သမိုင်းတခုရဲ့ လူသတ်ကောင်

19/01/2018 14:20 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ကျွန်တော် ဒီအကြောင်းကို ရေးခြင်းမှာ အထူးသဖြင့် စိုက်ပျိုးရေး ကုမ္ပဏီတွေနဲ့ ဌာန ဆိုင်ရာ အဖွဲ့ကို ပြောချင်တာပါ။ မိမိကြောင့် လူတိုင်း ကို အဆိပ်ခပ် သတ်သလို မဖြစ်စေချင်ဘူးဗျာ။ ဘာတွေရေးတာလဲ ဆက်ကြည့်ရအောင်ဗျာ။ နာမည်တွေ တပ်မရေး လိုတာကို တော့ နားလည်ပေးစေချင် ပါတယ်။

ပေါင်းသတ်ဆေး မြေသြဇာ အကြောင်း စရအောင်ဗျာ။ တရုတ်ပိုင် ကုမ္ပဏီတခုက ပေါင်းသတ်ဆေးမြေသြဇာကို လွန်ခဲ့တဲ့ ၃-၄နှစ်က စ ထုတ်လုပ်တယ်။ အဲဒီကနေတောင်သူတွေ ကျယ်ပြန့်စွာ အသုံးပြု ကြပြန်တယ်။ တရားဝင် မှတ်ပုံတင် အတွက် သက်ဆိုင်ရာကို တင်ခဲ့ကြတယ်။ စိုက်ပညာရှင် အချို့ကန့်ကွက်နေတဲ့ကြားက registerရတယ်ပေါ့ဗျာ။ ပေါင်းသတ်ဆေးမြေသြဇာ ဆိုတာ ကမ္ဘာမှာ မတွင်ကျယ်ပေမယ့် မြန်မာမှာ တွင်ကျယ် ခဲ့တာဆို မမှားဘူးဗျ။ ဥရောပနိုင်ငံ အချို့မှာ အလှစိုက် မြက်ခင်းတွေမှာ (weed and feed) ဆိုပြီး အနည်းအပါး အသုံးပြုပေမယ့် အများစုက လက်ခံတာ မရှိခဲ့ပါဘူး။ မြေတွင်း ဇီဝကမ္မ ဖြစ်စဉ်ခေါ်ရမယ့် (Soil structure) ဖြစ်စဉ်တွေ ပျက်စီး ပေါင်းသတ်ဆေး ဒဏ်ခံနိုင်တဲ့ မျိုးစိတ်တွေ အသစ် ထွက်တာ အပြင် လက်နဲ့ကိုင်တွယ် အသုံးပြုရတဲ့ လူတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် အားပေးတာ နည်းပါးတာကို သိလိုက်ရတော့ ကျွန်တော်တို့ စိုက်ပျိုးရေးကို ဦးဆောင်နေတဲ့ ဌာနက ပုဂ္ဂိုလ်ကြီးများ ဘယ်လို အသိဉာဏ် အတွေးမျိုးနဲ့ ခွင့်ပြုသလဲ တွေးမိလာတယ်ဗျ။ လောလောဆယ် ပေါင်းသေတာ မှန်တယ်။ အပင်အတွက် ကောင်းတာ မှန်တယ်။ နောက်ပိုင်း တက်လာမယ့် ပြဿနာကို ဘယ်လိုလေးများ တွေးမိသလဲလို့။ မိတ်ဆွေ တယောက် ပြောတဲ့စကားကို ကျွန်တော် ထပ်မံ ချဲ့ကားပြီး ပြောချင်တယ်ဗျ။ ခွင့်ပြုမိန့် ချပေးတဲ့ လူတွေကော တိုက်တွန်းပေးတဲ့ လူတွေ အပါအဝင် ထုတ်လုပ်တဲ့လူ ဖြန့်ချီတဲ့ ကုမ္ပဏီက လူကြီးလူကောင်းများကို ပေါင်းသတ်ဆေးမြေသြဇာကို ဘာအကာကွယ်မှ မပါပဲ တနေ့တနာရီ တပတ်လောက်ကိုင်ပြီး လက်မဆေးပဲ အစားအစာ စားရဲလား။ ကိုယ့်မိသားစုဝင်တွေကိုကော အဲဒီလက်နဲ့ စီမံတဲ့ အစားအသောက်ကျွေးရဲလားလို့ မေးချင်တယ်ဗျ။ ပေါင်းသတ်ဆေးကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို နောက်မှတွေးဗျာ။ လက်နဲ့ကိုင်ပြီး ကြဲပက်မယ့် လူတွေ ဒီအဆိပ်တွေ ပါးစပ်ထဲရောက်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရင်?

