုးပိုများလေဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွေ့လာတဲ့တိမ်တွေက အနောက်တောင်ဘက်ကနေ ဝင်လာတာကိုး။ ဆိုတော့ ကမ်းရိုးတန်းနဲ့ အရင်ထိမယ်။ ပြီးမှ ကမ်းရိုးတန်းဒေသတွေမှာရှိနေတဲ့ အပူချိန်ကိုလိုက်ပြီး အပေါ်တက်သွားတာ ရှိတယ်။ ရေပြင်နားကပ်ပြီးဆက်ရွေ့တာရှိတယ်။ အဲ့မှာ အပူချိန်ကျသွားတယ်။ ကျသွားတော့ Dew point (ငွေ့ရည်ဖွဲ့မှတ်) နဲ့ကိုက်ပြီး မိုးရွာတာပေါ့။  နောက်လာမယ့် ၃ ရက်အတွင်း ဆိုရင် ပဲခူးတိုင်းအရှေ့ခြမ်းဘက်လည်းမိုးများနိုင်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း မိုးများနိုင်တယ်” 

လာမဲ့ ၂၄ နာရီအတွင်း...

မိုးများနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲ..?

“ နောက်လာမယ့် ၂၄ နာရီအတွင်းဆိုရင်တော့ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ပါမယ်။ ပြီးတော့ ဖျာပုံမြို့နယ်ပါမယ်။ လပွတ္တာပါမယ်။ အဲ့ဒီဒေသတွေမှာ မိုးများနိုင်တယ်။ နောက်တစ်ခုက တနင်္သာရီ တိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ပေါ့။ ဘားအံနဲ့ မြဝတီကြားထဲက တောင်ကြောရှိတဲ့နေရာ တစ်လျှောက် မိုးများနိုင်တယ်။ တောင်ဘက်ကိုဆင်းလာရင် ထားဝယ်၊ မြိတ်၊ ကော့သောင်း အဲ့ဒီနေရာတွေမှာ မိုးများနိုင်တယ်။ ပဲခူးရိုးမတစ်လျှောက်နဲ့ ကျောက်ကြီးမြို့နယ် ပတ်ဝန်းကျင်လည်း မိုးများနိုင်တယ်” 

မိုးရွာနိုင်ပေမဲ့ အရမ်းမများနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲ..?

“ ရန်ကုန်တိုင်းဘက်ဆိုရင်တော့ သိပ်အများကြီးမဟုတ်ဘူး။ ကွက်ကြား ကွက်ကြား ပြတ်တောင်း ပြတ်တောင်းလောက်ပဲဖြစ်မယ်။ လက်ရှိ တိမ်တွေဖြစ်နေတဲ့အနေအထားအရပေါ့။ လေစီးကြောင်း ပြောင်းပြီး တိမ်တွေရွေ့တဲ့လမ်းကြောင်းလောက်ပဲ လိုက်ပြီးရွာတာပေါ့” 

“ တချို့နေရာတွေမှာကျ မိုးသည်းရင်တော့ သည်းသွားနိုင်တယ်။ ဒါပေမဲ့ အကြာကြီးမရွာဘူး။ ခဏလေးနဲ့ပဲ ရပ်သွားမှာ။ အုံခဲပြီးရွာတာမျိုးတော့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ မုတ်သုံဆုတ်သွားတာလည်း ပါတယ်၊ မြောက်ဘက်က လေစီးကြောင်းအားကောင်းပြီး မြောက်လေ တိုက်တဲ့နှုန်းများနေတာကြောင့်လည်း ပါတယ်”

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်