'လျှော့မတွက်စေချင်' နှင့် တစ်ပတ်အတွင်းသတင်းဆောင်းပါးများသုံးသပ်ချက်

30/04/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

‘ ဆန်ဈေးတွေတက်တာ မြင့်တက်အောင် ရည်ရွယ်လုပ်နေတဲ့သူတွေရှိလို့’ ဆိုပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF) က ဆိုလိုက်တော့ တော်တော်စဉ်းစားစရာများသွားသည်။ ထင်သည့်အတိုင်းပင် အောက်မှာ ဝေဖန်သည့်မှတ်ချက်များပြုကြသည်။ တစ်ဦးကတော့ ‘ ဆန်ဈေးကျချင်တယ်ဆိုရင် မြန်မာငွေ တန်ဖိုးမြင့်တက်အောင်လုပ်တာ၊ အလွန်မြင့်တက်နေတဲ့ စက်သုံးဆီဈေးတွေ၊ ဓာတ်မြေဩဇာဈေးတွေ ပြန်ကျအောင်လုပ်တာမျိုးတွေနဲ့သာ ထိန်းသင့်တယ်’ ဆိုပြီး အကြံပြုထားတာမျိုးတွေ့မိသည်။

ဆိုတော့ သူပြောတာလည်း ဟုတ်နေသည်။ ဆန်ဈေးတွေတက်သည်ဆိုခြင်းက ၂၀၂၁ ရှေ့ပိုင်းနှင့်ယှဉ် လျှင်ပင် နှစ်ဆကျော်ကျော်လေး။ သွင်းအားစုနှင့် လောင်စာဆီဈေးတက်၍ အထွေထွေထုတ်လုပ် ကုန်ကျစရိတ်များ တက်ခြင်းကတော့ ၃ ဆခန့်ဆိုတော့။ 

‘မယောင်ရာဆီလူး’ တို့၊ ‘ခုတ်ရာတခြား ရှရာတလွဲ’ တို့ဆိုသည့်စကားပုံတွေလိုမျိုး ဖြစ်သွားမှာကိုတော့ မိမိ စိုးရိမ်မိပါသည်။ MRF က ဆိုသလို မရိုးမသားသူများ အမှန်တကယ်ရှိနေသည်ဆိုလျှင်တော့ တရား မျှတမှုကသာ အနိုင်ရပါစေ။

ဒီအကြောင်းအပြည့်အစုံကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Rice_Market_Prices_Apr_25

ယခင်တစ်ပတ်က ဆိုခဲ့သလိုပဲ။ နောက်ထပ်အဆက်တစ်ခုအကြောင်း ဖတ်ကိုဖတ်သင့်ကြောင်း အကြံပြုချင်တာတစ်ခုရှိပါသည်။ ‘ မီးစုန်းလို့ခေါ်တဲ့ ဖော့စဖရပ်မြေဩဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး’ ဆိုတဲ့ ဆောင်းပါးပါ။ 

အပိုင်း - ၁ ပဲရှိသေးတဲ့ ဒီဆောင်းပါးထဲမှာတော့ ဖော့စဖရပ်မြေဩဇာတွေက ဘယ်ကနေအခြေခံ ဖြစ်လာတာလဲ၊ သဘာဝကနေကော ဘယ်လိုတွေ ထုတ်လုပ်ရရှိနိုင်သလဲ စတာတွေ ပါဝင်သည်။ ပထမတစ်ချက်ဖြစ်သည့် ဖော့စဖရပ်မြေဩဇာတွေက ဘယ်ကနေအခြေခံ ဖြစ်လာလို့ ဘယ်ပုံ ဘယ်နည်းထုတ်လုပ်ကြတာလဲ၊ ဘယ်လိုအမျိုးအစားတွေကို ထုတ်လုပ်အသုံးပြုကြသလဲ ဆိုတာတွေကတင် အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ 

အပြည့်အစုံကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Phosphorus_fertilizer_manufacturing_and_utilization_1

