အမေရိကန်ရဲ့ ပြည်နယ်တချို့ထက်တောင် ပိုကြီးတဲ့ ကမ္ဘာ့အကြီးဆုံးမွေးမြူရေးခြံကြီး

24/04/2023 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

 

ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးမွေးမြူရေးခြံကြီးဟာဆိုရင် အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၁၁ ခုထက်ကို ပိုကြီးတယ်ဆိုတာ သင်သိပါသလား..? နိုင်ငံတချို့ထက်တောင်လည်း ပိုကြီးမားပါတယ်။

ဒီမွေးမြူရေးခြံကြီးရဲ့အမည်ကိုတော့ Mudanjiang City Mega Farm  လို့ခေါ်ပြီး တရုတ်နိုင်ငံ Heilongjiang ဆိုတဲ့ဒေသမှာ တည်ရှိတာ ဖြစ်ပါတယ်။

ဒီခြံကြီးမှာဆိုရင် နို့စားနွား အကောင်ရေ ၁၀၀,၀၀၀ ကျော်ရှိတာဖြစ်ပြီး အထင်ကြီးလောက်စရာကောင်းအောင်ပဲ ဧက ၂၂.၅ သန်းလောက် ကျယ်ဝန်းတာလည်း ဖြစ်ပါတယ်။ ဒါဟာ ပေါ်တူဂီနိုင်ငံရဲ့ အရွယ်အစား(ဧက ၂၂.၈ သန်းခန့်) ခန့်ရှိပြီး အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တွေထဲက အချို့ဖြစ်တဲ့...

  • တောင်ကာရိုလိုင်းနား (South Carolina)
  • အနောက်ဗာဂျီးနီးယား (West Virginia)
  • မေရီလန်း (Maryland)
  • ဟာဝိုင်အီ (Hawaii)
  • မက်ဆာချူးဆက် (Massachusetts)
  • ဗားမောင့် (Vermont)
  • နယူးဟမ်ရှိုင်းယား (New Hampshire)
  • နယူးဂျာဆီ (New Jersey)
  • ကွန်နက်တီကတ် (Connecticut)
  • ဒယ်လာဝဲ (Delaware)
  • ရုဒ်အိုက်လန် (Rhode Island) စတဲ့ပြည်နယ် ၁၁ ခုထက်ကို ပိုကြီးတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စိုက်ပျိုးမွေးမြူရေးခြံနဲ့ယှဉ်ရင်လည်း အရွယ်အစား ၂ ဆနီးပါးရှိနေတာ ဖြစ်ပါတယ်။

ရုရှားဈေးကွက်ကို နို့ထွက်ပစ္စည်းထုတ်လုပ်တင်ပို့ဖို့အတွက်ရည်ရွယ်ပြီး ဒီခြံကို ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်စဉ် နို့ထွက်ပစ္စည်း လီတာ သန်း ၈၀၀ (ဂါလံ သန်း ၂၀၀ ခန့်) ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ 

 

ဘယ်နေရာမှာ တည်ရှိနေတာလဲ..

Mudanjiang Mega City Farm ဟာ Heilongjiang ပြည်နယ် (Vladivostok မှ ၁၅၄ မိုင်အကွာ) တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာ တည်ရှိနေတာ ဖြစ်ပြီး အိမ်နီးချင်း ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။ အဲ့ဒီပြည်နယ်ဟာ ၎င်းရဲ့ မြေဆီသြဇာကောင်းတဲ့ အမည်းရောင် မြေဆီလွှာတွေကြောင့် နိုင်ငံရဲ့ အဓိက စိုက်ပျိုးရေး အချက်အချာမြို့လည်း ဖြစ်ပြီး ပြောင်း၊ စပါးနဲ့ ပဲပုပ်တို့ကို အများဆုံး စိုက်ပျိုးထုတ်လုပ်နေတဲ့ မြေယာတွေ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ အခြားသော ကြီးမားတဲ့စိုက်ပျိုးမွေးမြူရေးခြံကြီးများ

