ဒူးရင်းသီးရဲ့ ကျန်းမာရေး ကောင်းကျိုး၊ ဆိုးကျိုးများ

16/05/2022 11:00 AM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

ဒူးရင်းသီးဟာ King of fruits တဲ့..။ သစ်သီးတွေထဲမှာတော့ ဘုရင်ကြီးပေါ့လေ..။

ဒါပေမဲ့ ဒူးရင်းသီးလို့ဆိုလိုက်ရင် သူက မွှေးသလား? နံသလား? ဆိုတာကို အရင်ရှင်းရပြန်ကော..။

ဒူးရင်းသီးနံ့အမှန်တရားက ဘာလဲပေါ့..။

ဒူးရင်းသီးကြိုက်သူတွေအတွက်တော့..ဒူးရင်းသီးအနံ့သည်.......အီစိမ့်နေအောင် မွှေးသည်။

‘ အနံ့ရရုံဖြင့် မစားရမနေနိုင်ဖြစ်သွားလောက်သည်အထိ မွှေးပျံ့သည်’ ပေါ့..။

မကြိုက်တဲ့သူတွေအတွက်တော့..ဒူးရင်းသီးအနံ့သည်..

ပျို့အန်ချင်စရာကောင်းသည်။

‘ အနံ့ရရုံဖြင့် ခေါင်းကိုက်လောက်စေတဲ့အထိ ဆိုးရွားလွန်းသည်' ပေါ့လေ။

ဒီတော့ ဒူးရင်းသီးအမှန်တရားဟာ သူ့ဘက်ကကြည့် သူမှန်၊ ကိုယ့်ဘက်ကကြည့် ကိုယ်မှန်ဆိုပြီး နှစ်ဘက်ရှိနေတဲ့အတွက် ကြိုက်သူနဲ့ မကြိုက်သူကြား ငြင်းခုန်နေမယ့်အစား ကိုယ့်အတွက်တော့အမှန်တရား၊ သူ့အတွက်လည်း အမှန်တရားပဲဆိုပြီး နားလည်ပေးလိုက်ကြရအောင်ဗျာ။

ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ ဒူးရင်းသီးမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။

ဒီတော့ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဒူးရင်းပင်တွေရှိတဲ့ဘက်မှာ နေမယ်ဆိုတဲ့သူတွေအတွက် ဒူးရင်းသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းပြီး ဘာတွေဆိုးစေလဲဆိုတာ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

ဒူးရင်းသီးရဲ့ကောင်းကျိုးများ

 

(၁) ကျန်းမာရေးနှင့်ညီသည့် အဆီဓာတ်များ ပါဝင်ခြင်း

ဒူးရင်းသီးမှာ မပြည့်ဝဆီတွေကြွယ်ဝပြီး အဲ့ဒီအဆီတွေက ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ လေဖြတ်တာ ဖြစ်စေမှုတွေကို လျှော့ချပေးနိုင်ပါတယ်တဲ့..။

 

(၂) စိတ်ပင်ပန်းမှုသက်သာစေခြင်းနှင့် နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း

ဒူးရင်းသီးမှာ tryptophan ဆိုတဲ့ အမိုင်နိုင်အက်ဆစ်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီအက်ဆစ်က စိတ်ပင်ပန်းမှုကို ပြေလျော့သက်သာစေပြီး အာရုံဝင်စားမှုမြင့်စေသလို သင့်ရဲ့ အိပ်စက်မှုကိုလည်း ထိန်းချုပ်ပေးလို့ ပုံမှန်ထက်စောပြီး အိပ်မောကျစေပါတယ်။ ( tryptophan ဟာ လူတွေအတွက် မရှိမဖြစ် အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က အလိုအလျောက် ထုတ်မပေးနိုင်ဘဲ အစားအသောက်တွေကနေတဆင့်ဖြည့်ဆည်းပေးရတာဖြစ်ပါတယ်)