အပိုင်း(၂) မှာတော့ မြေသြဇာတွေမှာ  ဖောစဖောရပ်ပါဝင်မှုကို ဘယ်လိုသိနိုင်မလဲ၊ ဘယ်လို အချိန်တွေမှာ အသုံးပြုပေးဖို့လိုအပ်သလဲ၊ အပင်တွေမှာ ဖော့စဖောရပ်ရဲ့ လုပ်ငန်းဆောင်တာက ဘယ်လိုရှိတာလဲ၊ ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်တို့ရဲ့ အပြန်အလှန်သက်‌ရောက်ပုံ၊  စိုက်ပျိုးမြေတွေ ချဉ်လွန်း၊ ငန်လွန်းရင်ရော ဖော့စဖောရပ်အာဟာရပေါ် သက်ရောက်မှုရှိနိုင်လား...စတာတွေပါဝင် လာမည်ဆိုတော့ ပိုတောင် စိတ်ဝင်စားစရာကောင်းနိုင်၍ စောင့်မျှော်ဖတ်ရှုကြပါကုန်ဟုသာ။

နောက်ဆုံးအနေနဲ့ပြောချင်သည်ကတော့ မိမိ ဒီကာလအတွင်း စိတ်ဝင်စားနေမိသည့် ဂေဟဗေဒစနစ်ကြီးအကြောင်း။ သိလာလေလေ စိတ်ဝင်စားစရာ ကောင်းလာလေလေဆိုတာမျိုး။ မိမိတို့၏ ဂေဟစနစ်ကြီးမှာ အရာရာတိုင်းက အပြန်အလှန် အကျိုးပြုနေကြသည်ကို အံ့ဩမိခြင်းဖြစ်သည်။ 

ဂျူးဘာသာဝင်တွေရဲ့အယူအဆအရဆို ဘုရားသခင်က ကမ္ဘာကြီးနဲ့ သက်ရှိတွေကို ခြောက်ရက်တည်းနှင့် ဖန်ဆင်းခဲ့သည်ဟုဆိုသည်။ ငါးရက်မြောက်မှာ ပင်လယ်နဲ့ပျံသန်းနိုင်တဲ့သတ္တဝါတွေနဲ့ ခြောက်ရက်မြောက်မှာ မြေယာတွေ၊ တိရစ္ဆာန်တွေနဲ့ လူတွေကို ဖန်ဆင်းခဲ့သည်ဟု ဆိုသည်။ ဘာသာရေးအကြောင်းကို မိမိပြောလိုခြင်းမဟုတ်ပါ။ သူတို့အယူအဆအရမှန်သည်ဟုယူပြောရမည်ဆိုလျှင်တော့ ဘုရားသခင်က တော်တော်ကို စနစ်တကျနှင့်တွက်ချက်ဖန်ဆင်းခဲ့သည်ဟုသာ ဆိုချင်တော့သည်။

သင်္ကြန်တွင်းကာလခြားသွားသည့်အတွက် မရေးဖြစ်လိုက်သည့်အထဲ ဆောင်းပါးရှင်ဒေါက်တာမြင့်သိန်း၏ ဂေဟစနစ်အပေါ် တိရစ္ဆာန်လေးများ၏ အကျိုးပြုမှုအကြောင်းများပါသည်။ မိမိတို့အစဉ်အဆက် နိမိတ်မကောင်းဟု ယူဆခဲ့ကြသည့်ငှက်များဖြစ်သည့် လင်းတနှင့် ငှက်ဆိုးတို့ပင် ဂေဟစနစ်အတွက် များစွာအရေးပါနေသလို လူသားများအတွက်ဆို ကောင်းကျိုးအလွန်များစေသည့်သတ္တဝါများချည်းဖြစ်နေသည်ကပင် အတော်လေးဗဟုသုတယူစရာကောင်းလှပါသည်။ 

၎င်းတို့အကြောင်းများ ဖတ်ကြည့်လိုသည်ဆိုလျှင်တော့ အောက်ပါလင့်များတွင် ဝင်ဖတ်နိုင်ပါသည်။ 

မျက်နှာမရ ခြေထောက်ရနေသောမြန်မာ့အပယ်ခံငှက်များ(သို့မဟုတ်) လင်းတမရှိ..ခွေးရူးထခြင်း>>>  https://greenwaymyanmar.com/posts/Vulture_beneficial_birds

