ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ် (IPM) အတွက် အားသာချက် အားနည်းချက်

10/09/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ပိုးဆိုတာဘာလဲ

    ဖျက်ပိုးတွေလို့ ပြောလိုက်ရင် ဖျက်ဆီးတဲ့ပိုးတွေ အကုန်ကို ဖျက်ပိုးတွေလို့ ခေါ်ပါတယ်။ သီးနှံမှာကျတဲ့ ပိုးတွေဆိုရင်တော့ သီးနှံဖျက်ပိုးတွေပေါ့။ အဲ့လို သီးနှံဖျက်ပိုးတွေကို ကာကွယ်ဖို့ နှိမ်နင်းဖို့အတွက်ကို ပိုးသတ်ဆေးဆိုတာ အများကြီးသုံးနေကြရတာ လက်တွေ့ပါပဲ

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ် ဆိုတာ…

   အင်္ဂလိပ်လိုတော့ Integrated Pest Management ပေါ့လေ။ အတိုကောက်ကိုတော့ IPM လို့ခေါ်ပါတယ်။ ပိုးမွှားတွေတိုးပွားလာတာကိုလည်း ပြင်ဆင်ချင်တယ်။ နောက်ကာလတွေမှာလည်း အများကြီးပွားမလာစေချင်ဘူး ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ စိုက်နည်းပျိုးနည်းတွေကိုပြောင်းလဲစိုက်တယ်။ ရောဂါဒဏ်ခံတဲ့၊ ဖျက်ပိုးကိုခံနိုင်ရည်ရှိတဲ့မျိုးတွေကို စိုက်တာပျိုးတာတွေလည်းပါတယ်။

   ပတ်ဝန်းကျင်ကို သဟဇာတဖြစ်ပြီးတော့ အထွက်နှုန်းကိုတိုးတက်ဖို့လည်း ကူညီပေးတယ်။ ပိုးမွှားတွေကျရောက်မှုအတွက်လည်း ကူညီနှိမ်နင်းပေးတဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။ ပြီးတော့ ဓာတုပိုးသတ်ဆေးတွေကို လျှော့ချသုံးစွဲနိုင်ဖို့အတွက် ကူညီပေးတဲ့ နည်းစနစ်တစ်ခုလည်းဖြစ်ပါတယ်။ 

IPM ကိုသုံးမယ်ဆိုရင် နည်းဥပဒေလေးတွေတော့ရှိတယ်။ အဆင့်လေးတွေပါပဲ။ သိဖို့ပေါ့လေ။

(၁) ကာကွယ်ဖိနှိပ်ခြင်း

(၂) စောင့်ကြည့်ခြင်း

(၃) ဆုံးဖြတ်ချက်ချခြင်း

(၄) ဓာတု မသုံးသောနည်းလမ်းများ

(၅) ပိုးသတ်ဆေးရွေးချယ်ခြင်း

(၆) အနည်းဆုံး ပမာဏ

(၇) ယဉ်ပါးမှုကိုနည်းပါးတဲ့ နည်းလမ်းကိုရှာတယ်

(၈) လေ့လာအကဲဖြတ်ပြီး စောင့်ကြည့်ခြင်းဆိုတဲ့ အဆင့်တွေပဲဖြစ်ပါတယ်။ 

   ကဲ နည်းလမ်းသစ်တွေကိုတော့ တွေ့ကိုတွေ့နေကြတာပဲ။ တကယ် ကောင်းမကောင်းဆိုတာကိုတော့ သေချာအောင် ကြည့်ကြတာပေါ့။ 

ကောင်းကျိုးတွေ

၁။ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေရစေနိုင်တယ်။

   ကဲ ပိုးသတ်ဆေးဖျန်းတယ်ဆိုရင် ခြင်ဆေးတောင် လူကိုမွှန်တာပဲ။ ပတ်ဝန်းကျင်ကို ထိခိုက်မယ်ဆိုရင်တော့ ကောင်းဦးမလားဆိုတော့ IPM မှာ ဆေးသုံးရတာကိုနည်းစေတာမို့ တစ်ခေါက်ဆို တစ်ခေါက် သိသာပါတယ်။ ပတ်ဝန်းကျင်ကို သက်သာစေတာပေါ့။ တစ်ချို့ဆေးတွေဆို ဓာတ်ကြွင်းတွေပါ ကျန်တတ်တာဆိုတော့ ….. IPM ကောင်း မကောင်း…. ??

