‘မွေးမြူရေးကဏ္ဍအတွက်ခေါင်းလောင်းသံ’ နှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာသတင်းဆောင်းပါးများ

19/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အာရှတိုက်ရဲ့ အကြီးမားဆုံး မွေးမြူရေးပြပွဲကြီးဖြစ်တဲ့ VIV Asia 2023 ကို မတ်လ ၈ ရက်ကနေ ၁၀ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်။ ယင်းနှင့်ဆက်စပ်ပြီး ထိုပွဲကိုကိုယ်တိုင် တက်ရောက်ခဲ့သည့် ဒေါက်တာသက်ခိုင် ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့သည့်တစ်ပတ်အတွင်း Green Way တွင် ဖော်ပြခဲ့သည်။ 

ပွဲတွင် လာရောက်ခင်းကျင်းပြသမှုများ၊ ဟောပြောပွဲများနှင့်ဆက်စပ်ပြီး အနာဂတ် ကမ္ဘာ့မွေးမြူရေးကဏ္ဍအလားအလာများအကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။

နည်းပညာခေတ်ကြီးတွင် အရာရာ တိုးတက် ပြောင်းလဲနေပါသည်။ အပြောင်းအလဲများကို မျက်ခြေပြတ်သွားပါက အတွေးအခေါ်ဟောင်းများတွင် နစ်ကျန်ခဲ့ပါလိမ့်မည်။ အတွေးအခေါ်ဟောင်းများနှင့် တစ်ဦးချင်းမဆင်မခြင်အမှားများမှသည် ကဏ္ဍတစ်ခုလုံးလိုက်အထိ ထိခိုက်မှုများရှိသွားနိုင်ပါသည်။ ထို့ကြောင့် ခေတ်နှင့်အညီအပြောင်းအလဲများပြင်ဆင်နေဖို့ လိုအပ်မည်ဖြစ်ပါသည်။

ဆောင်းပါးတွင် ဒေါက်တာသက်ခိုင်က အောက်ပါအချက်ငါးချက်ကို ဆွေးနွေးထားသည်။ 

  • (၁) ပဋိဇီဝဆေးဝါးတွေအတွက် နေရာကျဉ်းလာနေပြီ။
  • (၂) အင်ဇိုင်းနဲ့ ပရိုဘိုင်အိုးတစ်တွေ နေရာယူလာကြပြီ။
  • (၃) ဇီဝနည်းပညာက ရှေ့တန်းရောက်လာလိမ့်မယ်။
  • (၄) အသေးစားမွေးမြူရေးဆိုတာ စကားထဲထည့်ပြောလို့ မရနိုင်တော့ဘူး။
  • (၅) အင်းဆက်တွေ ပါလာပြီ။

စိတ်ဝင်စားစရာ ချပြမှုများဖြစ်သည်။ အနာဂတ်တွင် အဆင်သင့်ဖြစ်ချင်နေသည်ဆိုပါက အထက်ဖော်ပြပါ အချက်များနှင့်ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြမလဲဆိုတာကို ထည့်သွင်း စဉ်းစားထားသင့်ပါသည်။ နံပါတ် (၄) အချက်ဖြစ်သည့် အသေးစားမွေးမြူရေးသမားတွေဘယ်လိုရှင်သန်အောင် ကြိုတင်ပြင်ဆင်ထားကြမလဲဆိုသည်ကပင် အတော်အရေးကြီးလှပြီ။ 

ယင်းအချက် (၅) ချက်နှင့်ပတ်သက်ပြီး ဘယ်လိုဆွေးနွေးတင်ပြချက်တွေပြုလုပ်ထားသလဲဆိုသည်ကို အသေးစိတ်သိလိုလျှင်တော့ အောက်ပါလင့်တွင် အပြည့်အစုံ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3JSASIR

ပြီးခဲ့သည့်တစ်ပတ်အတွင်း စိတ်ဝင်စားစရာတွေထဲမှာ မတ်ပဲ၊ ပဲစင်းငုံနီဈေးတွေ သိသိသာသာ ပြန်တက်လာတာ လည်း ပါသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတုန်းက အမြင့်ဆုံးဈေးတွေထိရောက်ခဲ့သော မတ်ပဲနှင့် ပဲစင်းငုံဈေးများ သည် ယခုနှစ် ၂၀၂၃ အစပိုင်းတွင်တော့ အကျဘက်ကို ပြန်ရောက်သွားခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ ယခင်အမြင့်ဆုံးဖြစ်ခဲ့သည့်ဈေးတွေနားထိတောင် ပြန်ရောက်လာနေပြီ။

