ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး (IPM)

07/02/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

"ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးဆိုတာ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် အန္တရာယ်တွေကို လျော့နည်းစေတဲ့ နည်းလမ်းနဲ့ ဇီဝနည်း၊ စိုက်ပျိုးရေးနည်း၊ ရူပနည်းနဲ့ ဓါတုနည်းတွေနဲ့ ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းဖို့ ရေရှည်တည်မြဲတဲ့ နည်းလမ်းဖြစ်ပါတယ်"

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး၏ ရည်ရွယ်ချက်များ

    • ဓါတုပိုးသတ်ဆေးအသုံးပြုမှုလျှော့ချရေး

    • ပတ်ဝန်းကျင် ကျန်းမာရေး

    • ဖျက်ပိုးအန္တရာယ် အနည်းဆုံးဖြစ်ရေး

    • အကျိုးအမြတ်ရရှိရေး

    • ဘေးကင်းသော အစားအစာထုတ်လုပ်ရေး

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး၏ အခြေခံသဘောတရားများ

    • အဓိကဖျက်ပိုးများနှင့် အကျိုးပြုသက်ရှိများကို အမျိုးအစားခွဲခြားခြင်း

    • ကာကွယ်နှိမ်နင်းရေးယူနစ်တစ်ခုဖြစ်သော စိုက်ပျိုးရေးဂေဟစနစ်ကို သတ်မှတ်ခြင်း

    • ကာကွယ်နှိမ်နင်းရေးနည်းဗျူဟာကို ဖွံ့ဖြိုးစေခြင်း

    • စီးပွားရေးအရ ထိခိုက်နိုင်မှုအဆင့်ကို သတ်မှတ်ခြင်း

    • စိစစ်သုံးသပ်ရေးနည်းပညာများကို ဖွံ့ဖြိုးစေခြင်း

    • ကြိုတင်ခန့်မှန်းနိုင်သော ဖျက်ပိုးမော်ဒယ်များ ဖြစ်ပေါ်လာမှုကို ဖော်ပြခြင်း

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး၏ လက်နက်များ

စောင့်ကြည့်စစ်ဆေးခြင်း -  ဖျက်ပိုးများလာရောက်နိုင်ရာလမ်းကြောင်းတွေနဲ့ ဖြစ်နိုင်ဖွယ် ပျက်စီးမှုတွေကို စောင့်ကြည့်ပါ။ ဒီလိုလုပ်တာဟာ လက်ရှိဖျက်ပိုးတွေနဲ့ သီးလှည့်စိုက်ပျိုးမှုအကြောင်း ဗဟုသုတကို ရစေပြီး ဖျက်ပိုးကာကွယ်နှိမ်နင်းရေး နည်းလမ်းတွေအတွက် အကောင်းဆုံးဖြစ်နိုင်ဖွယ် ပေါင်းစပ်ခြင်းတွေကို ရွေးချယ်ရာမှာ အကူအညီရစေပါတယ်။

ဖျက်ပိုးခံနိုင်ရည်ရှိမျိုးများ - ဖျက်ပိုးခံနိုင်ရည်ရှိရန်အတွက် မျိုးစပ်ခြင်းဟာ ဆက်တိုက်လုပ်ရမဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အဓိကဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းစေနိုင်ဖို့  မျိုးစပ်ပြီးရွေးချယ်ခြင်းဖြစ်သည်။ 

စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း - ဖျက်ပိုးကို ခံနိုင်ရည်ရှိတဲ့ သီးနှံပတ်ဝန်းကျင်ကို ပြုလုပ်တဲ့ သီးနှံထုတ်လုပ်ရေး အလေ့အထတွေ ပါဝင်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်း၊ မြေဖုံးပင်စိုက်ပျိုးခြင်း၊ စိုက်တန်းအကွာအဝေးနှင့် ပင်ကြားတန်းကြား၊ စိုက်ပျိုးသည်နေ့နှင့် ရိတ်သိမ်းသည့်နေ့၊ သီးနှံဟောင်း အကြွင်းအကျန်များကို ဖျက်စီးခြင်းတို့ဟာ ဥပမာအချို့ဖြစ်ကြပါတယ်။ 

လက်အားဖြင့်ကာကွယ်နှိမ်နင်းခြင်း - လက်အားဖြင့်ကာကွယ်နှိမ်နင်းခြင်းဟာ ဖျက်ပိုး၏ အပြုအမူအပေါ်အခြေခံပါတယ်။ လက်နဲ့ကောက်ယူခြင်း၊ ငှက်နားကိုင်းများထားခြင်း၊ ကောက်ရိုးဖုံးခြင်းနဲ့ ထောင်ချောက်ဆင်ခြင်းတို့ဟာ ဥပမာအချို့ဖြစ်ပါတယ်။

ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း - ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းမှာ အင်းဆက်သားရဲကောင်တွေ၊ ကပ်ပါးပိုးမွှားတွေ၊ ရောဂါတွေနဲ့ ပေါင်းတွေကိုစားတဲ့ သက်ရှိတွေလို သဘာဝရန်သူတွေကို အမြောက်အမြားလွှတ်ခြင်းနဲ့ ထိန်းသိမ်းခြင်းတို့ ပါဝင်ပါတယ်။ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အစီးအစဉ်တွေမှာ ဒေသရှိသဘာဝရန်သူတွေကို ထိန်းသိမ်းပြီး ဒေသကမဟုတ်တဲ့ သက်ရှိတွေကို အကြီးအကျယ် သတိထားပြီး လွှတ်ရပါသည်။ 

ဓါတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း - ဖျက်ပိုးတွေကို အထက်ပါနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်းမှု မလုပ်နိုင်တော့တဲ့အခါ ဖျက်ပိုးအရေအတွက်ကို စီးပွားရေးထိခိုက်နိုင်မှုအဆင့်အောက်ကို ထိန်းထားနိုင်ဖို့ ပိုးသတ်ဆေးတွေကို  အသုံးပြုကြပါတယ်။ ဒီနည်းကို ဖျက်ပိုးတွေရဲ့ ဖျက်ဆီးမှုက ထိခိုက်နိုင်မှုအဆင့်နား ကပ်လာတဲ့အခါမှသာ အသုံးပြုရပါတယ်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်