Mudanjiang City Mega Farm ကဲ့သို့ ကမ္ဘာပေါ်မှာ အခြားသော ကြီးမားတဲ့ ခြံကြီးတွေလည်း ရှိနေပါသေးတယ်။ ဒုတိယအကြီးဆုံး မွေးမြူရေးခြံကြီးဖြစ်တဲ့ China Modern Dairy ဟာဆိုရင်လည်း တရုတ်နိုင်ငံမှာပဲ ရှိတာဖြစ်ပြီး Anhui ဆိုတဲ့ဒေသမှာတည်ရှိတာပါ။ အဲ့ဒီမှာတော့ နို့စားနွားကောင်ရေ ၂၃၀,၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့တတိယအကြီးဆုံး ခြံကြီးကတော့ ဩစတေးလျနိုင်ငံ တောင်ပိုင်းမှာ တည်ရှိတဲ့ Anna Creek ဆိုတဲ့ ခြံကြီး ဖြစ်ပါတယ်။ ဒီခြံကြီးမှာတော့ ကျွဲနွားကောင်ရေ ၉၅၀၀ ခန့် မွေးထားပါတယ်။ အကျည်အဝန်းကတော့ မြေဧက ၆ သန်းကျော်ထိရှိတာဖြစ်ပါတယ်။ 

သြစတေးလျတောင်ပိုင်းမှာပဲ ကမ္ဘာပေါ်မှာ စတုတ္ထအကြီးဆုံး ခြံဖြစ်တဲ့ Clifton Hills ဆိုတာလည်း ရှိနေပါသေးတယ်။ မြေဧက ၄ ဒသမ ၂ သန်းခန့်မှာ ကျွဲ နွားအကောင်ရေ ၁၄,၀၀၀ ကျော်ကို မွေးမြူထားတာပါ။

ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အကြီးဆုံး ခြံကြီးကလည်း ဩစတေးလျမှာပါပဲ။ မြေဧက ၄ သန်းကျယ်ဝန်းပြီး ဩစတေးလျရဲ့ မြောက်ပိုင်းနယ်မြေမှာ ရှိနေတဲ့ Alexandria ဆိုတဲ့ခြံကြီး ဖြစ်ပါတယ်။ အဲ့ဒီမွေးမြူရေးခြံကြီးမှာတော့ ကျွဲနွားအကောင်ရေ ၅၅,၀၀၀ ကျော်ရှိနေပြီး North Australian Pastoral ကုမ္ပဏီကနေ ပိုင်ဆိုင်တာဖြစ်ပါတယ်။ 

မွေးမြူလေ့ရှိတဲ့ တိရစ္ဆာန်များ

မွေးမြူရေးခြံတွေဟာ မတူညီတဲ့ တိရစ္ဆာန်များစွာ နေထိုင်ကျက်စားရာနေရာဖြစ်ပါတယ်။ သို့ပေမဲ့ စိုက်ပျိုးမွေးမြူရေးခြံတိုင်းဟာတော့ ထူးခြားချက်တွေရှိကြပါတယ်။ အချို့သော ခြံတွေက စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်တာဖြစ်ပြီး သီးနှံ တစ်မျိုး သို့မဟုတ် နှစ်မျိုးသာ စိုက်ပျိုးကြကာ အချို့ခြံတွေကတော့ တိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ကြတာ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ တိရိစ္ဆာန်တွေကတော့ ခြံတွေမှာ အများဆုံးမွေးမြူလေ့ရှိတဲ့ တိရစ္ဆာန်အချို့ဖြစ်ပြီး ၎င်းတို့တစ်မျိုးချင်းစီနဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ ဖြစ်ပါတယ်။ 

ကြက်များ (Chickens) 