 

(၃) ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ခြင်း

ဒူးရင်းသီးမှာ ဗီတာမင်စီ ပါဝင်လို့ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ဖရီးရယ်ဒီကယ်များကို ဆန့်ကျင် ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးလို့ ရောဂါပိုးတွေနဲ့ ဗိုင်းရပ်စ်တွေရဲ့တိုက်ခိုက်ခြင်းကို တွန်းလှန်ပေးနိုင်ပါတယ်။

 

(၄) သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ခြင်း

ဒူးရင်းသီးမှာ ပိုတက်စီယမ်ကြွယ်ဝစွာပါဝင်နေတာက သွေးပေါင်ချိန်အတက်အကျဖြစ်စေတဲ့ ဆားဓာတ်နဲ့ အရည်ဓာတ်တွေကို ထိန်းညှိမှုကို အကူအညီဖြစ်စေနိုင်ပါတယ်။

 

(၅) အစာခြေနိုင်စွမ်း မြင့်စေခြင်း

ဒူးရင်းသီးမှာ အမျှင်ဓာတ်တွေပါလို့ အစာခြေမှုကို အကူအညီပေးနိုင်ပါတယ်။ ဗီတာမင် B1 နဲ့ B3 တို့ ပါနေတာကလည်း အာဟာရတွေစုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ သူ့ကို စားနေရင်းနဲ့ အရေးပါတဲ့ အာဟာရ ဓာတ်တွေ ရနေမှာပါ။

ကောင်းကျိုးတွေပြောပြီးပြီဆိုတော့ ဒီတစ်ခါတော့ သူ့ရဲ့ဆိုးကျိုးတွေကကော ဘာတွေဖြစ်မလဲ။ ဆက်ကြည့် လိုက်ရအောင်..။

ဒူးရင်းသီးရဲ့ဆိုးကျိုးများ

(၁) ကယ်လိုရီပါဝင်မှုမြင့်မားခြင်း

ဒူးရင်းသီး ၆၀၂ ဂရမ် (၃၆ ကျပ်သားခန့်) မှာ ၈၈၅ ကယ်လိုရီပါဝင်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်နေ့တာစားသုံးသင့်တဲ့ ပျမ်းမျှကယ်လိုရီပမာဏရဲ့ ၄၄ ရာခိုင်နှုန်းထိ စားသုံးပြီး ဖြစ်သွားစေပါတယ်။

(၂) သကြားဓာတ်ပါဝင်မှုမြင့်မားခြင်း

ဆီးချို၊ သွေးချို ဝေဒနာရှင်တွေအနေနဲ့ ဒူးရင်းသီးကို တစ်ထိုင်တည်းနဲ့အများကြီးစားမိရင် သွေးတွင်းသကြားဓာတ်မြင့်တက်မှု ကြုံရနိုင်ပါတယ်။

(၃) အပူစာအသီး

တရုတ်ဆေးပညာအလိုအရ ဒူးရင်းသီးကို အပူစာအသီးအုပ်စုထဲမှာ ထည့်ထားပြီး အများကြီးစားရင် လည်ချောင်းနာတာ၊ ခံတွင်းနာတွေဖြစ်တာ၊ ဝမ်းချုပ်တာနဲ့ သလိပ်ထတာတွေဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။

ဆိုတော့ ဒူးရင်းသီးမှာက ကောင်းကျိုးတွေကော၊ ဆိုးကျိုးတွေကော အများကြီးရှိနေပါတယ်။ ဒါပေမဲ့ မနေ နိုင်ဘူး၊ စားကိုစားမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေသက်သာစေဖို့ စားပြီးရင် ရေများများသောက်ပေးဖို့ လိုပါတယ်တဲ့ဗျာ..။

Ref; https://www.foodline.sg/Discover/how-good-or-bad-are-durians-for-you/

ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်တဲ့အစားအသောက်တွေအကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်