လေဖိအားနည်းရပ်ဝန်းစဖြစ်ပြီဖြစ်ပြီး ဒေသအချို့တွင် မိုးရွာသွန်းမှုရှည်ကြာသွားနိုင်

17/11/2022 15:42 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာပြီဖြစ်ပြီး တောင်တရုတ်ပင်လယ်မှာလည်း ဖြစ်လာနိုင်တဲ့နောက်တစ်လုံးနဲ့ပေါင်းလို့ ဒေသအချို့မှာ မိုးရွာသွန်းနေမှုတွေဟာ နိုဝင်ဘာလကုန်ပိုင်းလောက်ထိရှိသွားနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကား ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအားကောင်းလာနိုင်တဲ့ နိုဝင်ဘာ ၁၉ ရက်လောက်မှာ တောင်တရုတ် ပင်လယ်ဘက်မှာလည်း မြန်မာနိုင်ငံဘက်ထိ ရောက်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတစ်လုံး ဆက်ဖြစ်မယ့် အလားအလာရှိနေတာဖြစ်ပြီး အဲ့ဒါသာဖြစ်လာခဲ့ရင် နိုဝင်ဘာလကုန်ထိ မိုးရွာတာတွေ ဆက်သွားနိုင်တာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောတာပါ။

ဒီလိုမိုးရွာသွန်းနိုင်တာတွေ ရှည်ကြာနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

#လေဖိအားနည်းရပ်ဝန်းရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုဖြစ်နေပြီလဲ?

“ အခုလောလောဆယ်မှာက လေဖိအားနည်းရပ်ဝန်းဖြစ်ပြီလို့တော့ အိန္ဒိယမိုးလေဝသဌာနက ကြေညာထားပြီ။ လေဖိအားနည်းရပ်ဝန်းကတော့ဖြစ်ပြီ။ သို့သော် ဒီအိန္ဒိယမိုးလေဝသဌာနနဲ့ မိုးဇလအခေါ်အရတော့ သူက အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်) မုန်တိုင်းငယ်အဆင့်ကတော့ ၁၉ ရက်နေ့လောက်မှ ဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ တကယ်တမ်း Windy မှာတွေ့တာလည်း အဲ့ဒီအတိုင်းပဲ။ သူက ၁၉ ရက်နေ့ ညပိုင်းလောက်ကျမှ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်မယ်။ ဒါက သီရိလင်္ကာကျွန်းဘက်နဲ့ တအားနီးသွားပြီ။ လတ္တီကျု ၁၀ ဒီဂရီမြောက်နားအထက်လောက်မှာဖြစ်မှာဆိုတော့ မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင် ကော့သောင်းမြို့ရဲ့အနောက်ဘက် ဘင်္ဂလားပင်လယ်အော်နဲ့ အနောက်တောင်ပိုင်း အဲ့ဒီ နေရာတွေမှာ သွားဖြစ်မှာ။ ဆိုတော့ ကျွန်တော်တို့နဲ့တော့ တအားဝေးသွားတယ်” 

“ ဒါပေမဲ့ ဒီဟာဖြစ်တဲ့အခြေအနေနဲ့ တစ်ချိန်တည်း ၁၉ ရက်နေ့မှာပဲ ဗီယက်နမ်ကမ်းလွန် တောင်တရုတ် ပင်လယ်မှာ လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်။ သူကတော့ ၁၉ ရက်နေ့မှ ဖြစ်မှာဆိုတော့ နာမည်တော့ မပေးသေးဘူး။ အဲ့ဒီကောင်က ဗီယက်နမ်နိုင်ငံရဲ့တောင်ပိုင်းအဖျားကနေဖြတ်ပြီးတော့ ထိုင်းပင်လယ်ကွေ့ထဲကို ရောက်မယ်။ ဒီနေ့ နေ့လယ် update အရဆို သူက ထိုင်းပင်လယ်ကွေ့ကနေ အနောက်ဘက် မြိတ်အပေါ် တည့်တည့်လောက်ကနေဖြတ်ပြီးတော့ ကပ္ပလီပင်လယ်ပြင်ထဲကို ဝင်လာမယ်လို့တွေ့တယ်။ အဲ့ဒီဟာက ဘယ်နေ့လောက်ဖြစ်မလဲဆိုတော့ ၂၃ ရက်ည ၂၄ ရက်နေ့မနက်ပေါ့။ အဲ့ဒီလို မြိတ်နဲ့ထားဝယ်နဲ့ကြားကဖြတ်ပြီး ကပ္ပလီ ပင်လယ်ပြင်ကိုရောက်ပြီးရင် မြောက်ဘက်ကိုတက်တယ်။ ဆိုတော့ သူက မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်ခုခု ကို ဖြတ်ပြီးဝင်မယ့်သဘောဖြစ်နေတယ်။ မုန်တိုင်းဖြစ်နိုင် မဖြစ်နိုင်တော့ မသေချာသေးဘူး။ ဒါပေမဲ့ ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဒီဟာက ဒီဘက်ထဲဝင်လာမယ်ဆိုရင်တော့ မြန်မာပြည်ကမ်းခြေကို ဖြတ်ဝင်မယ့် အနေအထားဖြစ်နေတယ်” 

 #လာမယ့် ၂၄ နာရီအတွင်းနဲ့ ရှေ့ဆက်ပြီး မိုးရွာနိုင်တဲ့အခြေအနေတွေ ဘယ်လိုရှိနေလဲ?

“ မိုးရွာနိုင်တဲ့အခြေအနေတွေကတော့ ဆက်နေမယ်။ နောက် ၂၄ နာရီအတွင်းဆိုရင်လည်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နောက်ပြီး တော့မှ တနင်္သာရီတိုင်း ဒါတွေကတော့ မိုးရွာနေမယ်။ ဒီနေရာတွေက ခုနပြောတဲ့ တောင်တရုတ် ပင်လယ် ဘက်ကဟာနဲ့ဆုံသွားနိုင်တဲ့အခြေအနေလည်းရှိနေတော့  နိုဝင်ဘာလကုန်လောက်ထိကို မိုးက ဆက်ရွာနေနိုင်တယ်”  

“ မိုးကြီးနိုင်တဲ့ဒေသတွေဆိုရင်တော့ နောက် ၃ ရက်ကနေ ၅ ရက်အတွင်းမှာဆိုရင်တော့ ဧရာဝတီက တော်တော်ကိုမိုးများနိုင်တယ်။ နောက် မွန်ပြည်နယ်၊ ကရင်ပြည်နယ် တွေမှာလည်း များနိုင်တယ်” 

#မိုးလုံးဝမရွာနိုင်တဲ့ဒေသတွေက ဘယ်နေရာတွေ ဖြစ်မလဲ?

“ အထက်ပိုင်းတော့မပါဘူး။ အထက်ပိုင်းကတော့ ရွာနိုင်ချေကိုမရှိဘူး။ ရခိုင်တောင်မပါဘူး။ ချင်းပြည်နယ် တို့ဘာတို့ လုံးဝမိုးရွာနိုင်ချေကိုမရှိဘူး။ နောက် ၁၀ ရက်အတွင်းထိဆိုရင်တောင် အထက်ဘက်အမြင့်ဆုံးဆိုရင် နေပြည်တော်အထိလောက်ပဲ” 

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်