ကမ္ဘာပေါ်မှာ အများဆုံး မွေးမြူကြတဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုးကတော့ ကြက်ဖြစ်ပါတယ်။ ၎င်းတို့ကိုမွေးမြူရာမှာ ဧကရာထောင်ချီ မလိုအပ်ဘဲ ပြုစုစောင့်ရှောက်ဖို့ လွယ်ကူသလို နေရာအနည်းငယ်နဲ့တင် လုံလောက်ပါတယ်။ ဒါကြောင့်လည်း ကြက်မွေးမြူရေးဟာ ကမ္ဘာအနှံ့ ရေပန်းစားပါတယ်။ ၎င်းတို့ကို အသားအတွက်သာမက ဥစားဖို့အတွက်ပါ မွေးမြူနိုင်ပါတယ်။

ကြက်မွေးမြူရေးလုပ်ငန်းမှာဆိုရင် ကြက်မွေးမြူခြင်းသာမက ကြက်ဆင်၊ ဘဲနဲ့ ငန်းတွေကိုပါ မွေးမြူကြတာဖြစ်ပါတယ်။ ဥစားကြက်တွေကိုတော့ ပုံစံအမျိုးမျိုးနဲ့ မွေးမြူနိုင်ပါတယ်။ ကြက်ဥထည့်ထားတဲ ပလပ်စတစ်ဗူးပေါ်မှာ တွေ့ရတတ်တဲ့ “လွှတ်ကြောင်းကြက်ဥ” (Free range)၊ “အော်ဂဲနစ်ကြက်ဥ” (Organic) နဲ့ “နှောင်ကြိုးမဲ့ ခြံ ကြက်ဥ” (Free-run) ကဲ့သို့သော စကားလုံးတွေနဲ့ စကားစုတွေကို သတိပြုမိကြပါလိမ့်မယ်။ 

“လွှတ်ကြောင်းကြက်ဥ” (Free range) ကြက်တွေဟာဆိုရင်တော့ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ နေ့ခင်းဖက် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်တဲ့ ကြက်တွေကို ရည်ညွှန်းတာပါ။ သို့ပေမဲ့ ဆာလောင်ငတ်မွတ်နေတဲ့ သားရဲကောင်တွေရဲ့ အန္တရာယ်ကနေ ဝေးကွာစေဖို့ဆိုရင်တော့ ညအချိန်မှာ အကာ အကွယ်နဲ့ထားလေ့ရှိတာ ဖြစ်ပါတယ်။

“နှောင်ကြိုးမဲ့ ခြံကြက်ဥ” (Free-run) ကြက်တွေဟာလည်း “လွှတ်ကြောင်းကြက်ဥ” များနဲ့ အလားတူပုံစံ နေထိုင်ကြရပေမဲ့လည်း အလုံပိတ်စပါးကျီ (ကြီးမားတဲ့အခန်း) အတွင်းမှာသာ လွတ်လပ်စွာ နေထိုင်ကြရတာဖြစ်ပါတယ်။ ၎င်းတို့မှာ လွတ်လပ်မှုအချို့ရှိပေမဲ့လည်း ဖုန်မှုန့်ပမာဏမြင့်လာတာနဲ့အမျှ လေထုအရည်အသွေး နိမ့်ပါးမှုကိုတော့ ခံစားရနိုင်ပါတယ်။

“အော်ဂဲနစ်ကြက်ဥ” (Organic) တွေကိုတော့ ကန့်သတ်ထိန်းချုပ်ထားတဲ့ အစားအသောက်တွေကို ကျွေးမွေးထားသော လွှတ်ကြောင်းကြက်တွေဆီကနေ ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ကြက်ခြံ တစ်ခြံ (သို့မဟုတ်) တစ်ဟက်တာ အကျယ်အဝန်းလျှင် ကြက်အကောင်ရေဘယ်လောက် နေထိုင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်များလည်း ရှိတာဖြစ်ပါတယ်။

နို့စားနွားများ (Cows)

