အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ

ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ

Thin Thazin
Thin Thazin • 22/01/2018

ပလက်စတစ်အိတ်များကို ဝါးစားသည့် ခူကောင်များသည် ပလက်စတစ် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ အရေးကြီးသည့် သော့ချက်ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက အဆိုပြုထားပါသည်။

ပျားအုံအတွင်းရှိ ပျားဖယောင်းများကို စားသော ဖလံကောင်၏လောက်ကောင်များသည် (Cambridge University) ရှိ သိပ္ပံပညာရှင်များကတွေ့ရှိထားသည်။

လက်တွေ့စမ်းသပ်မှုများက ယင်းအင်းဆက်(ပိုးကောင်) များသည် ပျားဖယောင်းများကိုချေဖျက်သည့် နည်းအတိုင်း ပလက်စတစ်တွင် ပါဝင်သည့် ဓာတု ချိတ်ဆက်ဖွဲ့စည်းမှု (chemical bonds) များကိုချေဖျက်နိုင်ကြောင်း ပြသလျက် ရှိသည်။

ကမ္ဘာတစ်လွှား၌ အလေးချိန်တန်ပေါင်းသန်း (၈၀) ခန့် ရှိသောပလက်စတစ် ပိုလီအီသိုင်လင်း (Plastic Polyethylene) များကို နှစ်စဉ် ထုတ်လုပ်လျက်ရှိသည်။

ပလက်စတစ်များကိုစျေးဝယ်သည့် အိတ်များ၊ အစားအသောက် ထုပ်ပိုးသည့် အိတ်များနှင့် အခြားပစ္စည်းများစွာ ပြုလုပ်ရာတွင် သုံးစွဲကြသော်လည်း ၎င်းပလက်စတစ်များ အပြည့်အဝဆွေးမြည့်ရန်မှာ နှစ်ပေါင်းရာပေါင်းများစွာ ကြာပါသည်။

မည်သို့ပင် ဖြစ်စေ ဂယလ်လားရီးယား မီလွန်နဲလ်လား (Galleria mellonella) ဟုခေါ်သည့် ဖလံ၏လောက်ကောင်များသည် ပလက်စတစ်များကို နာရီပိုင်းအတွင်း အပေါက်များ ဖြစ်အောင် ကိုက်ဖြတ် စားသောက်နိုင်သည်။

ဒေါက်တာ ပါအိုလိုဘွန်ဘီလီ (Dr. Paolo Bombelli) သည် ကိန်းဘရစ်တက္ကသိုလ် (Cambridge University) မှ ဇီဝဓာတုဗေဒ ပညာရှင် ဖြစ်ပြီး ယခုလေ့လာမှုတွင် သုတေသန ပြုလုပ်နေသူတစ်ဦး ဖြစ်သည်။

သူက"ကျွန်တော်တို့ ဒီလောက်ကောင်တွေကနေ စတင်လေ့လာရမှာပါ။" လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

"ဒီဖြစ်စဉ် ဘယ်လိုဖြစ်ပေါ် လည်ပတ်လဲ ဆိုတာ အသေးစိတ် သိဖို့လိုပါတယ်။"

"ကျွန်တော်တို့ အနေနဲ့ ပလက်စတစ် စွန့်ပစ်ပစ္စည်း ပြဿနာကိုလျှော့ချနိုင်ဖို့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ဒီလေ့လာ စမ်းသပ်မှုကိုဒေါက်တာဘွန်ဘီလီနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စပိန်နိုင်ငံ အမျိုးသား သုတေသန ကောင်စီမှ ဒေါက်တာ ဖက်ဒရီကာဘာတော့ချီနီ (Dr. Federica Bertocchini) တို့က ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။

သူတို့ဟာ ပလက်စတစ်တွေ သဘာဝအတိုင်းဆွေးမြည့်ခြင်းရဲ့ နောက်ကွယ်က ဓာတုဗေဒ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိဖို့ အရှိန်အဟုန်မြင့် ကြိုးစားနေကြပါတယ်။

လောက်ကောင်အတွင်းမှာရှိနေတဲ့ အဏုဇီဝသက်ရှိတွေ (ဒါမှမဟုတ်) အင်းဆက် (ပိုးကောင်) ကိုယ်တိုင်က ပလက်စတစ်တွေကို ဖြိုခွဲတဲ့နေရာမှာ ကဏ္ဍတစ်ခုနေနဲ့ ပါဝင်လိမ့်မယ်လို့ သူတို့ ယူဆနေကြပါတယ်။

ဒီဓာတု ဖြစ်စဉ်တွေကိုသေချာသိရှိနိုင်မယ်ဆိုရင်တော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ပလက်စတစ် စွန့်ပစ် ပစ္စည်းတွေကို စီမံခန့်ခွဲနိုင်မယ့် အဖြေကို ဦးတည်နိုင်ပါလိမ့်မယ်။

"ကျွန်တော်တို့အနေနဲ့ ဒီတွေ့ရှိချက်ကနေ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားနိုင်မယ့် အအောင်မြင်ဆုံး နည်းလမ်းကို ရရှိနိုင်ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်။ ပင်လယ်တွေ၊ မြစ်ချောင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ပလက်စတစ်တွေ စုပုံခြင်းရဲ့ ရှောင်လွှဲလို့ မရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကနေ ကယ်တင်ဖို့ အဖြေတစ်ခုရရှိအောင်ဆောင်ရွက်နေပါတယ်" လို့ ဒေါက်တာဘာတော့ချီနီကဆိုပါတယ်။

"ဘယ်လိုပဲ ဖြစ်ပါစေ အခုအခါမှာ ဇီဝနည်းနဲ့ ပလက်စတစ်တွေကို ဘယ်လိုဖြိုခွဲရမလဲဆိုတာ သိနေပေမယ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပလက်စတစ်တွေကို တမင်သက်သက် စုပုံမထားသင့်တော့ပါဘူး။"

သုတေသနစာတမ်းကို Current Biology ဂျာနယ်တွင် ရိုက်နှိပ် ဖော်ပြထားပါသည်။

Royal Thazin

ကိုးကား- http://www.bbc.com/news/science-environment-39694553

You

ဆက်စပ်မေးခွန်းများ

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 0 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

U Win Zaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။