ငှက်ဆိုးတဲ့လား>>> https://greenwaymyanmar.com/posts/Barn_owl_beneficial_bird

 

ဒါတွေက တကယ်တော့ သင်္ကြန်ကာလမတိုင်ခင်က ဖော်ပြဖြစ်ခဲ့သောဆောင်းပါးများသာဖြစ်ပြီး ပြောချင်သော်လည်း ပြောခွင့်မသာခဲ့၍ ယခုမှသာ ပြန်ညွှန်းပြခြင်းဖြစ်ပါသည်။

ဒါတွေကိုပြန်ပြောနေရသည်က ဂေဟစနစ်နှင့်ပတ်သက်၍ ဆောင်းပါးတစ်ပုဒ်ကို မိတ်ဆက်လို၍ ဖြစ်သည်။ ဆောင်းပါးရှင် ခိုင်ကြည်သစ်၏ ‘ကီးစတုန်းမျိုးစိတ်များ’ ဆောင်းပါး။ အဓိပ္ပာယ်ဖွင့်ရလျှင်တော့ ကမ္ဘာလောကသားတွေ ပုံမှန်ရှင်သန်ဖို့ မဖြစ်မနေလိုအပ်သည့် မျိုးစိတ်များအကြောင်း။ သူတို့မရှိလျှင် ဘာဖြစ်သွားနိုင်သည်လဲ။ ဆောင်းပါးရှင်ဒေါက်တာသက်ခိုင်က ယခုလို ဆိုထားသည်။

‘ လူသားတို့နေထိုင်ရာ ကမ္ဘာမြေကြီး၏ ဂေဟစနစ်ကို လေ့လာရာတွင်လည်း ဂေဟစနစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်ထားသည့်မျိုးစိတ်များရှိနေသည်ကို ပညာရှင်များ တွေ့ရှိခဲ့ကြပါသည်။ ဂေဟစနစ်တစ်ခုအတွင်းမှ မျိုးစိတ်တစ်ခုကို ဖယ်ရှားလိုက်ရုံဖြင့် ယင်းဂေဟစနစ်တစ်ခုလုံး ပျက်သုဉ်းသွားရသည့် သာဓကပေါင်းများစွာကို သုတေသီများက ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမျိုးစိတ်များကို သုတေသီများက ကီးစတုန်းမျိုးစိတ်များ (Keystone species) ဟု ခေါ်ဝေါ်ခဲ့ကြပါသည်’ တဲ့။

ဒါကလည်း ဆိုရလျှင် အပိုင်း(၁) သာရှိသေးပြီး နောက်ထပ်အပိုင်းပေါင်းများစွာ ဆက်လာပါဦးမည်။ တကယ့်ကိုစိတ်ဝင်စားစရာ၊ လေ့လာသိမှတ်စရာများပါနေခြင်းဖြစ်၍ စောင့်မျှော်ဖတ်ရှုကြည့်ကြဖို့သာ တိုက်တွန်းလိုပါသည်။

ယခု အပိုင်း(၁) ကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။https://greenwaymyanmar.com/posts/Ketstone_species_for_ecology_1

ဆိုတော့ ဘာကိုမှလျှော့မတွက်စေချင်။ သေးသေးလေးတွေလို့ထင်ရပေမဲ့ သူတို့ရဲ့အသုံးဝင်မှု စွမ်းပကားတွေက ကြီးမားလွန်းလှသည်။ သင့်ကိုယ်သင်အားကြီးလှပြီထင်ပြီး ဘာမသိညာမသိ မစဉ်းမစားနှင့် လုပ်ချင်ရာလုပ်မည်ဆိုလျှင်တော့ မထင်မှတ်တဲ့ဆုံးရှုံးမှု၊ ပျက်စီးမှုတွေအထိ ကြုံသွားရနိုင်ပါကြောင်း သတိပေးတင်ပြလိုရင်း ယခုတစ်ပတ်သတင်းဆောင်းပါးသုံးသပ်ချက်ကို အဆုံးသတ်ပါရစေ။

အားလုံးပဲကျန်းမာချမ်းသာကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်