ဒီပဲဈေးတွေက ထုံးစံအတိုင်း အိန္ဒိယဝယ်လိုအားပေါ် မူတည်နေခြင်းဖြစ်သည်။ သို့သော် မတ်ပဲဈေးတွေ တက်နေရခြင်းမှာတော့ အရင်အမြင့်ဈေးတွေနှင့်ဝယ်ထားသည့် လက်ကြီးသမားများက  ဈေးဆွဲတင်နေတာတွေ ကြောင့်လည်း ပါနေသည်ဟုသိရသည်။ လက်ရှိတွင် တောင်သူတွေလက်ထဲမှာလည်း မတ်ပဲတွေ၊ ပဲစင်းငုံနီ လက်ကျန်တွေ မရှိသလောက်ဖြစ်နေတာကလည်း ဒီလိုဈေးတွေတက်နေခြင်းရဲ့ အကြောင်းရင်းတစ်ခုဟု ဆိုသည်။ ဆိုတော့ ဘာကြောင့် အခုလို ဈေးတွေတက်နေရတာလဲ၊ ရှေ့အလားအလာကော ဘယ်လိုရှိနေလဲ ဆိုတာတွေကိုတော့ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3YXHF8i

ပြီးခဲ့သည့်တစ်ပတ်အတွင်း ထူးခြားဖြစ်စဉ်များထဲတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် နောက်ဆက် တွဲဆိုးကျိုးများကို တောင်သူအချို့ ခံခဲ့ရခြင်းလည်းပါသည်။ လက်ရှိမှာလည်း မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ မြောက်ပိုင်းတချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ၊ မိုးသီးကြွေနိုင်မှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေ ကြုံရနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းချက်များ ထုတ်ပြန်ပေးနေသူ ဦးဝင်းနိုင်က သတိပေးထားသည်။

ဒီလိုအချိန်အခါမဟုတ်မိုးများ ဝင်လာနေခြင်းမှာ Indian Dipole ဖြစ်စဉ်ကြောင့်ဟု ဦးဝင်းနိုင်က သုံးသပ်ထား သည်။ ဆိုတော့ Indian Dipole ဆိုတာ ဘယ်လိုမျိုးလဲ၊ လက်ရှိမှာကော ဘယ်ဒေသတွေမှာ မိုးလေအန္တရာယ်တွေ ရှိနေလဲဆိုတာတွေကို သိချင်လျှင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

https://bit.ly/3Fz0V5k

အချိန်အခါမဟုတ်မိုးများမှာ ဆက်တိုက်လာနေခြင်းမျိုးဖြစ်နေ၍ တောင်သူများအနေဖြင့် မိုးလေဝသဖြစ်စဉ် ထုတ်ပြန်သတိပေးချက်များကို အချိန်ပြည့်သတိထားစောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်နိုင်သည်များ ပြင်ဆင်ကြဖို့တော့ တိုက်တွန်းလိုပါသည်။

တကယ်တော့ ပြီးခဲ့သည့်တစ်ပတ်အတွင်းမှာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ထက် တခြားနယ်ပယ်က စိတ်ဝင်စားစရာကိစ္စတွေက အများကြီး ပိုကြီးခဲ့သည်ဟု ဆိုနိုင်သည်။ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်၊ ဓာတ်မြေဩဇာဈေးကွက်ကို သိသိသာသာ သက်ရောက်မှုရှိစေခဲ့သည့် ယူကရိန်း - ရုရှား အရေးနှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) က ဖမ်းဝရမ်းထုတ်လိုက်ခြင်းကိစ္စကတော့ စိတ်ဝင်စားခံရမှု အမြင့်ဆုံးဖြစ်ခဲ့မည်ထင်သည်။ 

ကမ္ဘာ့စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်နှင့် ဓာတ်မြေဩဇာဈေးကွက်မှာ အရေးပါသည့် ရုရှား၊ ယူကရိန်းတို့နှင့် ဆက်စပ်နေခြင်းဖြစ်၍ ဒီကိစ္စက စိုက်ပျိုးရေးဈေးကွက်အပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိမလာဘူးဟုလည်း ပုံသေကားချ မဆိုနိုင်ပေ။ ဒီဖြစ်စဉ်အစပိုင်းတုန်းကတော့ သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး ယခုအချိန်ထိလည်း နောက်ဆက်တွဲသက်ရောက်မှုတွေရှိနေဆဲဖြစ်ပါသည်။ 

ဒီတစ်ပတ်အတွက် ရင်ကိုထိရှစေသော သတင်းဆောင်းပါးများကဏ္ဍကိုတော့ ဒီလောက်နှင့်ပဲ နိဂုံးချုပ်ပါရစေ။ တောင်သူဦးကြီးဒေါ်ကြီးအပေါင်းလည်း ရုန်းကန်လှုပ်ရှားရမှုများကို အမြန်ဆုံးကျော်ြဖတ်ပြီး အကောင်းဆုံးတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်