Youth Participation in Governance (YPG –5th Batch) သင်တန်းကိုစတင် ခေါ်ယူနေ

07/02/2014 14:50 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Youth Participation in Governance  (YPG –5th Batch) သင်တန်းကိုစတင် ခေါ်ယူနေပြီ ဖြစ်ပါသည်။ ယခုတစ်ကြိမ် သင်တန်းတွင် ASEAN community နှင့် ပတ်သက် သည်များ ကိုအဓိကလေ့လာဆွေးနွေး ကြရမည်ဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ် တွင်မြန်မာ နိုင်ငံအနေ ဖြင့်အာဆီယံ အိမ်ရှင် နိုင်ငံ အနေ ဖြင့်လက်ခံ ကျင်းပ ရမည် ဖြစ်ပြီး လာမည့် ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့်ASEAN Community တွင်မြန်မာ နိုင်ငံအနေ ဖြင့် ကြုံ တွေ လာနိုင်မည့် စိန်ခေါ် ချက် များ  နှင့် လူငယ်များ အနေဖြင့် အုပ်ချုပ်ရေး ဖြစ်စဉ်များ တွင် မည်ကဲ့ သို့ပါဝင်နိုင်မည်ကို လေ့လာသင်ကြားသွားရမည် ဖြစ်ပါသည်။

 

သင်တန်းကာလ အားဖြင့် ၄ ပတ်ကြာမြင့် မည် ဖြစ်ပြီးသင်တန်းတစ်လျှောက်တွင် သင်တန်း ခေါင်းစဉ်နှင့် သက်ဆိုင်သော သင်ခန်းစာများ သင်ကြားရမည့်အပြင် ကောင်းမွန်သော အုပ်ချုပ်မှု တစ်ရပ်ဖြစ်ပေါ် ရန် နည်းလမ်း များ ကို အတူတကွ လေ့လာခြင်း၊ အချင်းချင်းကြား အတွေ့အကြုံများ ဆွေးနွေး ဖလှယ်ခြင်းများ နှင့် လေ့လာ ရေး ခရီးစဉ်များ လည်း ပါဝင်မည်ဖြစ်သည်။

သင် တန်း ကို ၂၀၁၄ မတ် လ ၆ ရက်နေ့မှ ဧပရယ် ၅ ရက်နေ ့ထိရန်ကုန်ရှိ ActionAid(Global Platform Myanmar) သင်တန်းစင်တာတွင်ပြုလုပ် သွားမည်ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပ မှ သင်တန်းဆရာ၊ ဆရာမများ မှ သင် ကြားပို့ချပေးမည် ဖြစ်ပြီး အာဆီယံ နှင့်ပတ်သက်သောအကြောင်းအရာ များ ကို ကျွမ်းကျင်သော ပညာရှင်များ မှ လည်း ၎င်းတို့ဧ။် အတွေ့အကြုံ အမြင်များကို ပါ ဖလှယ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။

စကော်လာ ရှစ်များ လျောက်ထား နိုင်ပြီး စကော်လာရှစ် ရရှိ သူများ အနေ ဖြင့် သင်တန်းကာလတစ်လျှောက်လုံးအတွက် သင်ထောက်ကူပစ္စည်း၊ နေရာ (accommodation ) နှင့် အစားအသောက်များ ( နံနက် ၊ နေ့လည် ၊ ည ) ပံ့ပိုးပေးမှာဖြစ် ပါသည်။(စေကာ်လာရှစ် တွင် ခရီး သွားလာစရိတ် ပါဝင်မည်မဟုတ်ပါ။)နိုင်ငံတကာမှ လူငယ်များ ပါဝင်မည်ဖြစ်သောကြောင့် နိုင်ငံတကာမှ လူငယ်များနှင့်  ပြည်တွင်း (မြန်မာ) လူငယ်များအတူတကွ နေထိုင်ကြပြီးအချင်းချင်းအပြန်အလှန် လေ့လာသင်ကြားရမည်ဖြစ်သဖြင့် အင်္ဂလိပ်စာအသင့်အတန့် ကောင်းမွန် ရန်လိုအပ်ပါသည်။  စိတ်ဝင်စားသူများ အနေ ဖြင့် ၂၀၁၄ ဖေဖါဝါရီ ၁၇ ရက်နေ ့နောက်ဆုံးထား ပြီးလျှောက်လွှာများပေးပို့ပေးရမည်ဖြစ်ပါသည်။ သင်တန်းသားများ ရွေးချယ်ရာတွင် အင်တာဗျူး ရှိပါသဖြင့် ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များ လျောက်လွာများတွင် ရေးပေးစေလို ပါသည်။

 

Flyer နှင့် Application form ကိုလည်း attached file နှင့် ပို့ပေးထားပါတယ်။ သင်တန်း နှင့် ပတ်သက် ပြီးဆက်သွယ်မေးမြန်းလို လျှင် - Katrine Marie Henriksen ( katrine.henriksen@training4change.org , +95 9250430774) (သို့) ဖွေးယုမွန် (phweyu.mon@actionaid.org+ 95 943094692)

အောက်ပါလင့် တွင်လည်း ဖတ်ရှုနိုင်ပါသည်။ http://www.globalplatforms.org/myanmar/our-trainings


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်