နောက်ထပ် အများဆုံးမွေးမြူလေ့ရှိတဲ့ တိရစ္ဆာန်ကတော့ နွားတွေပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ စိုက်ပျိုးမွေးမြူရေးခြံ စာရင်းတွေထဲမှာ နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ မွေးမြူရေးခြံကြီးတွေ အများကြီးပါဝင်နေတယ်ဆိုတာ သတိပြုမိပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးမွေးမြူရေးခြံတွေဟာလည်း နို့ထွက်ပစ္စည်း အများအပြား ထုတ်လုပ်တဲ့ မွေးမြူရေးခြံတွေဖြစ်ပါတယ်။

နွားတွေဟာ နူးညံ့သိမ်မွေ့ပြီး ကြီးမားတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ကမ္ဘာပေါ်မှာ  အသိအမှတ်ပြုထားတဲ့ နွားမျိုးစိတ်ပေါင်း ၂၅၀ ကျော်ရှိပါတယ်။ နွားတစ်ကောင်ကိုတောင် ထိန်းသိမ်းရတာ မလွယ်တာကြောင့် ရာဂဏန်းနဲ့ချီမယ်ဆိုရင် ပိုလို့တောင် ခက်ခဲနိုင်ပါတယ်။ နို့ထုတ်ယူတဲ့နွားတွေကို တစ်နေ့လျှင် ၂ - ၃ ကြိမ် နို့တိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ သူတို့ရဲ့ ကျန်းမာရေး ဆိုးရွားလာနိုင်ပါတယ်။ နို့စားနွားတွေဟာ တစ်နေ့ကို နို့ ၆ ဂါလံကနေ ၈ ဂါလံလောက်အထိ ထွက်ရှိနိုင်တာဖြစ်ပါတယ်။

နွားမွေးမြူရေးခြံတွေမှာတော့ ဘယ်လိုအမျိုးအစားဆိုပြီးတော့ အတိအကျမရှိကြပါဘူး။ အချို့သော နို့စားနွား မွေးမြူရေးခြံတွေဟာ နွားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးပေမဲ့ အချို့ခြံတွေကတော့ တင်းကျပ်ပြီး အလုံပိတ်နေရာတွေမှာ ထားရှိကြလေ့ရှိပါတယ်။

ဆိတ်များ (Goats)

နောက်ဆုံးအနေနဲ့ အများဆုံးမွေးမြူလေ့ရှိတဲ့ တိရိစ္ဆာန်တွေကတော့ ဆိတ်တွေပဲ ဖြစ်ပါတယ်။ ကြက်နဲ့ နွားတွေလိုပဲ ဆိတ်တွေဆီကလည်း နို့နဲ့ အသားတွေကို ရရှိနိုင်ပါတယ်။ ဒီ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေဟာလည်း ကျက်စားဖို့အတွက် နေရာများစွာ လိုအပ်တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ အသီးအရွက်စားတဲ့ သတ္တဝါတွေဖြစ်ပြီး အရည်အသွေးမြင့် စားကျက်တွေရှိဖို့လည်း လိုအပ်ပါတယ်။ ဆိတ်နို့ကတော့ ကမ္ဘာ့တစ်နှစ်တာ နို့ထောက်ပံ့ပေးနိုင်မှုရဲ့ ၂ ရာခိုင်နှုန်းခန့်သာရှိပြီး နွားနို့ကို ပိုမိုလူကြိုက်များကြပါတယ်။ ဆိတ်နို့ကို တစ်သားတည်းဖြစ်စေခြင်းမရှိဘဲ ဆိတ်နို့ဒိန်ခဲအဖြစ်လည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ အသုံးများတဲ့ ဆိတ်နို့ထုတ်ကုန်တွေဟာ ဒိန်ခဲ၊ နို့၊ ရေခဲမုန့်နဲ့ ဒိန်ချဉ် စတာတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: https://a-z-animals.com/blog/the-largest-farm-in-the-entire-world-is-bigger-than-11-u-s-states/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်