၂။ ဖျက်ပိုးတွေက ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်တိုးတက်လာတာကိုလည်း နှေးစေတယ်။ 

   ပိုးသတ်ဆေးတွေကို သုံးတာကြာလာရင် ပိုးသတ်ဆေးခံနိုင်အားတွေကို တိုးလာစေပါတယ်။ ဓါတုဆေးတွေကို ထပ်ခါထပ်ခါသုံးလာတဲ့အခါ ဖျက်ပိုးတွေက ပိုးသတ်ဆေးယဉ်ပါးလာပြီး မျိုးဗီဇတွေပြောင်းလဲကာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ အဲ့လိုဖြစ်လာရင် ဓါတုဆေးနဲ့မနိုင်တဲ့ ပိုးအကြီးစားတွေ ဖြစ်လာမှာဖြစ်ပါတယ်။ IPM ကိုသုံးရင်တော့ ဒီပြသာနာကိုလျော့ချနိုင်မှာပါ။

၃။ ဂေဟစနစ်ကို ညီမျှအောင် ထိန်းသိမ်းပေးတယ်။ 

   ဓါတုပိုးသတ်ဆေးတွေကိုသုံးလိုက်ရင် ဖျက်ပိုးအရေအတွက်တွေ နည်းသွားမယ်။ ဒါပေမယ့် ကိုယ်မရည်ရွယ်တဲ့ ကိုယ်မထိခိုက်စေချင်တဲ့ သက်ရှိတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ IPM ကတော့ ဂေဟစနစ်ကို ထိန်းသိမ်းဖို့အတွက် ဖျက်ပိုးတွေကိုပဲ ရှင်းထုတ်ပစ်တာပါ။

၄။ ကုန်ကျစရိတ်နည်းတယ်။

   IPM ကိုသုံးရင် ပိုးသတ်ဆေး ခဏခဏသုံးနေရတာ အချိန်မှန်မှန်ဖျန်းနေရတာကို သက်သာစေပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်လည်း နည်းသွားတာပေါ့။

ကောင်းတာတွေအပြင် မကောင်းတာတွေလည်း ရှိတယ်။ ဒါဆိုဆက်ကြည့်လိုက်ပါဦး။

မကောင်းတာတွေက

၁။ ကျွမ်းကျင်မှုတွေလိုအပ်တယ်။

   IPM ကိုသုံးမယ်ဆိုရင် တောင်သူလယ်သမားတစ်ယောက်ချင်းစီက IPM အကြောင်း ကောင်းကောင်းနားလည်ပြီးတော့ ကိုယ့်ဒေသမှာရနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲက အကောင်းဆုံးနည်းလမ်းကို ရွေးချယ်တတ်ရပါမယ်။ 

၂။ အချိန်နဲ့ အားထုတ်ရမှုလိုတယ်။

    IPM ကိုသုံးမယ်ဆိုရင် ဖျက်ပိုးအမျိုးအစားအလိုက် သုံးရမယ့်နည်းလမ်းတွေ မတူတာကြောင့် တကယ်ထိရောက်တဲ့နည်းလမ်းကို သိဖို့ဆိုရင် အချိန်ယူပြီး လေ့လာစောင့်ကြည့်ရပါတယ်။ အဲဒါကတော့ မကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လို့တော့ သုတေသနလုပ်ငန်းတွေကနေ အကောင်းဆုံးနည်းလမ်းတွေကို မျှဝေပေးနေပါတယ်။ 

   သုံးသင့် မသုံးသင့်တာနဲ့ ကိုယ်ဘာတွေလိုအပ်လဲဆိုတာကို တွေးသာကြည့်ကြပါတော့ဗျာ….

ထွန်းဝင်းကျော်

https://greentumble.com/advantages-and-disadvantages-of-integrated-pest-management/

https://www.publichealthnotes.com/integrated-pest-management-ipm-principles-advantages-and-limitations/

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်