Young Farmer Program အပတ်စဉ် (၈) အား ဖွင့်လှစ်မည်

01/03/2020 17:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

NEED-Myanmar မှ ဖွင့်လှစ်ထားသော Eco Village Farm School ၏ Young Farmer Program #Batch 8 (June to Nov 2020)ခြောက်လတာ သင်တန်းအတွက်လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ပါသည်။ 

**လူငယ်များအတွက် အခွင့်အရေးကောင်းပါ။** 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကို အခြေခံသည့် ဖွံ့ဖြိုးတိုး တက်မှုနှင့် တောင်သူလယ်သမားများ၏ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် လိုအပ်သော အသိပညာ၊နည်းပညာများကို ကျေးလက်နေလူငယ်များသို့ ပေးဝေနိုင်စေရန် ရည်ရွယ်၍ - 

Young Farmer Program အပတ်စဉ် (၈) အား ဖွင့်လှစ်မည်ဖြစ်ပါသည်။ 

# သင်တန်းကြေး အခမဲ့ ဖြစ်ပြီး နေထိုင်၊ စားသောက် စရိတ်များအား ကျောင်းမှကျခံပေးမည်ဖြစ်ပါသည်။ 

# ကျောင်းသားများ၏ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသုံးစရိတ် အဖြစ် လစဉ် (10000) ကျပ်ထောက်ပံ့ပါမည်။

# သင်တန်းပြီးဆုံးပါက အိမ်ပြန်လမ်းစရိတ်အား ကျောင်းမှကျခံပေးပါမည်။ 

# သင်တန်းနှင့်သက်ဆိုင်သော အချက်အလက်များ အား အသေးစိတ် သိရှိလိုပါက မေးမြန်းစုံစမ်းရန်နှင့် လျှောက်လွှာတောင်းယူရန် application@need-myanmar.org (သို့) 09406055637/09453624488 သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။

# အောက်ပါပုံများမှာ လျှောက်လွှာပုံစံ၊ သင်တန်းအကြောင်းအရာ အကျဉ်းချုပ် နှင့်ထောက်ခံစာဖြစ်ပါသည်။

Soft file လျောက်လွှာရယူရန်

#Permaculture #NaturalResourcesManagement #alternativeAgriculture #organic #evironmentfriendlyagriculture #sustainableliving #EconomicFoodSecurity #Coorperating #CommunityDevelopment #EducationOpportunity #Youth


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်