ပေါင်းသတ်ဆေးဗူးတွေ၊ ပိုးသတ်ဆေးဗူးတွေမှာ ဆေးဖျန်းစဉ် ဘယ်လိုဝတ်စား ဆင်ယင်ရမယ်။ ပါးစပ်တွေ ဖုံးအုပ် လေတင်လေအောက် ဖျန်းရမယ် စသဖြင့် စည်းကမ်းချက်တွေနဲ့ ဆေးဖျန်းမည့် သူတွေကို နားလည်အောင် စည်းရုံးပေမယ့် ယနေ့ အခုချိန်အထိ တိတိကျကျ လိုက်ပါဆောင်ရွက်သူ ၁၀%တောင် ရှိရဲ့လား။ အခုလိုတောင်သူတွေကို နားလည်မှု ရှိအောင်မလုပ်နိုင်သေးဘဲ ပေါင်းသတ်ဆေးမြေသြဇာကို ကိုင်တွယ်နေတဲ့ သူတွေ ဘယ်လောက် အန္တရာယ်များမလဲ ကိုယ်ချင်းစာ စေ့ချင်တယ်ဗျာ။ တခါတရံမှာ မိမိထုတ်ကုန် နည်းပညာ ဘယ်လောက်ကောင်းကောင်း အများစု အတွက် အန္တရာယ်ရှိမယ် ဆိုးကျိုးတွေ ရှိမယ်ဆိုရင် မထုတ်လုပ်သင့်ဘူး။ မဖြန့်ချီသင့်ဘူး။ သက်ဆိုင်ရာကလည်း ခွင့်ပြုမိန့် မပေးသင့်ဘူး။ ခုလို လုပ်နေတာ တနည်းအားဖြင့် ဟစ်တလာ ဂျူးတွေ သတ်သလို သိသာထင်ရှားမှု မရှိပေမယ့် ခင်ဗျားတို့လည်း တချိန်မှာ သမိုင်းထဲက လူသတ်သမားတွေနဲ့ လူသတ်သမား လူသတ်တာကို အားပေးနေတဲ့ ကြံရာပါတွေ ဖြစ်လာမယ်နော်။ စိုက်ပျိုးရေးကို စီးပွားလုပ်နေတဲ့ သူတွေနဲ့ ခွင့်ပြုချက်ချပေးနေတဲ့ ဆရာများ သိစေ့ချင်ပါတယ်။

အခုမှ ကျွန်တော် ပြောချင်တာစရမှာပါ။ အကျယ်မချဲ့ ချင်တော့ဘူး။ ပေါင်းသတ်ဆေးမြေသြဇာလို နောက်ထပ် ဆေးတခုရောပြီး မြေသြဇာ ထုတ်ပြီး ကုမ္ပဏီ တခုက တရားဝင် ဖြန့်ချီခွင့်ရအောင် ကြိုးစားနေတဲ့ သတင်းတခုကို ခရီးသွားရင်း အဖွဲ့တခု ကနေ ကြားခဲ့ပါတယ်။ ခိုင်မာမှုတော့ မရှိသေးပါဘူး။ လုပ်မယ့် သူတွေနဲ့ ဒီမြေသြဇာ လုပ်ဖို့ အစီစဉ်ရှိသူတွေ သတိထားနိုင်အောင်ပေါ့ဗျာ။ ဒီမြေသြဇာဟာ ကမ္ဘာမှာ မကြားဘူးသေးတဲ့ ပေါင်းသတ်ဆေးမြေသြဇာထက် အန္တရာယ်တွေ ပေးမယ့် မြေသြဇာလို ဖြစ်နေတယ်လို့ ယေဘူယျ အမြင် ရှိပါတယ်။ ဒါကို ပုဂ္ဂိုလ်တယောက် ဦးဆောင်ပြီးလုပ်နေတယ်လို့ သိရပါတယ်။ ဒီတော့ အဲဒီ ပုဂ္ဂိုလ်ကို သူဖော်တဲ့ မြေသြဇာ လက်တစုပ်လောက်ကို နေ့တိုင်း တရက် တနာရီလောက် ကိုင်ထားခိုင်းချင်တယ်။ တပတ်လောက်ပေါ့။ ကိုင်ရဲလား မေးချင်တယ်ဗျာ။ ဆန်းသစ် တီထွင်တာကောင်းပါတယ်။ ဒုက္ခပေးနိုင်တဲ့ အရာတွေကိုတော့ စျေးကွက်ထဲ မဖြန့်ဖို့ ဘာမှမသိ နားမလည်တဲ့ တောင်သူတွေအကြားမှာ မဖြန့်စေချင်လို့ ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ ရေးတာပါခင်ဗျာ။

