ငှက်ပျောသီးစားခြင်း၏ ကောင်းကျိုးဆိုးကျိုး

15/11/2019 17:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကျတော်တို့တွေဟာ ငှက်ပျောသီးစားဖြစ်ကြပေမယ့် ကောင်းကျိုးတွေကို သိတဲ့မိတ်ဆွေတွေရှိသလို မသိသေးတဲ့မိတ်ဆွေတွေလည်း ရှိပါတယ်။ အခုဟာကတော့ မသိသေးတဲ့မိတ်ဆွေတွေအတွက် ငှက်ပျောသီးစားခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်ဗျ။ ငှက်ပျောပင်ကို အိမ်မှာလဲ အလွယ်တကူစိုက်လို့ရနေတာကြောင့် အောက်မှာဖော်ပြမယ့် ကောင်းကျိုးတွေကို ဖတ်ပြီးရင်တော့ ငှက်ပျောပင်သာပြေးဝယ်ပြီး အိမ်မှာစိုက်ထားလိုက်ပါတော့။

ငှက်ပျောသီးစားခြင်းကြောင့် ရရှိလာမဲ့ အကျိုးကျေးဇူးတွေကတော့ ...

၁။ ငှက်ပျောသီးမှာ အဓိကအားဖြင့် ဗီတာမင် (C, A, B6, B12)၊ သံဓာတ်၊ ပိုတက်စီယမ် နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ 

၂။ ငှက်ပျောသီးရဲ့ သံဓာတ်မြင့်မားခြင်းကြောင့် သွေးထဲမှာ သွေးနီဥဆဲလ်ကိုများစေပြီး သွေးအားနည်းရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်ဗျ။

၃။ ငှက်ပျောသီးမှာ အငန်ဓာတ်ပါဝင်မှုနည်းလို့ သွေးတိုးရှိတဲ့ မိတ်ဆွေတွေအတွက်လည်း စားသုံးသင့်ပါတယ်။

၄။ အစာစား​ပြီးတိုင်း ငှက်ပျောသီးစားပေးမယ်ဆိုရင် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။

၅။ အရက်နာကျနေပါသလား? ငှက်ပျောသီးကို ပျားရည်နဲ့ရောပြီး စားလိုက်ပါ။ အများကြီးသက်သာသွားပါလိမ့်မယ်။

၆။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝလို့ ပုံမှန်စားပေးမယ်ဆိုရင် ဖျတ်လက်တက်ကြွစေပါတယ်

၇။ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေဖြစ်နေပါသလား? ငှက်ပျောသီးစားလိုက်ပါ။ ငှက်ပျောသီးမှာ စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မှုန်းတွေ ပါဝင်ပါသတဲ့ဗျ။

၈။ အစာအိမ်အတွင်းရှိ အချဥ်ဓာတ်ကို ဓာတ်ပြယ်စေလို့ အစာအိမ်အတွင်းနာ (ulcers) ရှိသူများလည်း စားသုံးသင့်ပါတယ်။

၉။ ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း ငှက်ပျောသီးစားပေးခြင်းဖြင့် အိပ်ယာထချိန်တွင်ဖြစ်တတ်သော ပျို့အန်ချင်စိတ်ကို ပျောက်စေပါတယ်။

၁၀။ အရိုးအဆစ်ကို သန်မာစေတယ်။ ကျောက်ကပ်ကင်ဆာကိုလဲ ကာကွယ်ပေးပါတယ်။

၁၁။ ငှက်ပျောသီးစားခြင်းက ရင်ပူရင်ဆာဖြစ်ခြင်းကို သက်သာစေတယ်။

၁၂။ ပိုတက်စီယမ်ဓာတ်ကြွယ်ဝလို့ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။

၁၃။ ငှက်ပျောသီးမှည့်တစ်လုံးကို ချေပြီး မျက်နှာပေါ်လိမ်းပေးမယ်ဆိုရင်လည်း အရည်ပြားခြောက်သွေ့မှုကို သက်သာစေပါသတဲ့။

သို့သော်လည်းပဲ ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးက ဒွန်တွဲနေတာပါ။ ဒါကြောင့် ဆိုးကျိုးအနည်းငယ်လည်း ရှိပါတယ်။

၁။ ငှက်ပျောသီးကို အလွန်အကျွံစားသုံးပါက ရင်ပြည့်စေပါတယ်။

၂။ အစိမ်းကိုစားရင် အစာမကြေပဲ ဝမ်းမာစေပါတယ်။

၃။ အချိုဓာတ်ပါဝင်မှုများတာမို့ သွားတွေကို ပျက်ဆီးစေပါတယ်။

၄။ ဆီးချိုရှိသူများ မစားသုံးသင့်ပါဘူး။

ကောင်းကျိုး ဆိုးကျိုးတွေသိရပြီဆိုရင်တော့ ချင့်ချိန်စားသုံးကြရင်း မိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေဗျာ။

ထွန်းရာဇာ

Sources:https://www.livescience.com/45005-banana-nutrition-facts.html

Medicinal plants and its uses app


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်