ဧပြီ ၁၃ ရက်မှ ၁၉ ရက်နေ့အထိ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ရွာသွန်းမြဲထက် မိုးပိုနိုင်

06/04/2022 14:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အခု ဧပြီ ၁၃ ရက်ကနေ ၁၉ ရက်အထိ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ရွာသွန်းမြဲထက် မိုးပိုရွာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင် က ပြောပါတယ်။

အမေရိကန်နိုင်ငံ အစိုးရဌာနတစ်ခုဖြစ်တဲ့ Natioinal Oceanic and Atmospheric Administration (NOAA) ရဲ့ Global Tropics Hazards and Benefits Outlook Discussion page မှာ ဖော်ပြထားချက်တွေကို တွက်ချက်ပြီး ဦးဝင်းနိုင်က သုံးသပ်တာပါ။

“ NOAA ရဲ့ Global Tropics Hazards and Benefits Outlook Discussion page မှာ အခုလာမယ့် ဧပြီလ ၁၃ ရက်မှ ၁၉ ရက်အထိ ရက်သတ္တပတ်မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းထုတ်ပြန်ချက်အရ ဧပြီ ၁၃ ရက်မှ ၁၉ ရက်နေ့အထိ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ရွာသွန်းမြဲထက် မိုးပိုနိုင်မယ်လို့ တွေ့ရပါတယ်” လို့ ဦးဝင်းနိုင်က သူ့ရဲ့ Facebook page မှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေက ဧပြီလ ၆ ရက် နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ၊ တောင်တရုတ်ပင်လယ်ဘက်မှာဖြစ်လာနိုင်မဲ့ မုန်တိုင်းများရဲ့ အခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေက ရှိနေပြီး ဒီပင်လယ်နဲ့ဆက်စပ်နေတဲ့ သက်ဆိုင်ရာအစိုးရမိုးလေဝသဌာနတွေကလည်း သတိပေးချက်ထုတ်ပြန်ထားကြပါတယ်။ တကယ်တမ်း မဖြစ်လာသေးပေမယ့် စောင့်ကြည့်နေကြတုန်းပါပဲ” လို့လည်း ဦးဝင်းနိုင်က NOAA ကို ကိုးကားပြီး ပြောထားတာဖြစ်ပါတယ်။ 

“ မိုးပိုလာနိုင်မယ့်အခြေအနေကတော့ ၁၀ ရက်ကျော်ရင် သေသေချာချာ ပြောနိုင်ပါလိမ့်မယ်။ Global model ၂ ခုဖြစ်တဲ့ ECMWF နဲ့ GFS က ခန့်မှန်းချက်တွေ တထပ်တည်းကျသွားမှ အတည်ယူလို့ ရမှာပါ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ၇ နာရီထုတ်ပြန်ချက်မှာတော့ လာမယ့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တ‌လေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံတစ်ဝန်း ကြက်သွန်စိုက်တောင်သူအချို့ ကြက်သွန်တွေ သိမ်းနေတဲ့ ကာလဖြစ်သလို နွေစပါးစိုက်ခင်းတစ်ချို့လည်း စပါးသိမ်းဖို့ နီးနေတဲ့ကာလဖြစ်လို့ မိုးလေဝသ သတိပေးချက်တွေကို သတိထားစောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေတာဖြစ်ပါတယ်။ 

ဓာတ်ပုံခရက်ဒစ် - Win Naing Facebook page

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်