ကုမ္ပဏီ အကျိုးပျက်ဖို့ ဌာန နာမည်ပျက်ဖို့ မရည်ရွယ်ဘူး။ ဒီအချက် အလက် သိထားတဲ့ လူတယောက်အနေနဲ့ အများ သိသင့်တယ်၊ ကာကွယ် သင့်တယ်လို့ ယူဆလို့ တင်ပြခြင်းပါ။ ဒီအကြောင်းအရာကို တင်ပြတဲ့အတွက် ကျွန်တော့်မှာ အသက် အန္တရာယ်တောင် ရှိချင် ရှိလာနိုင်ပါတယ်။ ကျွန်တော် ကြောက်တတ်ပါတယ်။ ဒါပေမယ့် လူတွေအများကြီး သေမှာ ဘေးအန္တရာယ်ဖြစ်မှာ ပိုကြောက်မိပါတယ်။ ကျွန်တော်တို့ စားနေတဲ့ ထမင်း လုပ်တိုင်းမှာ ဓာတု ဓာတ်ကြွင်းတွေ ပါနေတာ အမှန်ဖြစ်ပေမယ့် အခုအချိန်မှာတော့ လူတိုင်း ဓာတုဓာတ်ကြွင်း နည်းတဲ့ အစားအစာကို စိတ်ချလက်ချ စားချင်မှာပဲ။ ကိုယ်ချင်းစာစိတ်လေးနဲ့တွေးကြည့်ပါ။ ဒါကို စိုက်ပျိုးရေးအကြောင်း နားလည်သူတိုင်း စိုက်ပျိုးရေးကျောင်းဆင်းတိုင်း တားဆီးရမယ့် အရာ ဖြစ်ပါတယ်။ သမိုင်းရဲ့ လူသတ်ကောင် တရားခံတွေ မဖြစ်စေနဲ့ပေါ့ဗျာ။ တကယ်လို့ ဆိုးကျိုး မရှိခဲ့ဘူးဆိုရင်လည်း သေချာ စမ်းသပ်မှု (trial)တွေ၊ သုတေသန (research)တွေ စနစ်တကျ ကြိမ်ဖန်များစွာ ပြုလုပ်ခြင်း ဆိုးကျိုး မရှိဘူး ဆိုတာ အတိအကျ အများရှေ့မှာ ချပြပြီးမှသာ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေ လုပ်သင့်ပါတယ်။ ဘာမြေသြဇာ ဘာတွေရောထားသလဲ ဆိုတာကိုတော့ အချိန်တိုအတွင်း ပေါ်လာမလား ပျောက်ကွယ်မလား စောင့်ကြည့် ရမှာပေါ့လေ။

ပေါ်မလာပါစေနဲ့ ဆုတောင်းပါတယ်။ တောင်သူတွေ အတွက် ကျန်းမာရေး ဘေးထွက် ဆိုးကျိုး ဖြစ်လာမှာကို ကြို မြင်နေလို့ လူကြီးမင်းများကို တောင်းပန်ပါကြောင်း။

Khant Zaw Htet (ACOM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်