ကုလားပဲနှင့် ကျန်းမာရေး

04/04/2022 17:00 PM တွင် Zaw Htet Aung Zaw Htet Aung မှ ရေးသား

ကုလားပဲမှာ အာဟာရဓာတ်ကြွယ်ဝစွာပါရှိပြီး အထူးသဖြင့် အသားဓာတ်နှင့် ကစီဓာတ်တို့ အဓိကပါဝင်ကြပါတယ်။ ကုလားပဲကို စျေးနှုန်းချိုသာစွာ အလွယ်တကူ ဝယ်ယူရရှိနိုင်သလို အမဲသားနဲ့ ကုလားပဲမှာ တူညီတဲ့အာဟာရဓာတ် ပါရှိတာကြောင့် ကုလားပဲကို  ဆင်းရဲသား အမဲ(Poor Man’s Beef) လို့တောင် တင်စားခေါ်ရတယ်လို့ ဆိုပါတယ်။ သက်သတ်လွတ် အမြဲစားသူတွေအနေနဲ့ ကုလားပဲကို မဖြစ်မနေ စားပေးသင့်ပါတယ်။

ကုလားပဲမှာ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အသားဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ လူသားတို့အသက်ရှင်ရေးအတွက် ဒုတိယမြောက် အရေးကြီးဆုံးဓာတ်မှာ အသားဓာတ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်တောင့်တင်းရေး၊ အသားတည်ဆောက်မှု အားပေးရေး၊ သွေးသားဆူဖြိုးတိုးတက်စေရေး၊ ဦးနှောက်၊ နှလုံးအသားမျှင်များ၊ ကျောက်ကပ်နှင့် အကြောများမပျက်စီးစေရန်နဲ့ ရောဂါအလွယ်တကူ မဝင်ရောက်စေရန် ကာကွယ်ရေးလုပ်ငန်းများကို အသားဓာတ်က တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

ဒါ့အပြင် ကုလားပဲမှာ ကစီဓာတ်(ခေါ်)ကာဗိုဟိုက်ဒြိတ်လည်း  ပါဝင်ပြီး ထိုဓာတ်ကို ကော်ဓာတ်လို့လည်း ခေါ်ကြပါတယ်။ ကစီဓာတ်က ခန္ဓာကိုယ်ကြီးထွားရေးအတွက် မဖြစ်မနေ လိုအပ်သကဲ့သို့ သွားလာလှုပ်ရှားမှုနှင့် အသက်ရှင်နေထိုင်မှုတို့အတွက် အင်အားအများဆုံးပေးတဲ့ ဓာတ်လည်း ဖြစ်ပါတယ်။  ထိုမျှသာမက ကုလားပဲက ပင်ပန်းနွမ်းနယ်မှုကိုပြေပျောက်စေ၍ ခန္ဓာကိုယ်ကြီးထွားမှု၊ သွေးသားညီညွှတ်မှုတို့ကိုလည်း ကစီဓာတ်က စွမ်းဆောင်ပေးပါတယ်။

မြန်မာ့ဆေးကျမ်းတွင် ကုလားပဲသည် အေး၏။ အဆီသြဇာမရှိ။ သွေး၊ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ ကြေလွယ်၏။ စဥ်းငယ်ဖန်၏။ ဝမ်းချုပ်၏။ လေကိုပျက်စေ၏။ အဖျားကိုနိုင်၏။ လို့ဆိုထားပါတယ်။ ကုလားပဲကို လှော်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ ဤအကျိုးကိုရ၏။ အစိမ်းအတိုင်းလှော်သော ကုလားပဲသည် အားကိုပြုတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အခြောက်ကိုလှော်အပ်သော ကုလားပဲသည် အဆီသြဇာမရှိ။ လေနူနာတို့ကို ပွားစေတတ်၏။ ပြုတ်၊ပေါင်းအပ်သော ကုလားပဲသည် သလိပ်သည်းခြေကို နိုင်၏။ ကုလားပဲဟင်းသည် စိတ်နှလုံးတုန်လှုပ်ခြင်းကို ပြုတတ်၏ လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကုလားပဲစိမ်းသည် နူးညံ့၏။ နှုတ်ကိုမြိန်စေတတ်၏။ သည်းခြေ၊ သုက်တို့ကို နည်းစေတတ်၏။ အေး၏။ ဖန်၏။ လေကိုပျက်စေတတ်၏။ ဝမ်းချုပ်၏။ သလိပ်သည်းခြေကို နိုင်၏။ ကြေလွယ်၏ စသဖြင့်လည်း ဆိုထားပါတယ်။

ယခုလို ကုန်စျေးနှုန်းကြီးမြင့်နေတဲ့ကာလမှာ ကြက်ဥနည်းတူ အာဟာရပြည့်ဝစေတဲ့ ကုလားပဲကို စျေးချိုချိုနဲ့ အလွယ်တကူဝယ်ယူပြီး အစားထိုးစားနိုင်ပါတယ်။

      ကုလားပဲကို ပဲထမင်းချက်စားလို့ရသလို အသားဖြင့် ရောပြီးလည်း ဆိတ်ပဲ၊ ကြက်ပဲ ဟင်းချက်စားကြပြီး သက်သတ်လွတ်စားသူများအနေဖြင့်လည်း အသားဓာတ်ပြည့်ဝသော ကုလားပဲကို ကုလားပဲဆီပြန်ဟင်း၊ ကုလားပဲ အာလူးဆီပြန်နှပ်၊ ကုလားပဲဟင်းချို၊ ကုလားပဲခြမ်းကြော်၊ ဘယာကြော်၊ သီးစုံပဲကုလားဟင်း စသဖြင့် ပြုလုပ်စားလို့ ရပါတယ်။

သတိပြုရန်အနေဖြင့် အဆစ်အမြစ်ကိုက်၍ ဂေါက်(gout)ရောဂါရှိသူများ၊ အစာမကြေရောဂါနှင့် ကိုယ်ဖောကိုယ်ရောင် ရောဂါရှိသူများအနေဖြင့် အလွန်အကျွံ မစားသင့်ဘဲ သင့်တင့်မျှတရုံမျှသာ စားပေးသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်